Monday, June 22, 2015

တက်သစ်ကျွန်းရွာမှ စာသင်ကျောင်းအန္တရာယ်ရှိနေ၍ ကျောင်းသား/သူများပြောင်းရွေ့ပညာသင်ကြားနေရ

Leave a Comment

တက်သစ်ကျွန်းရွာမှ စာသင်ကျောင်းအန္တရာယ်ရှိနေ၍ ကျောင်းသား/သူများပြောင်းရွေ့ပညာသင်ကြားနေရ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် သရက်လိန်အုပ်စုအတွင်းရှိ တက်သစ်ကျွန်းကျေးရွာရှိ စာသင်ကျောင်းအသစ်ပြန်လည်တည်ဆောက်ရန်အခက်ခဲများရှိနေကြောင်းသိရသည်။
အဆိုပါစာသင်ကျောင်းကို ၁၉၅၄-ခုနှစ်တွင်စတင်ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်သောကြောင့် နှစ်ပါင်းများစွာကြာမြင့်လာခဲ့ရာ ကျောင်း၏အပေါ်ထပ်ကြမ်းခင်းများနှင့်ထုတ်တန်း၊မြှားတိုင်းများခိုင်မာမှုမရှိသောကြောင့် ကျောင်းသား/သူတချို့အားကျေးရွာအတွင်းရှိ ကျွန်းလယ်ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သိမ်တော်အတွင်းမှာပြောင်းရွေ့ပညာသင်ကြားနေရကြောင်းသိရသည်။
ကျောင်းအပေါ်ထပ်ကထုတ်တန်းတွေ၊မြှားတန်းတွေဆွေးပြီးပြုတ်ကိတော့မလိုဖြစ်နေတာကြာပြီ၊မြို့နယ်ပညာရေးမှူးကိုအကြိမ်ကြိမ်တင်ပြခဲ့တယ်။ခုထိဘာမှလုပ်မပေးသေးဘူး။မြို့နားနီးတဲ့လမ်းဘေးက လူမြင်ကွင်းကျောင်းတွေကျတော့ အသစ်တည်ဆောက်ပေးတယ်။ပြုပြင်ပေးတယ်။ကျွန်တော်တို့ကျောင်းက ရေခြားမြေခြားကျွန်းပေါ်မှာရှိနေတော့ဂရုမစိုက်ကြဘူး။ပထမအကြိမ်ဘက်ဂျက်မှာလည်း ဒီကျောင်းမပါခဲ့ဘူး။ဒုတိယအကြိမ်ဘက်ဂျက်လည်းမပါဘူး။”ဟု ကျောင်းအကျိုးတော်ဆောင် ဦးခင်ရွှေမှ သမဂ္ဂဂျာနယ်သို့ပြောသည်။
အဆိုပါ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ကျောင်းသား/သူစုစုပေါင်း ၁၉၈-ဦးအား ကျောင်းအုပ်ဆရာမကြီးအပါဝင် ဆရာ/မစုစုပေါင်း ၁၀-ဦးမှပညာသင်ကြားပေးလျှက်ရှိကြောင်းသိရသည်။
“ကျွန်တော်ဒီရေက်လာတာ ကိုးလပဲရှိသေးပါတယ်။ဒီကိစ္စတွေနောက်ပိုင်းမှသိရတာပါ။ဆရာမရောက်ခင်ကတည်းကဒီကိစ္စကိုတင်ပြထားတယ်သိရတယ်။အန္တရာယ်ရှိကျောင်းဆောင်နဲ့ကျောင်းသားတိုးချဲ့ဆောင်တွေကိုဓါတ်ပုံနဲ့တကွတင်ပြပေးနေပါတယ်။ဆရာလက်ထက်မှာအစွမ်းကုန်ဒီကိစ္စတွေကိုကြိုးစားနေပါတယ်။တက်သစ်ကျွန်းကိစ္စကိုအထက်စာတင်ထားပါတယ်။ပြန်မကျသေးတာပါ။အောက်ခြေ၀န်ထမ်းအပြောင်းရွေ့လေးတေရှိနေလို့ပါ။လွှတ်တော်ကိုယ်စားလှယ်နဲ့ဆရာကြီးတို့တွေ သွားရောက်ကြည့်ရှုပြီး အမြန်ဆုံးဆောင်ရွက်ပေးပါ့မယ်။ဟု ပန်းတောင်းမြို့နယ်ပညာရေးမှူး ဦးရဲထွဠ် မှသမဂ္ဂဂျာနယ်သို့ပြောသည်။
၎င်းတက်သစ်ကျွန်းကျေးရွာတွင် အိမ်ခြေပေါင်း ၄၀၀-ကျော်ရှိပြီး ဘုန်းတော်ကြီးကျောင်း ၃-ကျောင်းနှင့် စာသင်ကျောင်းတစ်ကျောင်းသာရှိသည်။ပန်းတောင်းနယ်တွင်း ကျောင်းသစ်ဆောက်လုပ်ရန် စာသင်ကျောင်း-၁၉-အား-၂၀၁၄/၁၅ ဘက်ဂျက်ကျရောက်ခဲ့ပြီး အကြိမ်ကြိမ်တင်ပြထားသော တက်သစ်ကျွန်းကျေးရွာပေါ်မှ စာသင်ကျောင်းမှာယနေ့အထိပါဝင်ခဲ့ခြင်းမရှိသေးကြောင်းသိရသည်။


မောင်ပန်ကာ(ပြည်)...သမဂ္ဂဂျာနယ် ဇွန်လ ၂၂ရက်နေ့ထုတ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိသည်။
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019

0 comments:

Post a Comment

Facebook Like Page