Tuesday, August 4, 2015

ရေဘေးသင့်ပြည်သူများသို့ ဂျပန်နိုင်ငံတွင်အလုပ် လုပ်ကိုင်နေသောမြန်မာနိုင်ငံသားများမှလှူဒါန်း ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment


ရေဘေးသင့်ပြည်သူများသို့ ဂျပန်နိုင်ငံတွင်အလုပ်
လုပ်ကိုင်နေသောမြန်မာနိုင်ငံသားများမှလှူဒါန်း

ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အတွင်း
ရှိရေဘေးသင့်ပြည်သူများထံသို့ဂျပန်နိုင်ငံတွင်
သွားရောက်အလုပ် လုပ်ကိုင်နေကျသော
 မြန်မာနိုင်ငံသားများဖြစ်သောကိုမင်းပိုင်ဦး
(pyay oo@gmail.com)မှ (၁၈၀၀၀) ယန်း၊
ကိုဝင်းဇော်ဦး မှ(၁၀၂၀၀)ယန်း၊ကိုဇော်ဇော် မှ
(၅၀၀၀)ယန်း၊ကိုသီဟ မှ(၃၀၀၀)ယန်း၊ကိုဝေယံ
မှ(၂၀၀၀)ယန်း၊ကိုလူအေးမှ(၂၀၀၀)ယန်း၊
မသိမ့်နဒီကျော် မှ(၁၀၀၀)ယန်း စုစုပေါင်း
(၄၁၂၀၀)ယမ် မြန်မာငွေစုစုပေါင်း
(၄၀၀၀၀၀)ကျပ် ကို သြဂုတ်လ(၄)
ရက်နေ့တွင် ပေးပို့လှူဒါန်းခဲ့သည်။
ထိုကြောင့် အဆိုပါငွေသားများဖြင့်
ရေသန့်ဗူးများ၊ပေါင်မုန့်များ၊ကိတ်မုန့်များ၊
ဘီစကစ်မုန့်များ၊အထည်များအား
ရေဘေးသင့်ပြည်သူများထံ အိမ်တိုင်
ရာရောက်လိုက်လံလှူဒါန်းခဲ့
ပါသည်။

ထိုသို့လှူဒါန်းနိုင်ရန်အတွက် ပြည်မြို့ ဆံတော်
ရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ရွာသစ်နယ်
မြေရပ်ကွက် အရံမီးသတ်တပ်ဖွဲ့ဝင်များ၊မြရွာ(ခ)
နဝဒေးသကြားစက် မှပရဟိတလူငယ်များ၊
ဓနသိဒ္ဓိသာသနာပြုရှမ်းအိုးစည်အဖွဲ့သားများ
မှပြည်မြို့နယ် မြရွာကျေးရွာသို့၎င်းကောင်း၊
ကုန်းသာလင်းကျေးရွာသို့၎င်း၊အလှူရှင်များ
ကိုယ်စားလိုက်လံလှူဒါန်းပေးခဲ့ကြပါသည်။

သို့ပါသော နိုင်ငံရပ်ခြားမှာအလုပ် လုပ်ကိုင်
ရန်သွားရောက်နေသော အလှူရှင်များသည်
စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်းများပြည်
့စုံပြီး ဒီထက်မကသော အလှူများလှူဒါန်း
နိုင်ပါစေလို့ရေဘေးသင့်ပြည်သူများ ကိုယ်စား
ဆုတောင်းမေတ္တာများပို့သအပ်ပါသည်ခင်
ဗျာ…….။

 ပြည့်သဲမောင်(ပြည်)09 4236 71883








0 comments:

Post a Comment

Facebook Like Page