Thursday, July 16, 2015

ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်နေသောလမ်းကိစ္စနှင့်ပတ်သက်၍ မြေစာရင်းဌာနတွင်တာဝန်ရှိဟုရပ်ကွက်နေပြည်သူများကဆို ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃

Leave a Comment

ပိုင်ဆိုင်မှု အငြင်းပွားဖွယ်ဖြစ်နေသောလမ်းကိစ္စနှင့်ပတ်သက်၍
မြေစာရင်းဌာနတွင်တာဝန်ရှိဟုရပ်ကွက်နေပြည်သူများကဆို

ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ ရွာဘဲနယ်မြေ မြကန်သာရပ်ကွက်
တွင်လမ်းများပျက်ဆီးခြင်း၊ ရေဝပ်ခြင်း၊ယာဉ်တိုက်မှုမကြာခဏ ဖြစ်ခြင်းေ
ကြာင့် ရပ်ကွက်နေပြည်သူများ စုပေါင်း၍လမ်းပြုပြင်ရာ၌ လမ်း၏ပိုင်ဆိုင်မှု
အငြင်းပွားနေသည့်ကိစ္စအားဖြေရှင်းပေးပါရန် မြေစာရင်ဦးစီးဌာနကို 
အကြိမ်ကြိမ်စာ တင်ပြီးမြေတိုင်း ခိုင်းသော်လည်းဆောင်ရွက်ပေးခြင်း
မရှိဟု ရပ်ကွက်နေပြည်သူများက ဇူလိုင်(၁၆) ရက်နေ့တွင်ပြောသည်။

“လမ်းက မိုးတွင်းဆိုရင် ကံဦးကျောင်း၊ဝန်လည်တောင်ကျောင်း၊စံနန်းဦး
လမ်း၊ဖက်တန်းလမ်းများကစီး ကျလာတဲ့ရေတွေက အနိမ့်ပိုင်းဖြစ်တဲ့
ကျွန်တော်တို့မြကန်သာလမ်းပေါ်ကို ရေလွှမ်းခြင်းခံရတဲ့ အတွက် လမ်းပျက်ဆီးတယ်။လမ်းလေးခွဆုံတဲ့နေရာဖြစ်သလို မျက်ကွယ်တွေ
ရှိနေတော့လမ်းဆုံမှာယာဉ်တိုက်မှု တွေမကြာခဏဖြစ်တယ်။အဆိုးဆုံး
ကလွန်ခဲ့တဲ့ ၂၀၁၃လောက်က ဆယ်တန်းအောင်စာရင်းကြည့်ပြီးပြန် တဲ့ကျောင်းသားကို ဖောကားကြိတ်မိလို့အဲဒီလမ်းဆုံမှာပဲသေခဲ့ရတယ်။
ဒါကြောင့်လမ်းကောင်းအောင် မျက်ကွယ်တွေရှင်းအောင်၊ရပ်ကွက်သူ
ရပ်ကွက်သား ကလေးသူငယ်ပါမကျန် လမ်းခင်းတဲ့လုပ်ငန်း ကိုလုပ်နေကျ
တာပါ”ဟု မြကန်သာရပ်ကွက်မှ ကိုသူရဝင်း(ခ)ကိုကြီးက ပြောသည်။

အဆိုပါလမ်းပြုရာတွင် မြကန်သာရပ်ကွက်ရှိ ရပ်ကွက်သူ/ရပ်ကွက်
သားကလေးသူငယ်များပါမကျန် စုပေါင်းလုပ်အားဖြင့် အလှူရှင် ကိုသူရ(ခ)ကိုကြီးမှငွေကျပ်သိန်း(၂၀)မတီကာ ရပ်ကွက်နေပြည်သူများ
၏အလှူငွေများစုပေါင်း၍ အများ ပြည်သူများသွားလာရန်အတွက်ရည်ရွယ်
လှူဒါန်းကြောင်းသိရသည်။

“ဇူလှိုင်(၁၀)ရက်နေ့ မနက်ကလမ်းကိုစပြီးပြုပြင်ခဲ့တယ်။ညနေ(၄)
နာရီလောက်ရောက်တော့ ဖက်တန်း နာယကဖြစ်သူ ဦးစိုးနိုင်က
လမ်းကိုဆက်ပြီးမလုပ်ဖို့ ဒီလမ်းကဦးနက်ကျော်ပိုင်တဲ့လမ်းဖြစ်တဲ့
အတွက် ဦးနက်ကျော်ကတာခိုင်းလို့လာတားတယ်လို့ပြောပြီးတား
တယ်။ကျွန်တော်တို့က အများပြည်သူသွား တဲ့လမ်းကို ကောင်းအောင်
လုပ်တာဆိုပြီးဆက်လုပ်တယ်။(၁၁)ရက်နေ့မှာမနက်မှာ လမ်းးကိုဖျက်ဆီး
တာခံရတယ် ဒါပေမဲ့ကျွန်တော်တို့ကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို
အကြောင်းကြားပြီး ဆက်လုပ်တယ်”ဟု မြကန်သာရပ်ကွက်ရာအိမ်မှူး
ဦးချစ်လွန်း ကပြောသည်။

“ဒီလမ်းကဦးလေးတို့ပိုင်တယ်အထောက်အထားလဲရှိတယ်။မလုပ်ခင်ထဲ
ကလဲပြောတယ်။အခုလဲတား နေတဲ့ကြားက လုပ်ကျတယ်။ရပ်ကွက်ရုံးမှာ
လဲခဏခဏရှင်းရတယ်။ လမ်းမြေခိုးတယ်လို့လဲစွပ်စွဲတယ်။ ဒါကြောင့်
 မြေစာရင်းဌာနကလာတိုင်းစေချင်တယ်”ဟု ဦးနက်ကျော် ကသာထိန်း
ဆရာတော်များရှေ့တွင်ပြောသည်။

အထက်ပါလမ်းမြေအငြင်းပွားသည့်ကိစ္စနှင့်ပတ်သက်၍  လမ်းမြေပိုင်ဆိုင်
မှုအား မည်သူပိုင် သည်ကို သိရှိစေရန် တိုင်းတာပေးဖို့ (၂၉.၁.၂၀၁၅)ရက်
နေ့မှာရပ်ကွက်နေ ပြည်သူ(၃၀)ဦး လက်မှတ် ထိုး၍ ပြည်မြို့နယ်မြေစာရင်း
ဦးစီးဌာနသို့တစ်ကြိမ် (၆.၅.၂၀၁၅)ရက်နေ့တွင် ပြည်မြို့နယ်အုပ်ချုပ်ရေး မှူးရုံး
သို့တစ်ကြိမ် (၃၀.၃.၂၀၁၅)ရက်နေ့တွင် စည်ပင်၊မြေစာရင်း၊ရပ်ထောက်ကူ၊
ရွာဘဲအုပ်ချုပ်ရေး မှူးရုံး များသို့ ရပ်ကွက်နေပြည်သူ(၅၀)ဦး လက်မှတ်ထိုး
၍ တစ်ကြိမ် အကြိမ်ကြိမ်စာတင်ခဲ့သော်လည်း ပြည်မြို့ နယ်မြေစာရင်းဦးစီး
ဌာနမှ လာရောက်တိုင်းတာမှုမရှိကြောင်းဆိုသည်။

“ကျွန်တော်တို့ဘက်က တိတိကျကျသိချင်တယ် ဒါကြောင့် တာဝန်ရှိတဲ့
သက်ဆိုင်ရာကိုလာရောက်ဖြေရှင်း ပေးဖို့အကြိမ်ကြိမ်စာတင်တယ်၊ဌာန
ဆိုင်ရာအားလုံးကလဲ မြေစာရင်းဌာနကိုပဲ သွားဖို့လွတ်တယ်။ အဒီ က
 ပြသနာက မြေစာရင်းကကွင်းဆင်းပြီးလာရောက်မတိုင်းတာတဲ့အတွက်
လမ်းမြေပိုင်ဆိုင်မှု အငြင်း ပွားရတဲ့ ကိစ္စတွေဖြစ်နေတာ၊ဒါကြောင့် သက်ဆိုင်
ရာ မြေစာရင်ဦးစီးဌာနက လာရောက်မြေတိုင်းပေးစေ ချင်တယ်။ရပ်ကွက်နေ
ပြည်သူတွေက သက်ဆိုင်ရာ အာဏာပိုင်တွေ သက်မှတ်ပေးတဲ့ဆုံးဖြတ်ချက်
ကိုလဲ အားလုံး ကလက်ခံသဘောတူညီမှာပါ”ဟု ရပ်ကွက်နေပြည်သူ ကိုထွေး
ကပြောသည်။

ပြည်မြို့နယ်မြေစာရင်းဌာနမှတာဝန်ရှိသူအား ပထမအကြိမ်နေ့လည်(၁)နာရီ
အချိန်တွင်သွားရောက် မေးမြန်းရာ ဒုဦးစီးထမင်းစားပြန်သွား၍မရှိကြောင်း
၊နောက်နေ့ ဒုတိယအကြိမ် ထပ်မံသွားရောက်မေးမြန်းရာ နာရေးသွားပို့
 ကြောင်း၊နယ်မြေခံ မြေတိုင်းစာရေးအားမေးမြန်းရာနေမကောင်းသဖြင့်
ရုံးမလာကြောင်း ရုံးဝန်ထမ်းတစ်ဦးက ပြန်လည်ဖြေကြားခဲ့သည်။

၎င်းလမ်းသည်စက်မှုကွက်သစ်၊ရွှေဟင်္သာရပ်ကွက်၊ဗိုလ်တစ်ထောင်ရပ်ကွက်
၊အောင်သုခရပ်ကွက်၊ရပ် ကျေးသံဃနာယကကန်ဖျားကျောင်း၊ကံသာကျောင်း၊
ကန်တွင်းကျောင်း၊ကြောင်ပန်းကျောင်း၊ကန်လည်ဝါဆိုကျောင်း၊ခေတ္တရာနာရေး
ကူညီမှုရုံး သို့သွားသောလမ်းဖြစ်ပြီး၊ယခင်ကလမ်းကျဉ်းမြောင်းသည့် အတွက်
ဘားကူးကျောင်းဆရာတော်မှအုတ်တံတိုင်းအား အများပြည်သူသွားလာရေး
လွယ်ကူစေရန် ၅ပေ ခန့်ဖြိုဖျက်၍  နောက်ဆုတ်ပေးကာ ဝန်းနံရံခတ်ခဲ့သည့်
လမ်းဖြစ်ကြောင်း ၊အဆိုပါလမ်းဖွင့်ပွဲအား တနင်္ဂနွေနေ့ အာဇာနည်နေ့ ဇူလှိုင်
(၁၉)ရက်နေ့တွင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်)၀၉ ၄၂၃၆ ၇၁၈၈၃







0 comments:

Post a Comment

Facebook Like Page