Monday, July 27, 2015

ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဆံတော်ရှင် ဗျာဒိတ်ပေးဘုရားပြည်မြို့တွင်းသို့(၄၄)ကြိမ်မြောက် လှည့်လည်အပူဇော်ခံမည် ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဆံတော်ရှင်
ဗျာဒိတ်ပေးဘုရားပြည်မြို့တွင်းသို့(၄၄)ကြိမ်မြောက် လှည့်လည်အပူဇော်ခံမည်

ပြည့်သဲမောင်(ပြည်)09 4236 71883
ဘုရားချစ်ခင် သူတော်စင်အပေါင်းတို့ခင်ဗျာပြည်မြို့ လေးဆူဓာတ်ပျော်
ရွှေဆံတော်စေတီတော်မြတ်ကြီး ဗုဒ္ဓံ ၊ ဓမံ္မ၊ သံဃာ ၀ါတွင်းနိဗာန်ဆော်အဖွဲ့
သည် နှစ်စဉ် ၀ါဆိုလဆန်း( ၁၄ ) ရက်နေ့မှစ၍ “ဆံတော်ဗျာဒိတ်ပေးဘုရား
” ကိုပင့်ဆောင်၍နရည်းဖြင့်မြို့တွင်းသို့လှည့်လည်အပူဇော်ခံခဲ့ရာ(၄၄)ကြိမ်
သို့ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

ထို့ကြောင့် ယခုနှစ်၁၃၇၇ခုနှစ်၊ဒုတိယဝါဆိုလဆန်း(၁၄)ရက်၊
(၃၀.၇.၂၀၁၅)ရက်မှစ၍မြို့တွင်းသို့လှည့်လည်အပူဇော်ခံ
မည်ဖြစ်ပါသည်။ထိုသို့လှည့်လည်အပူဇော်ခံရာတွင် လပြည့်လကွယ်နေ့များတွင် နေ့(၂း၀၀)နာရီတစ်ကြိမ်၊
နံနက်အရုဏ်တက်တစ်ကြိမ်၊နှစ်ကြိမ်ကြွရောက်အလှူခံ
မည်ဖြစ်ပြီး ကျန်သီတင်းရက်များတွင် နေ့(၂း၀၀)နာရီ
တစ်ကြိမ်သာကြွရောက်အပူဇော်ခံမည်ဖြစ်ပါသည်။
(၄၃)ကြိမ်မြောက် လှည့်လည်အပူဇော်ခံရာတွင် စေတီတော်မြတ်ကြီး
ရွှေသင်္ကန်းကပ်လှူရန်ပြည်မြို့သူ/ ပြည်မြို့သားများနှင့်စေတနာရှင်
များကအလှူတော်ငွေ(၃၀၀၈၁၆၂၅ိ/-) (သိန်းသုံးရာ ရှစ်သောင်း တစ်ထောင့်ခြောက်ရာနှစ်ဆယ့်ငါးကျပ်)လှူဒါန်းခဲ့ကြပါသည်။
(၄၃)ကြိမ်မြောက် အထိပြည်မြို့သူမြို့သားစေတနာရှင်များ လှူဒါန်းခဲ့ကြသော အလှူငွေပေါင်းမှာ(၂၁၇၂၂၉၅၁၆)(ကျပ်နှစ်
ထောင့်တစ်ရာခုနှစ်ဆယ့်နှစ်သိန်း နှစ်သောင်းကိုးထောင် ငါးရာတစ်
ဆယ့်ခြောက်)ရှိခဲ့ပြီဖြစ်ပါသည်။
သို့ပါသောကြောင့် ယခုနှစ်(၄၄)ကြိမ်မြောက် ဒေသစာရီကြွချီ
လှည့်လည်အပူဇော်ခံယူရာတွင်လည်း သဒ္ဓါအဟောင်းအပေါ် သဒ္ဓါသစ်တွေထပ်လောင်းပြီး ရှေးထက်ပို၍ကြည်ညှို လှူဒါန်း
ကြပါရန်နိဗ္ဗာန်အကျိုးကိုယ်ရည်မျှော်မှန်းကာ အကျိုးမျှော်၍နှိုးဆော်
လိုက်ရပါတယ်ဘုရားချစ်ခင် သူတော်စင်အပေါင်းတို့ခင်ဗျာ………….
အထူးကြွရောက်မည့် ရက်ကွက်နှင့်နေ့ရက်များ
ခေတ္တရာမြို့သစ် -ဝါဆိုလပြည့်ကျော်(၁၁)ရက်။
နဝင်းကွက်သစ် -ဝါခေါင်လဆန်း(၇)ရက်နှင့်
-တော်သလင်းလဆန်း(၇)ရက်
ဆင်စုနယ်မြေနှင့် -တော်သလင်းလပြည့်(၇)ရက်နေ့။
ပလကဝန်း
အောင်ဆန်းပြည်သာယာ -သီတင်းကျွတ်လဆန်း(၁၁)ရက်။
နေ့များတွင်း လှည့်လည်အပူဇော်ခံမည်ဖြစ်ကြောင်း
နိဗ္ဗာန်ရောက်ကြောင်းသတိပေး ထပ်လောင်းနှိုးဆော်
လိုက်ရပါသည်။
ပြည့်သဲမောင်(ပြည်)09 4236 71883










0 comments:

Post a Comment

Facebook Like Page