Tuesday, June 2, 2015

မင်းကျင်.တရားနဲ.ညီရဲ.လား သရ၀ဏ်(ပြည်)

Leave a Comment

မင်းကျင်.တရားနဲ.ညီရဲ.လား
သရ၀ဏ်(ပြည်)
ယခုခေတ်မှာတော.မြန်မာနိုင်ငံတွင် မင်းဟုခေါ်သည်.ဘုရင်စနစ်မရှိတော. ။ နိုင်ငံတော်အကြီးအကဲ ၊ ၀န်ကြီးချုပ် ၊ သမ္မတ စသည်ဖြင်. တော. ရှိခဲ.သည် ၊ ရှိနေသည် ။ ယနေ.ခေတ်တွင်တော. ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟုခေါ်တွင်သဖြင်. သမ္မတအုပ်ချုပ်သောနိုင်ငံ ဖြစ်သည် ။ ထို.ကြောင်.ရှေးအယူနှင်.ယူသည်ရှိသော် သမ္မသည်ပင်လျှင် မင်းဖြစ်၏ ။ ပြည်ပဧည်.သည်များကိုလက်ခံတွေ.ဆုံရာ နိုင်ငံတော်သမ္မတအိမ်တော်သံတမန်ဆောင်ဧည်.ခန်းမထဲတွင် ရွှေပိန်းချထားသော ရာဇပလ္လင်ကြီးကိုခမ်းခမ်းနားနား ပြသထားရာ သမ္မသည်မင်းအဖြစ်နှင်.ညီသည်ဟု သွယ်ဝိုက်ပြောနေသယောင်ဖြစ်သည် ။ ရှေးတုန်းကတော. တိုင်းပြည်တပြည်သာယာဝပြောမှုရှိမရှိ ၊ မိုးလေ၀သမှန်မမှန် ၊ တရားဥပဒေစိုးမိုးမှုရှိမရှိ ၊ခိုးသားဓါးမြသောင်းကျန်းမှုရှိမရှိ ၊ စစ်မက်ဘေး ကျရောက်မှု၇ှိမရှိ ၊ ကပ်ကြီးသုံးပါး နှင်.ကြုံတွေ.ရခြင်းရှိမရှိဆိုသည်များကို တိုင်းတာသောပေတံတချောင်းထဲရှိသည် ။ ထိုစံနှုန်းသတ်မှတ်ချက်မှာ တိုင်းပြည်အုပ်ချုပ်သော ဘုရင်ကြီးသည် မင်းကျင်.တရားဆယ်ပါးနှင်.ညီပါရဲ.လားဟူ၍ဖြစ်သည် ။ လူတို.စွဲမြဲစွာယုံကြသည်မှာ မိမိတို.ကိုအုပ်ချုပ်ဗိုလ်လုပ်နေသော ခေါင်းဆောင်သည် အကျင်.စာရိတ္တ ၊သီလ ၊သမာဓိနှင်.ပြည်.စုံလျှင် တိုင်းပြည်သည် ခိုးသားဓါးပြမရှိပဲ ကောက်ပဲသီးနှံပေါကြွယ်ဝကာစည်ပင် ဖွံ.ဖြိုးမည် ။ မိမိတို.၏ခေါင်းဆောင် က တရာမစောင်.လျှင် တိုင်းပြည်သည် ရန်မီးမုဒိမ်းဘေးခပ်သိမ်းကို ဖိတ်ခေါ်နေသလိုရှိမည်ဟူ၏ ။ ဆင်းရဲမွဲတေမှုနှင်.ဘေးခပ်သိမ်း ၊ရန်ခပ်သိမ်းအပေါင်းသည် မင်းဟုခေါ်သော နိုင်ငံ.ခေါင်းဆောင်သီလမစောင်.သောအခါကျရောက်လာမည်ဟုယုံကြည်ကြသည် ။ ရှေးအစဉ်အဆက်ယုံကြည်ကြသောမင်းကျင်.တရားသည် ဆယ်ပါးရှိ၏ ။ ဤဆယ်ပါးသည် လူတို.စိတ်ကူးပေါက်ရာတည်ထွင်ကြံဆပြောဆိုကြခြင်းမဟုတ် ၊ ဗုဒ္စဘာသာတွင်ဘုရားဟောဖြစ်သည် ။ မဟာသံသဇာတ်နှင်. နန္ဒိယဇာတ်အဋ္ဌကထာတို.၌လည်းပါရှိသည် ။ မင်းကောင်းမင်းမြတ်တို.ကျင်.၀တ် ၁၀ ကိုတပါးခြင်းကြည်.ကြပါစို. ။ ထို.အပြင် ယခုအခါ အစိုးရသည် မင်းဖြစ်၏ ။ သမ္မတကြီးသည်မင်းဖြစ်၏ ။ ထိုသို.ယူဆခဲ.ပါလျှင် ယခုခေတ် အစိုးရအဖွဲ.နှင်.သမ္မတကြီးသည် မင်းကျင်.တရားနှင်.ညီမညီ တချက်ခြင်း သုံးသပ်ကြည်.ကြပါစို. ။
(၁) ဒါန
အလှူပေးခြင်းဖြစ်သည် ။အလှူအတန်းနှင်.ပါတ်သက်လျှင်ကား ရံဖန်ရံခါ သမ္မတကြီးသည်ဆောင်ရွက်တတ်တာတွေ.ရ၏ ။ အခါကြီးရက်ကြီးများတွင်ရေစက်ခွက်ကိုင်၍ ရဟန်းသံဃာများကိုလှူတန်းနေတာ သတင်းစာထဲမှာ ၊ရုပ်မြင်သံကြားမှာတွေ.ရဖူးပါသည် ။ ဤအချက်ကိုကြည်.လျှင်တော. ဒါနဟူသောအချက်နှင်.ညီသည်ဟု ပြောမည်ဆိုပြောနိုင်ပေသည် ။ သို.သော်ဒါန၏တကယ်.အနှစ်သာရမှာ လိုအပ်နေသူများကိုလှူဒါန်းခြင်းဖြစ်သည် ။ အပေါ်ယံလူမြင်ကောင်းအောင်လုပ်ခြင်းသည် တကယ်.ဒါနအစစ်မဟုတ် ။ တကယ်လိုနေသူများကားမည်သူတွေနည်း ။ရှင်းပါသည် မြန်မာတပြည်လုံးရှိဆင်းရဲသားပြည်သူများဖြစ်သည် ။ ထိုသူတွေကိုလှူရမည် ။ ထိုသူတွေကိုပေးရမည် ။ ထိုသူတွေကိုကျွေးရမည် ။ ဒါမှဒါနအစစ်ဖြစ်သည်မည်၏ ။ မည်သို.ကျွေးမည်နည်း။ မည်သို.ပေးမည်နည်း ။ မင်းသည် အာဏာပိုင်ဖြစ်သောကြောင်.အာဏာနှင်.ပေးရမည် ။ အာဏာနှင်.ကျွေးရမည် ။ မည်သို.နည်.ဟူမူ မိမိလုပ်ပိုင်ခွင်.အာဏာကိုအသုံးပြု၍ ဆင်းရဲသားများကို အစွမ်းကုန်ထောက်ပံ.ကူညီရမည် ။ ဆင်းရဲသားများကိုပေးနိုင်ကျွေးနိုင် ထောက်ပံ.နိုင်သော အမိန်.နှင်.ညွှန်ကြားချက်များထုတ်ရမည် ။ နိုင်ငံတကာတွင် အစိုးရသည် ၀င်ငွေနည်းပါးသော ဆင်းရဲသားများစားနိုင်ရန် အစားအစာများကိုလျှော.ဈေးဖြင်.ရောင်းချပေးခြင်း ၊အချို.နေရာများတွင် စတုဒီသာအဖြစ်အခမဲ. ကျွေးမွေးခြင်း ၊အခမဲ.ဆေးကုသပေးခြင်းတို.ကို အမြဲပြုလုပ်လေ.ရှိသည် ။ လူမြေင်ကောင်းအောင် လူကြီးလာတုန်းခေတ္တခနလုပ်ကြပုံမျိုးကိုမဆိုလိုပါ ။ အစိုးရသည် အဖွဲ.၀င်ဝန်ကြီးများကျိကျိတက်အောင်ချမ်းသာနေသော်လည်း သူတပါးတကယ်အကျိုးရှိသော အလှူဒါနပြုလုပ်သူနည်းပါးလှပါသည် ။
(၂) သီလ
သီလဆိုသည်မှာ လူများအတွက်အခြေခံ ငါးပါးသီလကိုဆိုလိုသည် ။ တိုင်းပြည်အုပ်ချုပ်မင်းလုပ်မည်.သူသည် ငါးပါးသီလကို ခါးဝတ်ပုဆိုးကဲ.သို. မြဲမြံရမည် ။ ငါးပါးသီလ (ပဉ္စသီလ)ဆိုသည်မှာ အများသိကြသည်.အတိုင်း သူ.အသက်မသတ်ခြင်း ၊ သူတပါးပစ္စည်းမခိုးခြင်း ၊ မမှန်သော စကားကိုမပြောခြင်း ၊ မူးယစ်မေ.လျော.တတ်သောအရက်သေစာသောက်စားခြင်းမှရှောင်ကျဉ်ခြင်း ၊ သူတပါးသားမယားကိုပြစ်မှားကျူးလွန်မှုမှရှောင်ကျဉ်ခြင်း တို.ပင်ဖြစ်သည် ။ ထိုအထဲတွင်သမ္မတကြီးနှင်.အစိုးရအဖွဲ.တို.အတွက် မူးယစ်စေတတ်သောအရာများသောက်စားခြင်း ဆိုသော သိက္ခာပုဒ်နှင်. သူတပါးအိမ်ယာကိုလွန်ကျူးခြင်းဆိုသော သီလနှစ်ပါးကတော.ခိုင်လုံလိမ်.မည်ဟုကျွန်တော်ယုံကြည်ပါသည် ။ ကျန်သုံးမျိုးကတော.လုံလိမ်.မည်ဟုမထင်ပါ ။ ပထမအချက် သူ.အသက်မသတ်ခြင်း ( ပါဏာတိပါတ) ဆိုသောကိစ္စကိုကြည်.ပါ ။ လောလောလတ်လတ်ပင် ဒေါ်ခင်ဝင်းဟူသောတောင်သူ အဒေါ်ကြီးတယောက်မှာ သမ္မတကြီး၏လက်အောက်ခံပြည်ထဲရေးဝန်ကြီးဌာနမှ ရဲသားများလက်ချက်ဖြင်.သေဆုံးသွားရသည်ဖြစ်ရာ အပေါ်ဆုံးမှ မင်းဖြစ်သူ မှာ အလိုလိုနေရင်း သူ.အသက်သတ်မှုကံထိုက်နေပေသည် ။ တဖန် မြို.မှာအဖမ်းခံရပြီး တောတွင်းတနေရာတွင် ပစ်သတ်ခံလိုက်ရသောကိုပါကြီး အမှုတွင်လည်း သတ်သူမှာ သမ္မတကြီးအစိုးရအဖွဲ.လက်အောက်ခံ ၀န်ကြီးဌာနမှဖြစ်သည် ။ ထိုလူသတ်မှုတွင် သမ္မတကြီးလည်းသွယ်ဝိုက်အပြစ်ရှိပါ၏ ။ ၈၈ အရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ သံဃာအရေးအခင်းတို.တွင်လူများစွာသေခဲ.ကြသည်ဖြစ်ရာ အစိုးရအဖွဲ.နှင်.ပါဏာတိပါတကံမှာ တပူးတွဲတွဲဖြစ်နေပေသည် ။ ၂၀၀၈ နာဂစ်မုန်တိုင်းကြီးတွင်လည်း အစိုးရ၏ပေါ.လျော.မှု ကြောင်.အသက်သေကြရသူများမှာလည်း မရေတွက်နိုင်အောင်များလှပေသည် ။ ထို.ကြောင်. မင်းကျင်.တရားထဲမှငါးပါးသီလတွင် ပထမအပါးကတော.ကျိုးပျက်နေပြီဖြစ်သည် ။ ဒုတိယသီလဖြစ်သည်. ခိုးဝှက်ခြင်းတွင်တော.ပွင်.ပွင်.လင်းလင်းပြောရလျှင် အစိုးရတဖွဲ.လုံး ၊ ဗိုလ်ချုပ်ကြီးတွေအားလုံး တယောက်မှမလွတ်ပါဟုသာပြောရတော.မည် ။ နိုင်ငံ.ဘဏ္ဍာကိုကိုယ်.အိပ်ထဲသို.ကဲ.ကြရင်းကိုယ်ဘယ်လိုချမ်းသာလာသလဲ ကိုယ်.ဘာသာအသိဆုံးဖြစ်ပေသည် ။မုသာဝါဒတွင်လည်း မကြာခနအငြင်းပွာစရာစကားတွေပြောကြားနေတာ အစိုးရဖြစ်သည် ။ ဟိုကရိုလို.ဒီကပြန်ရိုက်ရပါတယ်ဆိုသောစကား ၊ မြန်မာပြည်မှာလျှပ်စစ်တွေပိုလျှံနေသောကြောင်. ပြည်ပသို.ရောင်းစားရပါသည်ဆိုသောစကား ၊ လူတယောက်တနေ.လျှင် နှစ်ထောင်ကျပ်ဖြင်.လောက်ငသည်ဆိုသောစကား ၊ မြန်မာနိုင်ငံတွင်ကလေးစစ်သားမရှိဘူးဟု အတန်ကြာဘူးခံခဲ.သည်.စကား ၊ မြန်မာနိုင်ငံတွင်နိုင်ငံရေးအကျဉ်းသားမရှိပါဟုကွယ်ဝှက်ခဲ.ဖူးသည်.စကားများမှာ မုသာဝါဒ များဖြစ်ကြသည် ။ သီလတွင်အမှတ် (၁၀၀ )ပေးရာ၌ အစိုးရသည် (၄၀)မှတ်လျှော.လျော. ရရှိပါ၏ ။
(၃) ပရိစာဂ
ပေးကမ်းချီးမြင်.စွန်.ကြဲရခြင်းဖြစ်သည် ။ အစိုးရသည် ပရိစာဂ အတွက်တော.ပူစရာမလိုအောင်ပြည်.စုံသည် ။ အမြဲပင် သမ္မတကြီးနှင်.အစိုးရအဖွဲ.သည်ပေးကမ်းချီးမြင်.နေသည်မဟုတ်ပါလား ။ တခုပဲရှိသည် မည်သူ.ကိုပေးကမ်းချီးမြင်.သနည်း ၊ မည်သူ.ကိုချီးမြင်.မြှောက်စားသနည်းဆိုတာတော.မေးဖို.လိုသည် ။ ခုံးကျော်တံတားဆောက်လုပ်ရေးစီမံကိန်းများ ၊ ရန်ကုန်မြို.သစ်ဖော်ထုတ်ရန်စီမံကိန်းများ၊ ရေကူးအသံလွှင်.ရုံဝင်းမြေကိုပုဂ္ဂလိကလွှဲမည်.စီမံကိန်းများ၊ စားအုံးဆီတဦးတည်းမူပိုင်သွင်းခွင်.ပါမစ်များ ၊ သစ်တောအားလုံးပြောင် ခုတ်ခွင်. နိုင်ငံခြားပို.ခွင်.များ ၊ နေပြည်တော်တည်ဆောက်ရေးကန်ထရိုက်လုပ်ပိုင်ခွင်.များ ၊ လွှတ်တော်တည်ဆေက်ရေးကန်ထရိုက်များ ၊ ဗိုလ်ရှုခံအခမ်းအနားစင်မြင်. ဆောက်လုပ်ရေးကန်ထရိုက်များ ၊ အရှေ.တောာင်အာရှအားကစားပွဲအတွက်ဘောလုံးကွင်းတည်ဆောက်ခွင်.ကန်ရိုက်များ ၊ ဘဏ်အမျိုးမျိုးဖွင်.ခွင်.များ ၊ ရုပ်သံထုတ်လွှင်.ခွင်.လိုင်စင်များ ၊ ဘီယာချက်စက်ရုံ ၊အရက်ချက်စက်ရုံခွင်.ပြုမိန်.များ စသည်.စသည်.မရေတွက်နိုင်သော လုပ်ပိုင်ခွင်.၊အမိန်.၊ပါမစ် ၊ များကို အစိုးရသည် သူတို.နှင်.နီးစပ်သူခရိုနီတစု ၊ အခွင်.ထူးခံမိသားစုတစုကိုသာပေးခဲ.တာတနိုင်ငံလုံးအသိဖြစ်သည် ။ ထို.ကြောင်.အစိုးရမင်းများသည် ပရိစာဂ ၊ပေးကမ်းချီးမြှင်.ခြင်းနှင်.ပြည်.စုံပေ၏ ။
(၄) မုဒုက
ကိုယ်နှုတ် နူးညံ.သိမ်မွေ.ရခြင်း ။ သမ္မတကြီးသည် စကားပြောလျှင်လေအေးလေးဖြင်.ပြောလေ.ရှိသည် ။ ကိုယ်နှုတ်အမူအရာအတန်ပင်နူးညံ.ပါ၏ ။ သို.သော် သမ္မတကြီး၏အစိုးရအဖွဲ.၀င်များမှာမူကား ဝေသာလီပြည်မှဘီလူးများသဖွယ်ရှိပါပေကုန်၏ ။ ကိုယ်.ကိုထမင်းကျွေးထားသောပြည်သူလူထုကို ပါးရိုက်မည်ဟုပြောသည်မှာဘာမှမဆန်း ။ နယ်လှည်.ပါးရိုက်လာတာဟုပင်ဂုဏ်ယူကြိမ်းဝါးကြသည် ။ ဗိုက်ကဒဏ်ရာတွေလှန်ပြသူကလှန်ပြသည် ။
(၅) ဥပေါသထ
အဋ္ဌင်္ဂသီလစောင်.သုံးရခြင်း ။ အခါကြီးနေ.ကြီးများတွင် ရှင်ဘုရင်နှင်.၀န်ကြီးများသည် ရှစ်ပါးသီလကိုစောင်.ထိမ်းရခြင်းကိုဆိုလိုသည် ။ ရှစ်ပါးသီလသည်ငါးပါးသီလထက်ခက်ခဲ၏ ။ ညစာမစားရခြင်း ၊ မေထုန်မှုမပြုရခြင်း ၊ သီဆို တီးမှုတ် ကခုန် ပန်းနံ.သာလိမ်း တင်.တယ်အောင်ပြုပြင်စသောကိစ္စများကိုစွန်.ပယ်ရခြင်း၊ ခမ်းနားသောအိပ်ယာမွေ.ယာများတွင်အိပ်စက်ခြင်း ၊တတောင်.ထွာထက်ပို၍ မြင်.သောနေရာများတွင်အိပ်စက်ခြင်းမပြုရ စသောအချက်များပိုလာ၏ ။ ငါးပါးသီလမှာပင်စာမေးပွဲသိပ်မအောင်ချင်သော အစိုးရသည် ရှစ်ပါးဆိုပါက ကျိုးပေါက်ဖို.ပိုများသည် ။
(၆) အက္ကောဓ
အမျက်မထွက်ရခြင်း ။ ဘုရားဟောမင်းကျင်.တရားထဲတွင်အလွန်ခေတ်မီသော အချက်ဖြစ်သည် ။ မကြာသေးမီကဗင်နီဇွဲလားနိုင်ငံတွင် သမ္မတကို ပြည်သူတဦးက သရက်သီးနှင်.ပစ်ပေါက်ပြီးဆန္ဒပြသောအဖြစ်အပျက်တခုဖြစ်သွားပေသည်။ ။ကိုယ်ပိုင်အိမ်ယာတိုက်ခန်းနှင်.တသက်လုံးတခါမှမနေဖူးသောအမျိုးသမီးတယောက်က သမ္မတလာသောအချိန်တွင် တိုက်ခန်းရလိုကြောင်းသရက်သီးတွင်စာရေး၍ပစ်ပေါက်ဆန္ဒပြလိုက်ခြင်းပင် ။ ထိုသမ္မတသည်မင်းကျင်.တရား (၁၀) ပါးထဲမှ အက္ကောဓ (ပြည်သူကိုအမျက်မထွက်ရခြင်း) ဆိုသောအရည်အချင်းနှင်.တကယ်ပင်ညီညွတ်ပေသည် သူ.ကိုပစ်ပေါက်လိုက်သောသရက်သီးကိုအေးအေးသက်သာကောက်ယူလိုက်ပြီး သရက်သီး၌ရေးထားသောစာကိုဖတ်ကြည်.ကာ ထိုအမျိုးသမီးကိုတိုက်ခန်းတခန်းနိုင်ငံတော်မှပံ.ပိုးပေးဖို.ချက်ခြင်းဆုံးဖြတ်လိုက်လေသည် ။ မြန်မာနိုင်ငံတွင် လူကြီးများကိုသရက်သီး ၊ခရမ်းချဉ်သီးများနှင်.ပင်ပေါက်သေးသည်မဟုတ် ၊ အလုပ်သမားများက လုပ်ခလစာတိုးတက်ရရှိရေး ၊ ကျောင်းသားများက ပညာရေးဥပဒေပြောင်းလဲပြင်ဆင်ရေးငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြရာတွင် ဒေါသတကြီး နံပါတ်တုတ်များနှင်. ရိုက်နှက်ဖမ်းဆီးခဲ.ကြလေသည် ။ အက္ကောဓ ကိုမလိုက်နာနိုင်ခြင်းပင် ။
(၇)အ၀ိရောဓ
ရဟန်းရှင်လူ ပြည်သူတို.နှင်.မဆန်.ကျင်ရခြင်း ။ ဤနေရာ၍အတော်ပြောစရာရှိပေ၏။ မြန်မာနိုင်ငံတွင်ပြည်သူ.ဆန္ဒ ၊ပြည်သူ.စကားကိုအစိုးရကနားထောင်သည်မှာ သမ္မတဦးသိန်းစိန်တက်လာကာစက မြစ်ဆုံဆည်စီမံကိန်းကို ပြည်သူလူထုမလိုလားသဖြင်. မိမိအစိုးရလက်ထက်တွင် ရပ်နားထားမည်ဟုကြေငြာခြင်းတခုသာရှိသည် ။ဒါတောင်ကြေငြာချက်မှာ စီမံကိန်းကိုလုံးဝဖျက်သိမ်းခြင်းမဟုတ် ၊ ငါးနှစ်တာကာလခေတ္တဆိုင်းငံ.ခြင်းဖြစ်သည် ။နောက်တော.ပြန်လုပ်ကောင်းလုပ်နိုင်သည်ဆိုသည်.သဘောဖြစ်သည် ။ သို.သော် အခြားကိစ္စတော်တော်များများမှာတော. ပြည်သူနှင်.၀ိရောဓိအမြဲဖြစ်သည် ။ ပြည်သူလူထုဆန္ဒကို အမြဲဆန်.ကျင်လေ.ရှိသည် ။ ဥပမာအားဖြင်. ပြည်သူလူထုက ဖွဲ.စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ကိုပြင်ဆင်လိုသည် ။ လူငါးသန်းလက်မှတ်ထိုး၍ လွှတ်တော်သို.ပို.သည် ။ သမ္မတသည်လည်းကောင်း ၊ အစိုးရအဖွဲ.သည်လည်းကောင်း ၊လွှတ်တော်သည်လည်းကောင်း ၊ တပ်မတော်သည်လည်းကောင်း ထိုများပြားလှစွာသောပြည်သူ.ဆန္ဒကို မျက်ကွယ်ပြု၍ မသိကျိုးကျွံပြုထားကြပေသည် ။ ပြည်သူလူထုက တရုတ်၏သြဇာလွှမ်းမိုးမှု ၊စီးပွားရေးလက်ဝါးကြီးအုပ်မှု ၊ တာဝန်ခံမှုမရှိသော သယံဇာတထုတ်လုပ်မှုတို.ကို လျှော.ချစေလိုသည် ။ ချုပ်ငြိမ်းစေလိုသည် ။ သို.သော် အစိုးရသည် လူထုနှင်. ဆန်.ကျင်ဘက် ၀ိရောဓိဖြစ်ခဲ.သည် ။လူထုမလိုလားသမျှကို ၊ တိုး၍သာလုပ်ဆောင်ခဲ.သည် ။ သစ်အလွန်အကျွံခုတ်မှုကို ပြည်သူလူထုကမလိုလားပါ ။ သို.သော် အစိုးရသည်တရုတ်မှသစ်မှောင်ခိုသမားများကို ထိထိရောက်ရောက်မထိမ်းချုပ်နိုင်ပါ ။ အစိုးရ၀န်ကြီးတပါးက မိမိတို.လည်းတရုတ်ကိုကြောက်ရသည် ၊ တရုတ်သည်ကျေးဇူးရှင်ဖြစ်သည်ဟုပြောလာသောအခါ လူထုနှင်.အစိုးရသည် ပြဒါးတလမ်းသံတလမ်းဖြစ်သွားတော.သည် ။နိုင်ငံအ၀ှန်း၌ပြုလုပ်ရန်ရှိသောကျောက်မီးသွေးလောင်စာသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံများကိုဒေသခံများကနောက်ဆက်တွဲဖြစ်လာနိုင်သောကျန်းမာရေးပြသနာများကြောင်.မလိုလားပါ ။သူများနိုင်ငံမှာမသုံးတော.သောစက်များမြန်မာပြည်ရောက်လာ၍လေထုညစ်ညမ်းမည်ကိုစိုးရိမ်ကြပါသည် ။ လယ်ယာမြေများကို တပ်နှင်. အစိုး၇ မှသိမ်းခြင်း ၊ ခရိုနီများမှသိမ်းခြင်းကိုပြည်သူလူထုကမလိုလားပါ ။ ပြီးခဲ.သည်.ရက်ပိုင်းအတွင်းကမှ ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို.နယ် ၊ ကွန်လုံကျေးရွာအုပ်စု ၊ ရေပူကျေးရွာ မှ တောင်သူဦးမြင်.အောင်သည် မိမိမြေများကို ရ.ပ.ခ တပ်မှသိမ်းဆည်းထားသည်.အတွက် ကိုယ်.ကိုယ်ကို မီးရှို.ကာ ဆန္ဒပြသတ်သေခဲ.သည်.ကြောက်စရာရင်နာစရာဖြစ်ရပ်တခုဖြစ်ပွားခဲ.ပါသည် ။ မည်သူမဆို မိမိပိုင်ဆိုင်သောမြေများကို တခြားလူက အဓမ္မသိမ်းယူမှုကိုကြေနပ်ကြမည်မဟုတ်ပေ ။ ပြည်ထောင်စုမြန်မာနိုင်ငံ၌မြေကို နိုင်ငံတော်ကပိုင်သည်ဆိုရာတွင်လည်း နိုင်ငံတော်ဆိုသည်မှာ စစ်တပ်တခုတည်းကိုဆိုလိုခြင်းမဟုတ် ၊ အစိုးရတခုတည်းကိုဆိုလိုခြင်းမဟုတ်ပေ။တိုင်းသူပြည်သားများသည်လည်းနိုင်ငံတော်၏အစိတ်အပိုင်းတရပ်ဖြစ်သည် ။
(၈)အ၀ိဟိံသန
ပြည်သူလူကိုအခွန်အတုပ်အမျိုးမျိုးဖြင်.မညှဉ်းဆဲရခြင်းကိုဆိုလိုသည် ။ မြန်မာနိုင်ငံ၌ အလွန်ချမ်းသာသူ ၊ မတရားချမ်းသာသူ ၊ အလွန်.အလွန်ချမ်းသာ သူ ခရိုနီတို.သည် လုပ်ငန်းအမျိုးမျိုးဖြင်. ၀င်ငွေအမျိုးမျိုးရနေကြသော်လည်း အခွန်အမျိုးမျိုးတော.မဆောင်ကြပါ ။လုပ်ငန်းဆယ်ခုရှိလျှင် တခုပင်အနိုင်နိုင် အခွန်ဆောင်ကြသည် ။ ဆောင်တော.လည်းသူတို.၀င်ငွေ၏အနိမ်.ဆုံးအဆင်.မျှပင်မရှိသောငွေကြေးပမာဏကို သာကြေငြာအခွန်ဆောင်ကြခြင်းပင် ။ လာဘ်အမျိုးမျိုးပေးကာအခွန်ရှောင်နေကြသောလုပ်ငန်းရှင်များကားကြောက်ဖွယ်လိလိ ။ တဖက်တွင်တော. သာမန်လက်လုပ်လက်စားဆင်းရဲသားပြည်သူလူထု၏ အိပ်ထဲမှချွေးနဲစာကိုအခွန်ကောက်လိုသော တယ်လီဖုန်းငွေဖြည်.ခွန်ဟူသော ပလိုင်းထဲမှဖားကိုထုတ်ရိုက်သည်.အကွက်တွေလုပ်လာသည် ။ လွှတ်တော်ကတားမြစ်မည်.အရိပ်လက္ခဏာရှိသည် ။ ဤအခွန်သည် ပြည်သူလူထုအောက်ခြေလူတန်းစားကို အားလုံးထိသဖြင်. ၂၀၁၅ ရွေးကောက်ပွဲတွင်လက်ရှိအစိုးရကိုပို၍မျက်မုန်းကျိုးလာဖွယ်ရှိသည် ။ အခြားနိုင်ငံများတွင်အခွန်ကောက်သော်လည်း အားလုံးမျှမျှတတဥပဒေအတိုင်းတိတိကျကျကောက်ခြင်း ၊အခွန်မှရသောဝင်ငွေကို ပြည်သူလူထုအတွက်ထိုက်ထိုက်တန်တန်ပြန်သုံးပေးခြင်းကြောင်.ပြည်သူလူထုကကြေနပ်ကြသည် ။ မြန်မာနိုင်ငံတွင်ပြည်သူကကြည်ဖြူစွာအခွန်ပေးလိုသော်လည်း ဘတ်စ်ကားများလည်းကောင်းမလာ ၊အင်တာနက်လိုင်းလည်းကောင်းမလာ၊အများသုံးအိမ်သာများလည်းကောင်းမလာ ၊ အမှိုက်သိမ်းစနစ်ကလည်းမကောင်း ၊ ရေနှင်.မီးကလည်းလာချင်လာမလာချင်မလာဖြစ်နေသဖြင်. လူတွေက အစိုးရကိုအခွန်ပေးရတာမတန်ဘူးဟုမြင်နေကြသည် ။ ပြည်သူကိုအခွန်ဖြင်.မနှိပ်စက်ခြင်းသည် မင်းကျင်.တရားဖြစ်သည် ။
(၉) ခန္တီ
သည်းခံရခြင်း ။ နိုင်ငံတော်အကြီးအကဲသည် သည်းခံရ၏ ။ သဘောထားကြီးရ၏ ။ ပြည်.၀ရ၏ ။ ထိုမှသာတိုင်းပြည်အေးချမ်းသာယာဝပြောပါသည် ။ ထစ်ကနဲရှိဖမ်းလိုက်မည် ။ ထစ်ကနဲရှိ ရိုက်လိုက်မည် ၊ ထစ်ကနဲရှိ တရားစွဲလိုက်မည် ။ထောင်ချလိုက်မည်ဆိုလျှင် တိုင်းသူပြည်သားများသည် ကျီးလန်.စာစားသလိုရှိပေတော.မည် ။
(၁၀) သမ္မာပဋိပန္န
ဖြောင်.မတ်မှန်ကန်စွာကျင်.ရခြင်း ဖြစ်သည် ။ မိမိတို.အဖွဲ.တော.စားမည် ၊အခြားသူတွေမစားစေနှင်.၊ မိမိတို.အဖွဲ.တော. ဥပဒေအထက်တွင်နေမည် ၊အခြားသူများကိုတိတိကျကျအရေးယူပါ ၊ မိမိအဖွဲ.တော.စီးပွားရေးအခွင်.ထူးတွေယူမည် ၊အခြားအဖွဲ.တွေကိုတော.လုပ်ရကိုင်ရခက်အောင်ညစ်ထားလိုက်ဆိုသောစိတ်ဓါတ်မျိုးသည် သမ္မာပဋိပန္နမဖြစ်ပေ ။ဖြောင်.မတ်မှန်ကန်စွာကျင်.ခြင်းသည် ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓါတ်မျိုးဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံသည် ပါတီတခုနှင်.သာဆိုင်သည်မဟုတ် ၊ အခြားပါတီများနှင်.လည်းဆိုင်သည်ဟု အာဏာရပါတီကြီးကပြောဖူးပါသည် ။ ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို ပါတီတိုင်း သုံးနိုင်ပါသည် ။ သို.သော် ဗိုလ်ချုပ်အောင်ဆန်းစိတ်ဓါတ်မျိုးဖြစ်သော ဖြောင်.မတ်မှန်ကန်စွာကျင်.ခြင်းဟူသောဂုဏ်ရည်ကိုလည်းအတုခိုးသင်.လှပေသည် ။
ရှေးသူတော်ကောင်းမင်းတို.လက်ထက်တွင်အထက်ပါ မင်းကျင်.တရာ(၁၀)ပါးနှင်.ညီညွတ်သောကြောင်.တိုင်းပြည်သည် မိုးလေ၀သမှန်ကန်၏ ။အေးချမ်းသာယာပြီးစီးပွားလာဘ်လာဘတိုးတက်ပွင်.လန်းပေ၏ ။ အခြားတိုင်းတပါးသို.သွားရောက်ကျွန်ခံရခြင်းမရှိသလောက် ရှားပေ၏ ။ လယ်ယာမြေသိမ်းခံရသဖြင်.ကိုယ်.ကိုယ်ကို မီးရှို.သတ်သေသူကား တခါမျှပင်မကြားရဖူးပေ ။ ယခုခေတ်တွင်တော.ထိုဖြစ်ရပ်တို. နေရာအနှံ.ဖြစ်ပေါ်နေပေ၏ ။ မင်းကျင်.တရားကပဲ (၁၀)ပါးဆိုသဖြင်.များနေသလား ။ လိုက်နာရတာပဲခက်နေသလား ။ မလိုက်နာနိုင်မည်.အတူတူနံပါတ်(၂)သီလထဲမှ မုသာဝါဒ နှင်.ပါဏဏာတိပါတ နံပါတ်(၁၀)သမ္မာပဋိပန္န စသောလေးငါးခြောက်ချက်ကို မင်းကျင်.တရားထဲမှဖယ်ထုတ်လိုက်လျှင် တို.လူကြီးတွေလုပ်ရကိုင်ရပိုအဆင်ပြေသွားမည်လားဟုတွေးမိကြောင်းပါ ။
သရ၀ဏ်(ပြည်)
စောင်ကြည်.ဂျာနယ်
၂.၆.၂၀၁၅

0 comments:

Post a Comment

Facebook Like Page