Wednesday, September 30, 2015

ကက်သလစ်သီလရှင်ကျောင်း ဖျက်​ဆီးခံရသည့်​ သတင်းနှင့်​ ပတ်​သက်​ပြီး မဟုတ်​မမှန်​ သတင်းများ ပျံနှံ​နေ

Leave a Comment








( အရေးကြီး သတင်း )

ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် ကလေးခြင်းလူသတ်မှုဖြစ်ရာမှ ကက်သလစ်သီလရှင်ကျောင်း အဆောက်အအုံတွင်း ၀င်ရောက်ဖျက်ဆီးခံရသည့် သတင်းနှင့် ပတ်သက်ပြီး ကျွန်တော်တို့ ပြည်သတင်းအဖွဲ့သားများနှင့် ပြည်​မြို့မှ သတင်းမီဒီယာများ အခင်းဖြစ်ပွားရာသို့ သွားရောက်သတင်းယူကာ အတိအကျဖော်ပြ​ရေးသားခဲ့ပြီး ဖြစ်ပါသည်။

အဆိုပါ ဖြစ်စဉ်သည် ဘာသာရေးအဓိကရုဏ်း မဟုတ်ပဲ
အခြေအနေတစ်ခုကြောင့် ဖြစ်သွားခြင်းဖြစ်ကြောင်း သိရှိခဲ့ရပြီး

ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သက်နိုင်မှလည်း

ဒီဖြစ်စဉ်ကတော့ကလေးသူငယ်တစ်ယောက်ရဲ့မိဘနဲ့ကင်းကွာနေတဲ့စိတ်ဖြစ်စဉ်အရဖြစ်ပေါ်လာတာဖြစ်တယ် ဟိုးအရင်ရာဇ၀တ်ပြစ်မှုတွေအရ နောက်ခံဘက်ကရာင်းနဲ့ဖြစ်ပေါ်လာတာမဟုတ်ပါဘူး ဒါမျိုးတွေကဒီဒေသမှာ ဖြစ်တတ်တဲ့ဖြစ်စဉ်မဟုတ်ဘူး ဒီဒေသကလူတွေရဲ့ဒေါသအလျောက်ဖြစ်တာလည်းမဟုတ်ဘူး ဒေသခံကလေးငယ်တစ်ယောက်ဖြစ်သွားတာတဲ့အပေါ်မှာ စိတ်အချဉ်ပေါက်ပြီးဝုန်းကနဲ့ထဖြစ်သွားတာပါ ဒါမှာလည်းထိခိုက်ပျက်စီးအောင်မီးရှိုးဖျက်ဆီးတာမဟုတ်ဘူး အတင်းဝင်ရောက်ပြီးလုပ်သွားတယ် အခုမှာတော့ရွာကအဖွဲ့တွေနဲ့ဆွေးနွေးပြီးတော့ ပြန်ပြီးအေးချမ်းသွားတဲ့အခြေနေကိုရောက်သွားပါပြီ လုံခြုံရေးလည်းစိတ်ချရအောင်ဆောင်ရွက်ထားပြီးပါပြီ” ဟု
ဖြေကြားထားပြီးလည်းဖြစ်ပါသည်။

****************************

ပြည်မြို့ရှိ ကက်သလစ်ဆရာတော်ကြီးနှင့် ရဟန်းတော်များ မေတ္တာရပ်ခံထားပြီးဖြစ်ပါသည်။

ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ညောင်းဝန်းကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ခရစ်ယာန် သီလ ရှင်ကျောင်းဝင်းအတွင်း ကလေးသေဆုံးမှုနှင့် ပတ်သက်၍ လူ့အသိုင်းအဝိုင်းကြား သဟဇတဖြစ်မှုနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှု ပျက်ပြားစေသည့် ရေးသားဖော်ပြမှုများကို လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် မပြုလုပ်ကြရန် ပြည်ကက်သလစ် သာသနာ ဆရာတော်ကြီးနှင့် ရဟန်းတော်များမှ မေတ္တာရပ်ခံခြင်း ဖြစ်ပါသည်။

****************************

အထက်​ပါဖြစ်​စဉ်​အတိုင်း အမှန်​တကယ်​ဖြစ်​ပွားခဲ့​သော်​လည်း

မဟုတ်မမှန်သတင်းများထွက်​​ပေါ်ကာ ဘာသာရေး တိုက်ခိုက်မှုပုံစံမျိုးရေးသားထားသည့်ပုံစံမျိုး​ရေးသားထားသည့်​ သတင်းများသည်
အင်တာနက်စာမျက်နှာတွင် များစွာ ပျံနှံနေပါသည်။

သို့ဖြစ်ပါသဖြင့် သတင်းအမှန်သိရှိစေရန်နှင့် ဘာသာရေးအဓိကရုဏ်း မဖြစ်စေရန် လက်ဆင့်ကမ်းကြဖို့၊ share လုပ်ကြဖို့ မေတ္တာရပ်ခံပါသည်။

****************************
သတင်းအပြည့်အစုံဖတ်ရန် ....
****************************

ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် ကလေးခြင်းလူသတ်မှုဖြစ်ရာမှ ကက်သလစ်သီလရှင်ကျောင်း အဆောက်အအုံတွင်း ၀င်ရောက်ဖျက်ဆီးခံရ
====================================================
ပေါက်ခေါင်း၊ စက်တင်ဘာ ၂၈

ပဲခူတိုင်းအနောက်ပိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာတွင် ကလေးငယ်ချင်းလူသတ်မှုဖြစ်ရာမှ ကက်သလစ်သီလရှင်ကျောင်းအဆောက်အအုံတွင်း ၀င်ရောက်ဖျက်ဆီးခံရသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ်နှင့် ဆယ်ငါးမိုင်ခန့်အကွာရှိ ပြည်-ပေါက်ခေါင်း-တေင်ငူလမ်းဘေး တောင်လယ်အုပ်စု၊ ညောင်ဝန်းကျေးရွာရှိ ကက်သလစ်သီလရှင်ကျောင်းအတွင်းသို့ ညရှစ်နာရီခွဲခန့်က ယင်းကျေးရွာဒေသခံအချို့နှင့် အခြားကျေးရွာများမှ လူအချို့ဝင်ရောက်ခဲ့ပြီး လေးနှစ်အရွယ်မိန်းကလေး အသက်ခံရမှုကိုကျေနပ်ခြင်းမရှိ၍ ကျောင်းအတွင်းရှိ ပရိဘောဂပစ္စည်းများ၊ နှင့်ဘာသာရေးဆိုင်ရာ အသုံးဆောင်များ သီလရှင်များ၏အိမ်ခန်းဆောင်များ ကလေးများထားရှိရာအဆောင်များကို ဖျက်ဆီးသွားခဲ့ကြပြီး ကိုးနာရီကျော်ကျော်တွင်ပြန်လည်ထွက်ခွါသွားခဲ့ကြောင်း မျက်မြင်ကြုံတွေ့လိုက်ရသည့် ဒေသခံများထံကသိရသည်။

“ ညကတော့ကျောင်းကိုလူအချို့ရောက်လာတယ် လုံခြုံရေးယူထားတဲ့ဒေသခံရဲအချို့လည်းရှိ ရောက်လာတဲ့လူတွေက သတ်သွားတဲ့တရားခံဘယ်သူလည်း ဘာလို့သတ်တာလည်းကျွန်တော်တို့ကို ရှင်းပြပါလို့ ပြောတယ် ရဲနဲ့စကားပြောနေကြရင်းထိုင်ခိုင်းတော့ ကျွန်တော်တို့မထိုင်နိုင်ဘူး တရားခံမဟုတ်ဘူး လို့ပြောကြတယ် မနေ့ကမှဖမ်းမိတာဆိုတော့စစ်ချက်ကယူတုန်းလို့ပြောဆိုနေကြတုန်းမှာ တစ်ဖက်ကိုထိန်းနေတုန်းမှာ တဖက်ကရောက်လာတဲ့လူအုပ်ကြီးက၀ုန်းဝုန်းဆိုပြီး ၀င်ဖျက်ဆီးကြတာပဲ ကိုးနာရီကျော်လောက်မှာထွက်သွားကြတယ် ကျွန်တော်တို့ကလည်းကျေးရွာခံဆိုပေမယ့် ၀င်မထိန်းရဲဘူး အုပ်ချုပ်ရေးပိုင်းကလူတွေရယ်၊ ရဲတွေရယ်တောင်ဝင်တားလို့မရဘူး ဘေးရှောင်နေကြရတာလေ အင်အားဘယ်လောက်ဆိုတာမသိဘူး တစ်စုပြီးတစ်စုတော့ရောက်လာကြတယ် သိတာကတော့ညနေပိုင်းကတည်းကသတင်းကရနေပြီး အုပ်ချုပ်ရေးပိုင်းကကြိုစဉ်းစားထားဖို့သင့်တယ် ဖြစ်တဲ့အချိန်မှာ ရဲအင်အားငါးယောက်လောက်ပဲရှိတယ် အုပ်ချုပ်ရေးပိုင်းကနည်းနည်းပေါ့” ဟု ဖျက်ဆီးခံလိုက်ရသည့် ကျောင်းအနီးတွင်နေထိုင်သည့် ကိုမျိုးဦးကပြောသည်။

ယင်းကက်သလစ်သီလရှင်ကျောင်းတွင် အနီးနားကျေးရွာများမှ ဘာသာတူနွမ်းပါးချို့တဲ့ကလေး ဆယ့်သုံးဦးကို ခေါ်ယူစောင့်ရှောက်ကျောင်းထားပေးနေပြီး ယင်းတို့အထဲမှအသက်ခံလိုက်ရသည့်ကလေးငယ်မှာ ------(လေးနှစ်)၊ ဖြစ်ပြီး သတ်ဖြတ်လိုက်သည့် အသက်ဆယ့်လေးနှစ်ရွယ်မောင်--------မှာ မကြာခင်ရက်ပိုင်းအတွင်းကမှ ယင်းကျောင်းသို့ HIV မိသားစုများထဲကကူးစက်ခံရမှုကင်းဝေးစေရန် NGO အဖွဲ့စည်းတစ်ခု၏အကူညီအစီစဉ်ဖြင့် ရောက်ရှိလာသည့်ဗုဒဘာသာဝင်မာင်နှမနှစ်ဦးထဲမှဖြစ်ကာ လေးနှစ်အရွယ်မ-------မှာ လွန်ခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့ကကျောင်းမှပျောက်သွားခဲ့ရာ မိဘဆွေမျိုးများနှင့်သီလရှင်ကျောင်းမှတာဝန်ရှိသူ များက၀ိုင်းဝန်းရှာဖွေသော်လည်း မတွေ့ရှိပဲ စက်တင်ဘာလ ၂၇ ရက်နေ့ညနေ သုံးနာရီခွဲခန့်ကမှ အဆိုပါကျောင်းဝင်းအတွင်းရှိမယ်တော်ရုပ်တုရှိရာတောင်ထိပ် ခြုံနွယ်များအကြားတွင်တွေ့ရှိရာမှ ဒေသခံများနှင့် တင်းမာမှုဖြစ်ပွားကာ ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျောင်း၏တာဝန်ရှိသူများထံကသိရသည်။

“ ကလေးပျောက်သွားတော့ကျွန်တော်တို့တွေကော မိဘတွေ၊ ရဲတွေပါနေရာတော်တော်များများမှာ လိုက်ရှာကြပါတယ် မတွေ့ဘူးမနေ့ကမှအပုပ်နံ့ရလို့မယ်တော်ရုပ်ထားရာတောင်ကုန်းပေါ်ကိုတက်ကြည့်တော့ သေဆုံးနေတဲ့ကလေးကိုတွေ့ရတော့ ရဲတွေကိုခေါ်အကြောင်းကြားပြီး ကလေးအလောင်းရယ် ရွာထဲကသံသယရှိနေတဲ့ ခေါ်ထိန်းသိမ်းထားတဲ့မောင်နှမနှစ်ဦးရယ်ကို ညနေလေးနာရီလောက်မှာ ကျောင်းကနေပေါက်ခေါင်းမြို့ကိုပို့ပါတယ် အဲအချိန်ကတည်းကရွာကခဲတွေနဲ့စထုနေပြီ ဒါနဲ့လုံခြုံအခြေနေအရ စစ်စတာတွေပါမြို့ကိုပြောင်းနေကြတယ် ညကျတော့အဲလိုဖြစ်သွားတာပဲ” ဟု ကက်သလစ်ကျောင်းအားကူညီ ထောက်ပံ့ပေးနေသည့်ဦးငွေမျိုးကပြောသည်။

ယင်းဖြစ်စဉ်များနှင့်ပက်သက်ပြီး လက်ရှိဖြစ်ပေါ်နေသည့်အခြေနေများအား “ ဒီဖြစ်စဉ်ကတော့ကလေးသူငယ်တစ်ယောက်ရဲ့မိဘနဲ့ကင်းကွာနေတဲ့စိတ်ဖြစ်စဉ်အရဖြစ်ပေါ်လာတာဖြစ်တယ် ဟိုးအရင်ရာဇ၀တ်ပြစ်မှုတွေအရ နောက်ခံဘက်ကရာင်းနဲ့ဖြစ်ပေါ်လာတာမဟုတ်ပါဘူး ဒါမျိုးတွေကဒီဒေသမှာ ဖြစ်တတ်တဲ့ဖြစ်စဉ်မဟုတ်ဘူး ဒီဒေသကလူတွေရဲ့ဒေါသအလျောက်ဖြစ်တာလည်းမဟုတ်ဘူး ဒေသခံကလေးငယ်တစ်ယောက်ဖြစ်သွားတာတဲ့အပေါ်မှာ စိတ်အချဉ်ပေါက်ပြီးဝုန်းကနဲ့ထဖြစ်သွားတာပါ ဒါမှာလည်းထိခိုက်ပျက်စီးအောင်မီးရှိုးဖျက်ဆီးတာမဟုတ်ဘူး အတင်းဝင်ရောက်ပြီးလုပ်သွားတယ် အခုမှာတော့ရွာကအဖွဲ့တွေနဲ့ဆွေးနွေးပြီးတော့ ပြန်ပြီးအေးချမ်းသွားတဲ့အခြေနေကိုရောက်သွားပါပြီ လုံခြုံရေးလည်းစိတ်ချရအောင်ဆောင်ရွက်ထားပြီးပါပြီ” ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးအောင်သက်နိုင်က ပြောသည်။

လက်ရှိအခြေအနေအရ လူသတ်မှုကျူးလွန်ခဲ့သည့်မောင်သက်ပိုင်ဦးအား ပေါက်ခေါင်းမြို့နယ်ရဲစခန်းတွင် ကလေးသူငယ်ဥပဒေအရ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရအမှုဖွင့်စစ်ဆေး ဆောင်ရွက်လျှက်ရှိပြီး ယင်းဒေသတွင်းအဆိုပါဖြစ်စဉ်မျိုးယခင်ကတစ်ကြိမ်မျှ ဖြစ်ပွားခဲ့ဖူးခြင်းမရှိသေးကြောင်း သိရသည်။
                                                                                              ဝေလင်း(ပြည်)

The Daily ELEVEN (၂၉.၉.၂၀၁၅) ထုတ်တွင်ဖော်ပြပြီး


0 comments:

Post a Comment

Facebook Like Page