Monday, June 1, 2015

DVB Debate အစီစဉ်ကို ပြုလုပ်မည့်ခန်းမအား အရပ်ဘက်လှုမှုအဖွဲ့အစည်းများနှင့်ဒေသခံများကန့်ကွက်

Leave a Comment
DVB Debate အစီစဉ်ကို ပြုလုပ်မည့်ခန်းမအား အရပ်ဘက်လှုမှုအဖွဲ့အစည်းများနှင့်ဒေသခံများကန့်ကွက်
ပြည်-ဇွန်-၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့ မှာ ယခုလာမည့် ဇွန်-၆ရက်နေ့နံနက်တွင်
ဒီဗွီဘီရုပ်သသတင်းဌာနမှပြုလုပ်မည့် DVB Debate အစီစဉ်ကို ပြည်မြို့ကမ်းနားလမ်းရှိ ဧရာဦးခန်းမတွင်
ကျင်းပပြုလုပ်မည်ကို ဒေသခံ အရပ်ဖက်လှုမှုအဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက အဆိုပါခန်းမတွင် မပြု
လုပ်ရေးဝိုင်းဝန်းကန့်ကွက်ကြောင်းသိရသည်။
ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ပြည်ကမ်းနားလမ်း ဧရာဝတီမြစ်ကမ်းဘေးကမ်းနဖူးပေါ်တွင်ဆောက်လုပ်လျှက်ရှိသော ဧရာဦးခန်းမကြီးအား အရပ်ဖက်လှုမှုအဖွဲ့အစည်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဒေသခံပြည်သူပေါင်း-၂၀၀-ခန့်မှဝိုင်းဝန်းဆန္ဒထုတ်ဖော်ခဲ့ကြရာ DVB-သတင်းထောက်တစ်ဦးနှင့် ပြည်သတင်း(အွန်လိုင်းမီဒီယာ)သတင်းထောက်တစ်ဦးတို့အပါဝင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလေးဦး စုစုပေါင်း ခြောက်ဦးတို့အား ပုဒ်မ ၁၈-ဖြင့်အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်းသိရသည်။
“အဲဒိခန်းမမှာလုပ်မယ့်သတင်းကြားကြားခြင်း ဒီဗွီဘီရုံးကိုဖုန်းဆက်တယ် အဲဒီပွဲကိုအဲဒီခန်းမမှာလုပ်ရင်ကျွန်တော်တို့မလာဘူး ဒီအဆောက်အဦးနဲ့ပိုင်ရှင်ရဲ့နောက်ကြောင်းတွေပြောပြလိုက်တယ်။အဲဒိခန်းမမှာလုပ်ရင် သပိတ်မှောက်ဆန္ဒပြမယ်”ဟု လူဘောင်သစ်ပါတီ မှ ဦးဝဏ္ဏ ကပြောသည်။
အဆိုပါ ဒီဗွီဘီရုပ်သသတင်းဌာနမှပြုလုပ်မည့် DVB Debate အစီစဉ်ကို ဇွန်-၆ရက်နေ့တွင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မှီဘယ်လိုစိန်ခေါ်မှုတွေရှိနေလည်း ခေါင်းစဉ်နှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကို ဘယ်လိုထိန်းသိမ်းမလည်း၊ဘယ်သူထိန်းမလည်း..ဆိုသည့်ခေါင်းစဉ်နှစ်မျိုးဖြင့် တစ်ရက်တည်းကျင်းပမှာဖြစ်ကြောင်းသိရသည်။ကန့်ကွက်မှုနှင့်ပတ်သက်ပြီး DVBသတင်းထောက်တစ်ဦးအားမေးမြန်းခဲ့ရာ…..
လာငှားတာရန်ကုန်ရုံးကလာငှားတာ ကျွန်တော်နောက်မှသိရတာ ကျွန်တော်လည်းတင်ပြသေးတယ်မဖြစ်ဘူးဆိုတဲ့အကြောင်းကို ကျွန်တော်ကို အရပ်ဖက်လှု့အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရော ဒေသခံပြည်မြို့သူ/သား တွေဖုန်းနဲ့တမျိုး လူမှုကွန်ယက်စာမျက်နှာ(Facebook)တွေကလှမ်းပြောကြတယ် ရုံးကိုဖုန်းဆက်အကြောင်းကြားပြီး အောင်ကုန်းကလယ်သမားကိစ္စ သရေခေတ္တရာအမွေအနှစ်ကိစ္စနဲ့ ပြည်ကမ်းနားလမ်းက အဲဒိအဆောက်အဦးဖြစ်လာပုံအသေးစိတ်ပြောပြတော့ ရုံးကအစည်းဝေးချက်ချင်းထိုင်ပြီး အဲခန်းမမှာမလုပ်တော့ဘူးဆိုတဲ့ အချက်တော့ရထားပြီးပါပြီ ခုပြုလုပ်မဲ့နေရာထပ်ရှာနေပါတယ်”ဟု ပြည်မြို့နေသူ DVB သတင်းထောက် ကိုမင်းညိုမှ ပြန်လည်ဖြေကြားပေးခဲ့သည်။
“မှုမမှန်တဲ့ ဂရံတွေနဲ့ဆောက်ထားတာ ပြည်တစ်မြို့လုံးလက်မခံပါဘူး ပြည်မြို့ကိုထိခိုက်မဲ့ကိစ္စ အဖွဲ့အစည်းကိုထိခိုက်မည့်ကိစ္စဆိုရင် ကျွန်တော် သာဓုမခေါ်ဘူး ပထမ သံတယဖြစ်မိတယ် အဲဒိခန်းမမှာ ဒီဗွီဘီကဘယ်လိုအကြောင်းနဲ့လုပ်တယ်ဆိုတာ စဉ်းစားလို့မရဘူး စောင့်ကြည့်ရမယ်လို့ဆုံးဖြတ်မိတယ်”ဟု ခေတ္တရာအမွေနှစ်ထိန်းသိမ်းစောင့်လျှောက်ရေး ကော်မတီဝင်တစ်ဦးမှပြောသည်။
ယခု လာမည့် ဇွန်လ ၆-ရက်နေ့တွင် ကျင်းပမည့် ဒီဗွီဘီရုပ်သသတင်းဌာနမှပြုလုပ်မည့် DVB Debate အစီစဉ်ကို အဆိုပါခန်းမတွင် မပြုလုပ်တော့ပဲ တခြားခန်းမတစ်ခုခုတွင် ကျင်းပပြုလုပ်သွားမျာဖြစ်ပြီး ပြည်မြို့ပေါ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊သက်ဆိုင်ရာဌာနဆိုင်ရာများ၊အရပ်ဘက်လှုမှုအဖွဲ့စည်းများ၊သရေရခေတ္တရာရှေးဟောင်းအမွေအနှစ် သက်ဆိုင်ရာဌာနအသီးသီများ၊နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ နှင့် စိတ်ပါဝင်စားသော ဒေသခံပြည်သူများအားဖိတ်ကြားထားကြောင်းသိရသည်။
K3(pyay)..ဒီမိုကရေစီတူဒေးဂျာနယ်..(ပို့ထားပါသည်..မနက်ဖြန်ထုတ်တွင် ပါလာမည်..မပါလာဘူး..မသိရသေးပါ)
တင်ဆက်..ပြည်သတင်းလူငယ်((ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page