ပြည်မြို့နယ်အတွင်း မဲစာရင်းကပ်ထားသည့် အုပ်ချုပ်ရေးမှူးရုံးတွင် မဲစာရင်းတွင် အမည်ပါမပါ စစ်ဆေးနေသည်အား မြင်ရစဉ် (ဓါတ်ပုံ- သီဟလွင်(ပြည်)) |
ပြည် အောက်တိုဘာ ၁၂
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် အတွင်း လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ လူတစ်ယောက် မဲပေးဖို့အချိန် တစ်မိနစ်မျှသာရှိသောကြောင့် လူဦးရေနှင့် မဲရုံမမျှတတာတွေရှိနေ ပြီး လူတိုင်းမဲပေးနိုင်ဖို့ ဆိုတာကိုပြည်သူတွေသံသယရှိနေကြောင်း သိရသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက် နေ့မှာ၊ ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးရုံးတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး ဆွေးနွေးပွဲတခုမှာ တက်ရောက်လာကြတဲ့၊ နိုင်ငံရေးပါတီတစ်ခုက ယင်းကိစ္စကိုတင်ပြဆွေးနွေးခဲ့ကြကြောင်းသိရသည်။
“လူတစ်ယောက်မဲပေးဖို့ ကိုအကြမ်းအားဖြင့်တစ်မိနစ်ခန့်လိုအပ်ပါတယ်။ အခုဒီမှာ လူထောင်ကျော်ရှိနေတဲ့ မဲရုံတွေအတွက်က သူတို့သတ်မှတ်ထားတဲ့ မဲပေးချိန်က(၁၀)နာရီပဲရှိတာကြောင့် အစဉ်မပြေနိုင်ပါဘူး။ အဲဒိတော့မဲရုံထပ်တိုးချဲ့ပေးဖို့ အစီစဉ်ရှိမရှိတင်ပြခဲ့ပါတယ်။ သူတို့က ခုထိအကြောင်းမထူးသေးဘူး ဆိုတာပဲ ပြန်ပြောခဲ့တယ်။”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ခရိုင်အတွင်းရေးမှူး ဦးမြင့်သန်းထွန်းက ပြောသည်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ၊ဗဟိုရွေးကောက်ပွဲကော်မရှင်းအဖွဲ့ဝင်လာတုန်းကတော့ တင်ပြထားတယ်။ အခုထိတော့အကြောင်းမထူးသေးဘူးလို့၊မြို့နယ်ကော်မရှင်ဥက္ကဋ္ဌဦးအောင်မြင့်က အခုလိုရှင်းပြပါတယ်။
“ အဲဒိအတွက်က အဆောက်အဦးအခက်အခဲရှိတယ်။ တချို့တွေဆို အဆောက်အဦးအခက်အခဲရှိလို့ ကိုယ်တိုင်ဆောက်ရမဲ့ မဲရုံအနေအထားရှိပါတယ်။ မဲရုံတိုးလို့မရရင်လဲ အဆိုင်းခွဲလို့ရမလား။ ဒိကိစ္စတွေကို ကျွန်တော်တို့လဲ ခရိုင်နဲ့တိုင်ပင်ပြီး ဆက်လက်ဆောင်ရွက်သွားဖို့ တိုင်ပင်ပါအုံးမယ်။” ဟု ပြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးအောင်မြင့်က ပြောသည်။
ယင်းကိစ္စများနှင့်ပတ်သက်ပြီး “၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ မဲပေးနိုင်သူ အားလုံးရဲ့ ၆၅ ရာခိုင်းနှုန်းပဲ မဲလာပေးတာကို တွေ့ရတယ်။ သို့ပေမဲ့ အဲဒိတုန်းက ကြိုတင်မဲတွေများလို့ပြောလို့ရပေမဲ့ အခုအခါမှာတော့ လူတိုင်းမဲပေးနိုင်ဖို့စီစဉ်ထားပါတယ်။ နောက်ဆုံးသတ်မှတ်ချိန် ညနေ ၄ နာရီမှာ မဲရုံအ၀န်းအ၀ိုင်းထဲမှာ ရောက်နေသူအားလုံးကိုမဲပေးနိုင်ဖို့ကိုလဲစီစဉ်ထားပါတယ်။”ဟု ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကျော်ညွှန့်က ဆိုသည်။
လက်တွေ့ မဲပေးပုံကို ကျေးရွာနှင့်မြို့တွေမှာ လက်တွေ့သရုပ်ပြ မဲပေးပုံတွေကို စနစ်တကျ ရှင်းလင်းသရုပ်ပြဆွေးနွေးပေးလျှက်ရှိသည့် မိုးမေတ္တာ နာရေးကူညီမှုအသင်း(ပြည်) အတွင်းရေးမှူး ဦးညီညီအောင်က “ မဲ မမှန်တာတွေ၊ မဲရုံမှာပေးထားတဲ့အချိန်မလောက်တာတွေ၊ နာမည်မပါတာတွေကို အချိန်မှီ ပြင်မပေးနိုင်ဘူးဆို ရင်တရား မျှတတဲ့ရွေးကောက်ပွဲတခုဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူး။”ဟု ၄င်းကသုံးသပ်ပြောဆိုလိုက်သည်။
ပြည်ခရိုင်မှာ၊မဲပေးနိုင်သူ(၆၅၀၀၂၈)ယောက်ရှိပြီး၊ မဲရုံပေါင်း ၉၄၃ ရုံ၊ အဆိုပါမဲရုံများအတွက် အထူးရဲ ၉၄၃ ယောက် စီစဉ်ထားကြောင်းသိရပြီး မဲရုံတစ်ရုံကို ပျှမ်းမျှ လူ ၆၉၈ ယောက်ခန့် မဲပေးရမှာဖြစ်ပြီး၊ အခု စီစဉ်ထားမှုအရ အချို့နယ်တွေမှာဆို မဲရုံတရုံကို လူ(၁၀၀၀)ကျော်လောက်အထိ မဲပေးရမဲ့အခြေအနေ မှာရှိနေတာကြောင့် အချို့နယ်ဖက်တွေက လူတိုင်းစေ့မဲ မပေးရမှာကို ဒေသခံပြည်သူတွေနှင့် အသင်းအဖွဲ့တွေက စိုးရိမ်နေကြကြောင်းသိရသည်။
K3(pyay
ပြည်သတင်း
www.facebook.com/pyaynews
0 comments:
Post a Comment