Monday, October 5, 2015

စကားများရန်ဖြစ်ခဲ့ဘူးရာမှ စားသောက်ဆိုင်တွင် ဓားထိုးမှုဖြစ်

Leave a Comment



ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ န၀ဒေးရပ်ကွက်၊ န၀ဒေးလမ်းရှိ Sweet House ဘီယာဆိုင်တွင် အောက်တိုဘာ (၄)ရက်နေ့ ည (၁၁း၀၀) နာရီအချိန်ခန့်တွင် ဓားထိုးမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့၊ န၀ဒေးရပ်ကွက်၊ န၀ဒေးလမ်းရှိ Sweet House ဘီယာဆိုင်တွင် ဘီယာထိုင်သောက်နေသော ကိုစိုးလင်းထွန်း (၃၈)နှစ်၊ (ဘ) ဦးစိုးလှ၊
ဘုန်းကြီးလမ်း၊ ဆံတော်ရပ်ကွက်၊ ပြည်မြို့၊ နေသူနှင့် ကိုအောင်မင်းစိုး (၃၉)နှစ်
(ဘ) ဦးစိုးလှ၊ ဂန္ဓမာစက်မှုကွက်သစ်ရပ်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူတို့ (၂) ဦးအား အောက်တိုဘာ (၃)ရက်နေ့က လှိုင်းဧရာစားသောက်ဆိုင်တွင် စိုးလင်းထွန်း
နှင့်ဇနီးမလှလှဝင်းတို့နှင့် စကားများရန်ဖြစ်ဖူးခဲ့သော ၀က်ကလေး (ဘ) ဦးစိုးမြင့်၊
န၀င်းရပ်ကွက်၊ ပြည်မြို့၊ ကျော်သူရ၊ သူကောင်းတွင်းရပ်၊ ရွာဘဲရပ်ကွက်၊ ပြည်မြို့နေသူနှင့် အငယ်လေး တို့မှ ဓားဖြင့် ခုတ်ထိုးကြသည်ဟု ရဲမှတ်တမ်းအရသိရသည်။

ထိုသို့ဓားဖြင့်ခုတ်ထိုးကြသဖြင့် ကိုစိုးလင်းထွန်းတွင် ဦးခေါင်းယာဘက်ချိုစောင်း ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဦးခေါင်း နောက်စေ့ပြတ်ရှဒဏ်ရာ (၁)ချက်၊ ၀ဲဘက်လက်
ကောက်ဝတ်၊ ၀ဲလက်ခုံ၊ ယာဘက်လက်ကောက်ဝတ်၊ ယာဘက် လက်ခုံ၊ ယာလက်ခလယ်ပြတ်ရှဒဏ်ရာ ရရှိခဲ့ပြီး ကိုအောင်မင်းစိုးတွင် ဦးခေါင်းဝဲဘက်ချိုစောင်းပြတ်ရှ
ဒဏ်ရာ (၂)ချက်၊ ယာလက်ဖျံ၊ ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာ၊ ယာပါးပြင်ပြတ်
ရှဒဏ်ရာ (၂)ချက်၊ ၀ဲ/ယာ ဒူးပြတ်ရှ ဒဏ်ရာ၊ ယာခြေခုံ၊ ယာခြေသလုံး၊ ၀ဲလက်မောင်းပြတ်ရှဒဏ်ရာ၊ ၀ဲနံဘေးထိုးသွင်းဒဏ်ရာများအသီးသီးရရှိခဲ့ ကြသည်။

ထို့ကြောင့်ခင်ပွန်းဖြစ်သူနှင့် ခဲအိုဖြစ်သူအား ဓားဖြင့်ခုတ်ထိုးသူ ၀က်ကလေး၊ ကျော်သူရနှင့် အငယ်လေးတို့အား အရေးယူပေးပါရန် မလှလှဝင်း၊ ဘုန်းကြီး
လမ်း၊ ဆံတော်ရပ်ကွက်၊ ပြည်မြို့၊နေသူမှ တရားလိုပြုလုပ်တိုင်တန်းချက်အရ
ပြည်မြို့မရဲစခန်း (ပ) ၈၂၃ / ၂၀၁၅ ၊ ပြစ်မှုပုဒ်မ - ၃၂၆ဖြင့် အမှုရေးဖွင့်ကာ အမှုအား ဒုရဲအုပ်လှိုင်မိုးဝေမှ လက်ခံစစ်ဆေးလျှက်ရှိကြောင်း သတင်းရရှိ
သည်။

ပြည့်​သဲ​မောင်​ (ပြည်​)

ပြည်​သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page