ပြည်မြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေများပြန်လည်မြင်တက်နေပြီး နဝင်းကွက်သစ်နှင့် ရပ်ကွက်အချို့တွင် ရေများဝင်ရောက်လျက်ရှိပါသည်။ ပြည်မြို့ရှိ ပရဟိတအဖွဲ့များမှ ယနေ့နံနက် ၁၁ နာရီခန့်တွင် နဝင်းကွက်သစ်ထဲမှ ရေများကို လူအင်အား စက်အင်အားများဖြင့် စုတ်ထုပ်ခဲ့ကြကြောင်း သိရပါသည်။
အဆိုပါ ပရဟိတအဖွဲ့တွင် ဦးဆောင်လုပ်ကိုင်နေသူ ကိုအောင်ဟိန်းအား ရေဘေးလုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ပါသည်။
"" မနေ့ကနေ့လယ်တည်းကစီစဉ်ပြီး .
ယနေ့နံနက်၁၁နာရီတွင် စတင်လည်ပတ်စုတ်ထုတ်နေပါပြီ
ကျွန်တော်တို့ ယခင်ဆောင်ရွက်နေကြ အရပ်ဖက်အဖွဲ့အစည်းမှ ဦးဆောင်ပြီး ကိုယ်တူကိုယ်ထဆောင်ရွက်နေကြတာပါ။
ဝင်းညီနောင် သဲကျောက်ဒိုင် မှ ကိုဝင်းထွန်းမိသားစုမှ
စက်ပစ္စည်းအားလုံးအား အခမဲ့ကူညီပြီး
ဒေါက်တာဝဏ္ဏ၀င်း ပရဟိတမိသားစု ပြည်မှ တစ်သိန်း
ကျားပျံမကောက်ဆေးလိပ်ခုံ မိသားစု #တစ်သိန်း
ဆင်ဖြူကျွန်း ပွဲရုံ မိသားစု #ငါးသောင်း
New Life စာအုပ်ဆိုင် မိသားစု မှ နှစ်သောင်း
ရွှေခေတ္တရာ ဦးအပီတူး မိသားစု #ဒီဇယ်၅ဂါလံ
KM ဆားစက် မိသားစုမှ #ဒီဇယ်၅ဂါလံ
Photo World ဓာတ်ပုံဆိုင် မှ #၁သောင်း
မတည်လှူဒါန်းထားပြီး စတင်ဆောင်ရွက်နေကြခြင်း
ဖြစ်ပါသည်။
တစ်ခုပြောချင်တာ အရပ်ဖက်အဖွဲ့အစည်း.ဗဟို. နှင့် အတူ
ရပ်ကွက်သူရပ်ကွက်သားတွေဝိုင်းဝန်းတယ်၊
အရံမီးသတ်အဖွဲ့တွေလည်းဝိုင်းဝန်းတယ်၊
ခေတ္တရာအသင်းဝိုင်းဝန်းတယ်၊
တစ်ခုပြောချင်တာ အားလုံးပုဆိုးတွေချည်ပါဘဲ
ဘောင်းဘီတွေမဟုတ်ပါခင်ဗျာ
အားလုံးအဆင်ပြေကြပါစေဆိုတဲ့ စိတ်နဲ့လုပ်ကြတာပါ ""
ဟုဖြေကြားသွားခဲ့ပါသည်။
ကိုအောင်ဟိန်း - 095310884
Pyae Phyo Pyay



0 comments:
Post a Comment