Tuesday, October 13, 2015

လူတစ်ဦးလျှင် ဆန္ဒမဲပေးရန် တစ်မိနစ်မျှသာရရှိနေသောကြောင့်လူတိုင်းစေ့ မဲပေးနိုင်ရန်အခက်ခဲရှိနေ

Leave a Comment



ပြည် အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် အတွင်း လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ လူတစ်ယောက် မဲပေးဖို့အချိန် တစ်မိနစ်မျှသာရှိသောကြောင့် လူဦးရေ နှင့် မဲရုံမမျှတတာတွေရှိနေ ပြီး လူတိုင်းမဲပေးနိုင်ဖို့ ဆိုတာကိုပြည်သူတွေသံသယရှိနေကြောင်းသိရသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက် နေမှာ ၊ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုး ရုံးတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေး ဆွေးနွေးပွဲတခုမှာ တက်ရောက်လာကြတဲ့၊နိုင်ငံရေးပါတီတစ်ခုက။ယင်းကိစ္စကိုတင်ပြဆွေးနွေးခဲ့ကြကြောင်းသိရသည်။



“ လူတစ်ယောက်မဲပေးဖို့ ကိုအကြမ်းအားဖြင့်တစ်မိနစ်ခန့်လိုအပ်ပါတယ်။ အခုဒီမှာ လူထောင်ကျော်ရှိနေတဲ့ မဲရုံတွေအတွက်က သူတို့သတ်မှတ်ထားတဲ့ မဲပေးချိန်က(၁၀)နာရီပဲရှိတာကြောင့် အစဉ်မပြေနိုင်ပါဘူး။အဲဒိတော့မဲရုံထပ်တိုးချဲ့ပေးဖို့ အစီစဉ်ရှိမရှိတင်ပြခဲ့ပါတယ်။ သူတို့က ခုထိအကြောင်းမထူးသေးဘူးဆိုတာပဲပြန်ပြောခဲ့တယ်။” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ခရိုင်အတွင်းရေးမှူး ဦးမြင့်သန်းထွန်း ကပြောသည်။

    အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ၊ဗဟိုရွေးကောက်ပွဲကော်မရှင်းအဖွဲ့ဝင်လာတုန်းကတော့ တင်ပြထားတယ်။ အခုထိတော့အကြောင်းမထူးသေးဘူးလို့၊မြို့နယ်ကော်မရှင်ဥက္ကဋ္ဌက အခုလိုရှင်းပြပါတယ်။



“ အဲဒိအတွက်က  အဆောက်အဦးအခက်အခဲရှိတယ်။ တချို့တွေဆို အဆောက်အဦးအခက်အခဲရှိလို့ကိုယ်တိုင်ဆောက်ရမဲ့ မဲရုံအနေအထားရှိပါတယ်။ မဲရုံတိုးလို့မရရင်လဲ အဆိုင်းခွဲလို့ရမလား။ ဒိကိစ္စတွေကိုကျွန်တော်တို့လဲ ခရိုင်နဲ့တိုင်ပင်ပြီးဆက်လက်ဆောင်ရွက်သွားဖို့ တိုင်ပင်ပါအုံးမယ်။” ဟု ပြည်မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေး ကပြောသည်။

       

  

ယင်းကိစ္စများနှင့်ပတ်သက်ပြီး “၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ မဲပေးနိုင်သူ အားလုံးရဲ့(၆၅%)ပဲမဲလာပေးတာကိုတွေ့ရတယ်။ သို့ပေမဲ့အဲဒိတုန်းက ကြိုတင်မဲတွေများလို့ပြောလို့ရပေမဲ့ အခုအခါမှာတော့ လူတိုင်းမဲပေးနိုင်ဖို့စီစဉ်ထားပါတယ်။ နောက်ဆုံးသတ်မှတ်ချိန် ညနေ ၄ နာရီမှာ မဲရုံအ၀န်းအ၀ိုင်းထဲမှာ ရောက်နေသူအားလုံးကိုမဲပေးနိုင်ဖို့ကိုလဲစီစဉ်ထားပါတယ်။”ဟု ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကျော်ညွှန့်ကဆိုသည်။



လက်တွေ့ မဲပေးပုံကို ကျေးရွာနှင့်မြို့တွေမှာ လက်တွေ့သရုပ်ပြ မဲပေးပုံတွေကို စနစ်တကျရှင်းလင်းသရုပ်ပြဆွေးနွေးပေးလျက်ရှိသည့် မိုးမေတ္တာ နာရေးကူညီမှုအသင်း(ပြည်) အတွင်းရေးမှူး ဦးညီညီအောင်က “ မဲ မမှန်တာတွေ၊ မဲရုံမှာပေးထားတဲ့အချိန်မလောက်တာတွေ၊ နာမည်မပါတာတွေကို အချိန်မှီ ပြင်မပေးနိုင်ဘူးဆို ရင်တရား မျှတတဲ့ရွေးကောက်ပွဲတခုဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူး။ ”ဟု ၄င်းကသုံးသပ်ပြောဆိုလိုက်သည်။

ပြည်ခရိုင်မှာ၊မဲပေးနိုင်သူ(၆၅၀၀၂၈)ယောက်ရှိပြီး။မဲရုံပေါင်း ၉၄၃ ရုံ၊အဆိုပါမဲရုံများအတွက် အထူးရဲ ၉၄၃ ယောက် စီစဉ်ထားကြောင်းသိရပြီး မဲရုံတစ်ရုံကို ပျှမ်းမျှ လူ ၆၉၈ ယောက်ခန့် မဲပေးရမှာဖြစ်ပြီး။အခု စီစဉ်ထားမှုအရအချို့နယ်တွေမှာ ဆို မဲရုံတရုံကို လူ(၁၀၀၀)ကျော်လောက်အထိ မဲပေးရမဲ့အခြေအနေ မှာရှိနေတာကြောင့်အချို့ နယ်ဖက်တွေ က လူတိုင်းစေ့မဲ မပေးရမှာကို ဒေသခံပြည်သူတွေနှင့်အသင်းအဖွဲ့တွေက စိုးရိမ်နေကြကြောင်းသိရသည်။

K3(pyay)
ပြည်​သတင်း
www.facebook.com/pyaynews


0 comments:

Post a Comment

Facebook Like Page