Tuesday, August 11, 2015

ရေထဲကနိုင်ငံရေး သရ၀ဏ်(ပြည်)

Leave a Comment

ရေထဲကနိုင်ငံရေး
မြန်မာနိုင်ငံဝယ် လေထဲကနိုင်ငံရေးသည် ၁၉၆၂ မှစကာယနေ.အချိန်အထိ ပြည်သူလူထုကကြုံတွေ.ခဲ.ရပြီးဖြစ်သည် ။လေထဲကနိုင်ငံရေးဆိုသည်မှာ မစားရ၀ခမန်းကတိစကာများဖြင်.အချိန်ကုန်လူပန်း နိုင်ငံရေးဖြစ်သည် ။ ထိုနိုင်ငံရေးတွင်ကြွေးကြောသများမှတပါးဘာဆိုဘာမှမရှိ ။
ဆိုရှယ်လစ်စနစ်ဖြင်.လောကနိဗ္ဖာန်ထူထောင်အံ. (လက်တွေ.တွင်တော.မြန်မာနိုင်ငံသည် ၁၉၈၇ တွင်ကမ္ဘာ.အဆင်းရဲဆုံး LDC နိုင်ငံအဆင်.သို.ခံယူလိုက်ရသည် )
အမျိုးဂုဏ်ဇာတိဂုဏ်မြင်.မားရေး ( မြန်မာအိမ်ဖော်များနိုင်ငံတကာသို.တရားဝင်တင်ပို.နေရသည် )
မြန်မာ.အားကစားကမ္ဘာကိုလွှမ်းရမည် ( အရှေ.တောင်အာရှဆယ်နိုင်ငံတွင် နံပါတ် ခုနစ်နေရာကိုမနည်းလုနေရသည် )
မြေမျို၍လူမျိုးမပြုတ်လူမျိုမှလူမျိုးပြုတ်မည် ( ထိုသို.ပြောခဲ.သူတွေပဲ တိုင်းရင်းသားမဟုတ်သူတရုတ်ကုလားများကို လာဘ်စားကာမှတ်ပုံတင်တွေထုတ်ပေးခဲ.သည် )
သန်.ရှင်းသောအစိုးရ၊ကောင်းမွန်သော အုပ်ချုပ်ရေး ( ယခုထိတိုင်မသန်းရှင်း၊ယခုထိတိုင်မကောင်းမွန်သေးတာကလွဲလို. ဘာမှထူးမလာပါ )
ပြည်ပအားကိုပုဆိန်ရိုး ( ထိုသို.ပြောသူတွေကပဲ နှာစေးချောင်းဆိုးမှအစ ကျန်းမာရေး ဆေးစစ်ခံတိုင်း ပြည်ပသို.ထွက်ခွာကြသည် ၊ သူတို.သားသမီးများကို နိုင်ငံခြားမှာကျောင်းထားသည် )
ခေတ်မီဖွံ.ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးသို. ( ရေမလာ ၊မီးမလာ ၊ အခြေခံအဆောက်အဦမပြည်.စုံသဖြင်. ပြည်သူလူထုမှာ ကျောက်ခေတ်မှမတက်နိုင်အောင်ရှိသည် ) ။
ဥပဒေအထက်တွင်ဘယ်သူမှမရှိစေရ ( ဥပဒေအထက်တွင် အဘများရှိနေ၏ ) ။
ဤသို.ကြွေးကြော်အုပ်ချုပ်ခဲ.သည်များမှာ လေထဲမှလာပြီးလေထဲသို.ပျောက်သွားသဖြင်. လေထဲကနိုင်ငံရေးဟုကင်ပွန်းတပ်ရမည်ဖြစ်သည် ။
၂၀၁၅ ဇူလိုင်လကုန်နှင်.သြဂုတ်လပထမပါတ်ဝယ်မြန်မာနိုင်ငံတလွှားတွင်ရက်ပေါင်းများစွာ မကြုံစဖူး မိုးသည်းထန်စွာရွာသွန်းသဖြင်. ရေဘေးဒုက္ခကို တိုင်းနှင်.ပြည်နယ်အသီးသီးတွင်ခံစားကြရပေသည် ။ မိုးနည်းရေရှားဒေသများဖြစ်သောမြန်မာပြည်အထက်ပိုင်းတွင် မြစ်ရေချောင်းရေများလျှံကာ လမ်းများ ၊အိမ်များ ရေနစ်မြုပ်မျောပါကြသောရေဘေးကြီးသည် ထင်မှတ်ထားသည်ထက်ပိုမိုပြင်းထန်စွာဖြစ်ပွားခဲ.ပါသည် ။ ရွာပေါင်းများစွာ ၊အိမ်ပေါင်းများစွာ ၊ရပ်ကွက်ပေါင်းများစွာသည် ရေအောက်သို. နာရီပိုင်းအတွင်း တက်လာသောရေပြင်အောက်သို.မြုပ်ပါခဲ.ကြသည် ။ လျှင်မြန်လွန်းသဖြင်. အ၀တ်တစ်ထည်ကိုယ်တစ်ခုနှင်.အသက်လုပြေးကြရသည် ။စားစရာမရှိ ၊ ခါးဝတ်ခါးစားမှတစ်ပါးဝတ်စရာနတ္တိ ။ နေစရာကားဝေလာဝေး ။ လူတွေမှာကယ်ရာ ၊ကူရာမဲ.တော.သည် ။ဒေသခံများအဓိကပြောသည်မှာ တာဝန်ရှိသူများဘက်မှ ရေဘေးနှင်.ပါတ်သက်၍ကြိုတင်သတိပေး ကြေငြာချက်များ အားနည်းခဲ.ခြင်း (၀ါ)အချို.နေရာများတွင် ဘာမှမရှိခဲ.ခြင်းဖြစ်သည် ။ ဆည်မြောင်းတာတမံများကိုတစ်နိုင်ငံလုံးအနှံ. ဆောက်ချင်တိုင်းဆောက်ခဲ.ကြသော်လည်း ထိုဆည်များရေလှောင်ကန်များရေပြည်.၍ ရေပိုလွှဲများမှတပြိုင်နက်တည်း ရေများတရှိန်ထိုးစီးဆင်းလာလျှင်မည်သို.ဖြစ်နိုင်မည်ဟူသောကြိုတင်ဆွက်ဆချက်များ ကျွန်တော်တို.အစိုးရတွင် မရှိသလောက်နည်းပါးခဲ.သည် ။ ဆည်တစ်ခုချင်းစီမှလျှံထွက်လာသောရေပိုများမည်သည်.အရပ်သို.ရောက်သွားနိုင်သည်ဟူသောတွက်ဆချက်များအားနည်းခဲ.ကြသည် ။ ထိုဒဏ်ကိုပြည်သူလူထုကခံရသည် ။ မြစ်ရေမြင်.တက်လာသဖြင်. ရေကြီးနစ်မြုပ်မှုဖြစ်ရသည်လည်းရှိသလို ၊ဆည်မြောင်းများမှ စွန်.ထုတ်သောရေပိုလွှဲများကြောင်.လည်းပိုမိုရေကြီးနစ်မြုပ်ရခြင်းကိုဖြစ်ပေါ်စေပါသည် ။ အတိုချုပ်ပြောရလျှင် သဘာဝဘေးအန္တရာယ်ကြောင်.မလွှဲမရှောင်သာရေကြီးရခြင်းပါသလို ၊ တာဝန်ရှိသူများ၏စီမံခန်.ခွဲမှုအမှားများကြောင်. ဘေးဒုက္ခရောက်ရသည်များလည်းရှိပါသည် ။ထားတော. ရေဘေးဖြစ်ပွားလာသောအခါ ရေဒုက္ခအပေါ်အကြောင်းပြု၍ အစိုးရဘက်ကရော ၊အတိုက်အခံဘက်ကရော ၊ပြည်သူလူထုကပါ ရည်ရွယ်ချက်အမျိုးမျိုးနှင်.တုန်းပြန်လာတာသတိထားမိသည် ။
အစိုးရသည် ကယ်ဆယ်ရေးလုပ်ငန်းများကိုရက်အနည်းငယ်နှောင်.နေးကြန်.ကြာပြီးမှစတင်ဆောင်ရွက်သည် ။ရေဘေးသင်.ဒေသများကို သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ်အရေးပေါ်အခြေအနေကြေငြာဖို.ကိုပင် မိုးလေ၀သဦးထွန်လွင်လိုပညာရှင်များတဖွဖွပြောလွန်းမကပြောမှ သုံးရက်ခန်.ကြာမှတုန်.ပြန်ဆောင်ရွက်သည် ။ အကူအညီများစတင်ပေးသည် ။ အစိုးရအရာရှိများရေဘေးသင်.ပြည်သူများထံသွားသည် ။ ထိုသို.သွားရာတွင် သူတို.အလုပ်လုပ်နေကြောင်းတိုင်းပြည်မှသိစေရန်နှင်. အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင်. NLD ကိုအကွက်ဝင်တုန်းဖေ.စ်ဘွတ်မှထိုးနှက်တိုက်ခိုက်သည်များလဲလုပ်ခဲ.သည် ။
“ တတိုင်းတပြည်လုံး ရေမြုပ်နေတဲ.အချိန်မှာ ဟောလီးဝုဒ်ကအမျိုးသမီးကြီးနဲ.အမကြီးတို. ရန်ကုန်မြို.ထဲတင် တအိမ်ဝင်တအိမ်ထွက်လူလုံးပြနေတာမြင်ရတော. မုဒိတာပွားရပါတယ် ၊ သာဓုခေါ်ပါတယ် ။ ကုသိုလ်ထူးပါပေ.အမကြီးရယ် “ ဟူ၍ဖြစ်သည် ။ ဟောလိဝုဒ်မင်းသမီး (ကုလသံတမန်)အိန်ဂျလီနာဂျိုလီ နှင်.အတူလိုက်ပါကာ ရန်ကုန်မြို.လှိုင်သာယာစက်မှုဇုန်ရှိ အလုပ်သမားဆင်းရဲသားများ၏အိမ်များသို.သွားရောက်လည်ပါတ်ခဲ.သော ဒေါ်အောင်ဆန်းစုကြည်ကိုရည်ရွယ်၍ပြောကြားခြင်းဖြစ်သည် ။ သူတို.ကနိုင်ငံအတွက် နယ်စွန်နယ်ဖျားသို.သွားကာအလုပ်လုပ်နေသည် ၊ ဒေါ်အောင်ဆန်းစုကြည်တို.အဖွဲ.ကမိမိပါတီအတွက် ရန်ကုန်မြို.ထဲမှာပင်လူလုံးပြနေသည်ဟုစွပ်စွဲလိုက်ခြင်းဖြစ်သည် ။ ထိုအချိန်တွင်သမ္မတကြီးသည်ရေကြီးနစ်မြုပ်ရာဒေသသို.ရောက်ရှိသွားကာဒေသခံကလေးတစ်ယောက်ကိုပင်ကောက်ချီပြလိုက်သေးသည် ။ ဒါလည်းရေထဲကနိုင်ငံရေးလားဟုတွေးမိသေးသည် ။
အစိုးရအရာရှိကြီးနောက်တစ်ယောက်ကလည်း
“ သမ္မတရော ကျွန်တော်တို.တွေရောရဲ.စိတ်မှာ ရွေးကောက်ပွဲဆိုတာမရှိပါဘူး ၊ ကူညီကယ်ဆယ်ဖို.ပဲရှိပါတယ် ။ ရွေးကောက်ပွဲမှာပဲစိတ်ရှိသူတွေ ဘာလုပ်နေတယ်ဆိုတာ သတင်းတွေမှာခင်ဗျားတွေ.မှာပါ “ ဟု တွယ်ပြန်သည် ။ သူတို.ရေဘေးကုညီကယ်ဆယ်ရေးလုပ်နေသည် ၊ဒေါ်စုကတော. ဘာမှမလုပ် မဲဆွယ်သည်.ကိစ္စပဲလုပ်နေသည်ဟု နိုင်ငံရေးအမြတ်ထုတ်တိုက်ခိုက် ခြင်းဖြစ်သည် ။ ဤကိစ္စကိုဒေါ်အောင်ဆန်းစုကြည် နှင်. NLD ကစကားဖြင်.မတုန်.ပြန် ၊ ရေဘေးဒုက္ခသည်မျာရှိရာ ပဲခူးမြို.အနီးမှရွာများသို. ဒေါ်အောင်ဆန်းစုကြည် နှင်. NLD အဖွဲ.သွားရောက်လှူဒါန်းခြင်းဖြင်. ဝေဖန်မှုများကိုချုပ်ငြိမ်းစေသည် ။ လှေကလေးပေါ်တွင်လိုက်ပါလာသော ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများက On line Media တွင်ရေပန်းစားသွားသည် ။
ပြည်သူတွေဘက်ကတော.ရှင်းသည် ။ ခေတ်အဆက်ဆက် အစိုးရဆီကအကူအညီမျှော်လင်.၍မရပဲကိုယ်ဖြစ်ကိုယ်ခံ ကိုယ်.အားကိုယ်ကိုးနေလာသူများမို. ဤသို.ကြီးမားသောရေဘေးဒုက္ခကြီးနိုင်ငံနှင်.အ၀ှန်းကြံတွေ.ရရာတွင် ကိုယ်စီကိုယ်စီ မည်သူမျှတာဝန်ပေးမခိုင်းစေရပဲ ကိုယ်.စိတ်ဓါတ် ၊ကိုယ်.စေတနာနှင်. မြန်မာပီပီ မေတ္တာစေတနာအပြည်.ဖြင်.နိုင်သလောက်ကူညီကြပါ၏ ။ အိမ်ဖော်လုပ်၍ငွေရှာသူ ၊ ဆိုက္ကားနင်း၍ရငွေထဲမှ တစ်နေ.တာလုပ်အားခလှူသူ ၊ မုန်.ဖိုးထဲမှ စုဆောင်းငွေများကို လှူဒါန်းသောကလေးများ ၊ ပန်းချီကားရောင်း၍ လှူသူပန်းချီဆရာများ ၊ စာအုပ်ရောင်း၍လှူသော စာရေးဆရာ ၊ထုတ်ဝေသူများ ၊ကဗျာရောင်း၍ ၊ကဗျာရွတ်၍လှူသူ ကဗျာဆရာများ ၊ လမ်းမပေါ်ဝယ် ဂစ်တာတီးသီချင်းဆို၍ အလှူခံသူလူငယ်များ ၊ တစ်လမ်းဝင်တစ်လမ်းထွက် လိုက်လံအလှူခံသော ပရဟိတလူငယ် ၊လူလတ်များ ၊ ပရဟိတအလှူရှင်များကိုထမင်းအခမဲ.ကျွေးသော ထမင်းဆိုင်ပိုင်ရှင်များ၊ ငွေသားထည်.၀င်လှူဒါန်းသော စီးပွားရေးလုပ်ငန်းရှင် လူကြီးများ ၊ အနုပညာစွမ်းအားဖြင်.ရန်ပုံငွေရှာဖွေပေးကြသူများ၊ လုပ်အားဒါနပြုကြသူများ၊ ရေဘေးကယ်ဆယ်ရေးပစ္စည်းများကိုလေယာဉ်ဖြင်.အခမဲ.သယ်ဆောင်ပေးသော ပုဂ္ဂလိကလေကြောင်းလိုင်းများ ၊ ကားအခမဲ. ပို.ဆောင်ပေးသောစေတနာရှင်များစသည်ဖြင်. ပြည်သူလူထုဘက်ကတာဝန်ကြေခဲ.ကြပေသည် ။
အစိုးရဘက်ကလည်းရေဘေးကယ်ဆယ်ရေးကိုတစ်ဖက်ကလုပ်ရင်း ၊တစ်ဖက်ကလည်းဝါဒဖြန်.ချိရေးလုပ်ငန်းများကိုဆက်တိုက်လုပ်ဆောင်ခဲ.သည် ။ သူတို.ဆောက်လုပ်ခဲ.သောတာတမံဆည်မြောင်းများမှာ အလွန်ခိုင်ခန်.၍စိတ်ချရကြောင်း ၊ထိုဆည်များမှရေဖောက်ချသဖြင်.ရေကြီးခြင်းမဟုတ်ကြောင်း ၊ ဆည်များ၏အမြင်.ဆုံးရေမှတ်သို.ရေရောက်လာသဖြင်. ရေပိုလွှဲများမှရေများလျှံကျကာ နဂို ချောင်းမြောင်းများထဲသို.စီးဝင်သွားခြင်းဖြစ်ကြောင်း ၊ ၊ ပြင်ပမှပြောနေသည်များမှာကောလဟလများဖြစ်ကြောင်း၊အခြေအနေများတည်ငြိမ်အေးချမ်းနေပြီဖြစ်ကြောင်း၊စစ်ဘက်အရပ်ဘက်အစိုးရအရာရှိကြီးများကိုယ်တိုင်ရေဘေးကိုကြီးပ်ဆောင်ရွက်နေကြောင်းညစဉ် ရုပ်မြင်သံကြားမှထုတ်လွှင်.ပြသနေပေသည် ။ ရေဘေးအတွက်အလှူခံသူများမှာလည်းခြေချင်းလိမ်နေ၏ ။ အကူအညီမရသေးသော ရေဘေးဒုက္ခသည်များလည်းဒုနှင်.ဒေးရှိနေသည် ။ ရေကြီးနစ်မြုပ်သဖြင်. ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းရမည်.ရက်ကိုနောက်သို. ခြောက်ရက်ဆုတ်ပေးလိုက်၏ ။ မှတ်ပုံတင်ပျောက်ဆုံးသွားသည်.တိုင် ရေမြုပ်သူများမဲပေးနိုင်ရန်ဆောင်ရွက်ပေးမည်ဟုလည်းပြောသေးသည် ။
အစိုးရက ရေဘေးဒုက္ခအတွက်နိုင်ငံတကာအကူအညီများကို တရားဝင်တောင်းဆိုလိုက်ပြီဖြစ်ရာ အလှူပစ္စည်းများတင်ဆောင်လာသောအိန္ဒိယလေတပ်မတော်မှလေယာဉ်တစ်စီးသည် ဦးဦးဖျားဖျား ကလေးမြို.သို.ဆိုက်ရောက်လာ၏ ။ အခြားနိုင်ငံများကလည်း ဒေါ်လာငွေများ ၊ ထိုင်းဘတ်များ သိန်းနှင်.သန်းနှင်.ချီကာဝင်လာကြ၏ ။ ထိုငွေများ ဒုက္ခသည်များထံသို.မှန်မှန်ကန်ကန်ရောက်ပါ.မလားဟုစိတ်ပူသူတွေကပူနေ၏ ။ ထုံးစံအတိုင်း တံတားဘယ်နှစ်စင်း ၊ လမ်းဘယ်နှစ်မိုင် ပြန်လည်ပြင်ဆင်ရမည်ဖြစ်သဖြင်.ဘတ်ဂျက်တောင်ခံမှုများ နောက်ကွယ်မှ ကိုယ်ကျိုးရှာမှုများလည်း ရေဘေးအပြီးဝယ်ပေါ်လာနိုင်၏ ။ ထိုလုပ်ငန်းများအတွက်ကန်ထရိုက်ရယူနိုင်မည်. စားနေကျကြောင်ဖား ခရိုနီဆောက်လုပ်ရေးကုမ္မဏီများလည်းပါးစပ်တပြင်ပြင်ဖြစ်နေကြမည်ဖြစ်သည် ။ အစိုးရ၏သက်တမ်းသည် နောက်ဆုံးပိုင်းသို.ရောက်နေခဲ.ပြီဖြစ်သည် ။နောက်ဆုံးကာလတွင်ယခုစီမံခန်.ခွဲရသော ရေဘေးရန်ပုံငွေများသည်နောက်ဆုံး စားပေါက်မဖြစ်စေပဲ နောက်ဆုံး တိုင်းပြည်အတွက်အလုပ်အကျွးပြုခြင်းဖြစ်စေချင်ပါ၏ ။
နိုင်ငံတကာအလှူရှင်များ၏ငွေကိုကိုင်တွယ်သုံးစွဲရာတွင်ရေများရာမိုးရွာ မဖြစ်စေချင်ပါ ။ ရေလိုက်ငါးလိုက်မလုပ်ပါနှင်. ၊ မလိုအပ်သောအရာများဖြင်.ရေလိုက်မလွဲစေချင်ပါ ။ရေကြည်ရာမျက်နုရာသို.ပြောင်းရွှေ.လာသူများကိုသနားပါ၊ကျွဲကူးရေပါဆိုသလို ဘဏ္ဍာငွေကျွဲကြီးနောက်မှကပ်ပါလာမည်.အလွဲသုံးစားရေလုံးများကိုရှောင်ရှားပါ၊ ရေကြီးခြင်းကိုနိုင်ငံရေးအမြတ်ထုတ်မည်ဆိုပါက ထိုသူတို.၏သမိုင်းသည် ရေရေရာရာမရှိပဲ ၊ ရေထဲတွင် စုန်းစုန်းမြုပ်ပျောက်ကွယ်သွားမည်ဖြစ်ပါကြောင်း ။
သရ၀ဏ်(ပြည်)

0 comments:

Post a Comment

Facebook Like Page