( မီဒီယာတွေကလဲပေါက်ပေါက်ရှာရှာမေး ၊ ကျွန်တော်ကလည်းပေါက်ပေါက်ရှာရှာဖြေ )
-------------------------------------------------
လူတွေမှာ ဆန္ဒတွေ ၊ဖြစ်ချင်တာတွေ ရှိကြပါတယ်။ဒါ.ကြောင်.တကယ်လို.များ ဖြစ်ချင်တာတွေ စိတ်ထဲမှာရှိရင် ရင်ဖွင်.ရအောင်လို. ဒီကဏ္ဍကို စာရေးဆရာ “ သရ၀ဏ်(ပြည်)” နဲ. မေးဖြစ်ခဲ.ပါတယ်
(လက်ရုန်းမင်းထင်- အဓိပတိဂျာနယ် ၁၀.၆.၂၀၁၅ )
တကယ်လို.ခင်ဗျားသာနိုင်ငံတော်သမ္မတဖြစ်ခဲ.ရင်ဘာလုပ်မလဲ
- နိုင်ငံတော်သမ္မတမှာ ဖွဲ.စည်းပုံကပေထားတဲ.အာဏာအရ အကျဉ်းသားတွေကိုပြစ်ဒဏလွတ်ငြိမ်းခွင်.ပေးခွင်.ရှိတယ် ။ ကျွန်တော်သာသမ္မတကြီးနေရာမှာဆို နိုင်ငံရေးအကျဉ်းသားတွေအားလုံးကိုပြစ်ဒဏ်ကလွတ်ငြိမ်းခွင်.ပြုမယ် ။ကျောင်းသားတွေ ၊အလုပ်မားတွေ၊ယုံကြည်ချက်ကြောင်.အကျဉ်းကျနေသူတွေကိုချက်ခြင်းအချုပ်အနှောင်ကလွှတ်ပေးမယ်။ တစ်နိုင်ငံလုံးမှာအဂတိလိုက်စားမှုပြင်းထန်နေတာတွေကို အထူးတပ်ဖွဲ.တွေဖွဲ.ပြီးနှိမ်နှင်းမယ် ။ဆင်းရဲသားတွေကိုတတ်နိုင်သမျှကူညီမယ် ။ခရိုနီတွေကိုအခွန်တိတိကျကျကောက်မယ် ။နောက်တစ်ကြိမ်သမ္မတသက်တမ်းတစ်ခုဝင်မပြိုင်တော.ပဲကိုယ်.သမိုင်းကောင်းအောင်အဓိကလုပ်မယ် ။အတိုက်အခံတွေနဲ.လက်တွဲပြီးနိုင်ငံတော်မျက်နှာကိုကြည်.ပြီးရဲရဲဝံ.၀ံ.ဆောင်ရွက်မယ် ။
တကယ်လို.ခင်ဗျားသာဒေါ်အောင်ဆန်းစုကြည်နေရာမှာဆိုရင်ဘာလုပ်မလဲ
- ဒေါ်အောင်ဆန်းစုကြည်ကခက်ခဲတဲ.အခြေအနေတစ်ရပ်ကိုရင်ဆိုင်ဖြတ်သန်းနေရတယ် ။အခြေအနေက ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအောင်နိုင်ရေးတစ်ဖက် ၊နောက်တစ်ဖက်က ပြည်သူလူထုနဲ.သိပ်ပြီးကင်းကွာမသွားဖို.ကတစ်ဖက် ဒီလိုဖြစ်နေတယ် ။ ၁၉၈၈ ကာလတုန်းကလို ၊ ၁၉၉၀ တုန်းကလို ထိပ်တိုက်ရင်ဆိုင်ရေး ( Confrontation ) နည်းနဲ.ဆက်သွားရင် အစိုးရ ၊လွှတ်တော် ၊ တပ်မတော်နဲ.ထိပ်တိုက်တွေ.မယ် ။ ဒါကိုဒေါ်အောင်ဆန်းစုကြည်လိုလားမှာမဟုတ်ဘူး ။ဒါပေမယ်.တစ်ဖက်မှာလည်း အစိုးရနဲ.လွှတ်တော်ထဲမှာ ပိုပြီးပျော.ပျော.ပြောင်းပြောင်းမျိုးဆက်ဆံလာတဲ.အခါ ပြည်သူလူထုကအထင်မှားအမြင်မှားဖြစ်တာမျိုးကိုရင်ဆိုင်လာရနိုင်တယ် ။ ဥပမာ လက်ပံတောင်းတောင်စုံစမ်းရေးကော်မရှင်မှာ ဥက္ကဌလုပ်မိတာမျိုးပေါ. ။တစ်ဖက်မှာပြည်သူလူထုရှေ.ကနေပြီးအရင်လို နေရာတကာမားမားမတ်မတ်ရပ်ခဲ.ရင် NLD ပါတီဖျက်သိမ်းခံရမှာ ၊မတရားသင်းကြေငြာခံရမှာကိုလည်းဒေါ်အောင်ဆန်းစုကြည်စိုးရိမ်ရတယ် ။တော်တော်ဘေးကျပ်နံကျပ်ပါပဲ ။ ကျွန်တော်သာသူ.နေရာမှာဆိုရင် ကိုယ်.ဘက်ပါမလာမယ်. တပ်မတော်ကို မျှော်ကိုးနေတာတွေ ရပ်လိုက်မယ် ။ ပြည်သူလူထုဘက်ကိုရဲရဲရပ်လိုက်မယ် ။ အရင်ကလိုပဲ ပြည်သူ.ရှေ.ကရဲရဲရပ်မယ် ။ လူထုခေါင်းဆောင်ဆိုတဲ.ဂုဏ်ပုဒ်ကိုပဲ မိမိရရဆုပ်ကိုင်ထားမယ် ။ အစိုးရကြိုက်ချင်ကြိုက် မကြိုက်ချင်နေ ပညာရေးကိစ္စ ၊အလုပ်သမားကိစ္စ ၊ လယ်ယာမြေအဓမ္မအသိမ်းခံရတဲ.ကိစ္စတွေမှာ ပြည်သူလူထုဘက်က ရဲရဲကြီးရပ်တည်လိုက်မယ် ။ အမေစု အဲဒိလိုလုပ်လိမ်.မယ်လို.လဲမျှော်လင်.ပါတယ် ။
တကယ်လို.ခင်ဗျားသာခြောက်ပွင်.ဆိုင်အစည်းအဝေးရဲ.အဖွဲ.၀င်တစ်ဦးဖြစ်ရင်ဘာတွေပြောပြီးဆွေးနွေးမလဲ
- ခြောက်ပွင်.ဆိုင်မှာလူတွေအများကြီးပါတယ်ဆိုပေမယ်. Key Player က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပဲ ။ သူ.နောက်မှာတပ်မတော်ရှိတယ် ။ လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်တွေရှိတယ် ။ဖွဲ.စည်းပုံပြင်ဆင်ရေးမှာ ၂၅ ရာခိုင်နှုန်းသောတပ်မတော်သားကိုယ်စားလှယ်တွေဟာအဓိကပဲ ။သူတို.ကဖျက်လဲဖျက်နိုင်တယ် ၊ ပြင်လဲပြင်နိုင်တယ် ။ ဒုတိယ Key Player ကတော. သမ္မတကြီးဦးသိန်းစိန်ပဲ ၊ သူဟာပြည်ခိုင်ဖြိုးပါတီရဲ.မကြေငြာသောဥက္ကဌ ( Undecleared Chairman ) ဖြစ်တယ် ။ဖွဲ.စည်းပုံပြင်ဖို.ဆိုရင်သူ.သဘောတူညီမှုရမှ ပြည်ခိုင်ဖြိုးအမတ်တွေကထောက်ခံမဲပေးလိမ်.မယ် ။ ခြောက်ပွင်.ဆိုင်တွေ.ရခြင်းရဲ.အဓိပ္ဖါယ်က ဖွဲ.စည်းပုံဥပဒေကိုပြင်ဖို.ပဲ ။ ဒေါ်အောင်ဆန်းစုကြည်နဲ.ဒေါက်တာအေးမောင်က ပုဒ်မ ၄၃၆ အပါအ၀င် ဖွဲ.စည်းပုံကို အဓိကအချက်တွေကြီးကြီးမားမားပြင်ချင်တယ် ။ကျန်တဲ.လေးဦး ( သမ္မတ၊ကာချုပ် ၊ ပြည်သူလွှတ်တော်ဥက္ကဌ ၊ အမျိုးသားလွှတ်တော်ဥက္ကဌ ) ကတော. အပေါ်ယံသဘောလောက်ပဲပြင်ချင်တဲ.လက္ခဏာရှိတယ် ။လုပ်ပိုင်ခွင်.က သမ္မတနဲ.ကာချုပ်အပေါ်အဓိကမူတည်နေတဲ.အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ. ဒေါက်တာအေးမောင်တို.မှာသိပ်ပြီးစိတ်တိုင်းကျတောင်းဆိုလို.ရတဲ.အခြေအနေတော.မဟုတ်ဘူး ။ရသလောက်တော.ရလိုရငြား ဖွဲ.စည်းပုံပြင်ဆင်ဖို.ပြောကြည်.ရမှာပဲ ။သိပ်အများကြီးမျှော်လင်.လို.တော.မရဘူး ။
တကယ်လို.ခင်ဗျားသာပြန်ကြားရေးဝန်ကြီးဖြစ်ရင်ဘာတွေလုပ်ဆောင်ပေးမလဲ ။
- ပြည်သူလူထုရဲ.အခွန်တော်ဘဏ္ဍာသုံးပြီး ကြေးမုံ ၊မြန်မာ.အလင်းသတင်းစာတွေထုတ်တဲ.အခါ ပြည်သူလူထုကိုဆန်.ကျင်စော်ကားတဲ. သတင်းတွေတော.မထည်.စေချင်ဘူး ။ဥပမာ လက်ပံတန်းပညာရေးသပိတ်မှာ ရဲတွေက အကြမ်းဖက်နှိမ်နှင်းတာ ၊ လှိုင်သာယာမှာငြိမ်းချမ်းစွာဆန္ဒပြတဲ. အလုပ်သမားတွေကို အကြမ်းဖက်မှုပြုခဲ.တာ ၊ မြို.တော်ခန်းမရှေ.မှာစွမ်းအားရှင်တွေက ကျောင်းသားသပိတ်ထောက်ခံသူတွေကို ရိုက်နှက်ဖမ်းဆီးတာတွေကို သတင်းရေးတဲ.အခါ အစိုးရဘက်ကနေတဖက်သတ်မရေးစေချင်ဘူး ။ ပြည်သူလူထုကိုထင်ဟပ်သော ၊ ကိုယ်စားပြုသော သတင်းကိုပဲရေးစေချင်တယ် ။ လူထုပိုက်ဆံနဲ. အစိုးရကိုကာကွယ်တာပဲရေးနေရင် ပြည်သူလူထုကိုသစ္စာဖောက်တာပဲ ။ ကျွန်တော်သာဝန်ကြီးနေရာမှာဆို အမှန်အတိုင်းရေးနိုင်ရေးမယ် ၊ မရေးနိုင်ရင်သတင်းစာကိုဖျက်သိမ်းလိုက်မယ် ။ဒါမှမဟုတ် ရာထူးကနေ တာဝန်သိသိနဲ. နှုတ်ထွက်လိုက်မယ် ။
သရ၀ဏ်(ပြည်)
တင်ဆက်..ပြည်သတင်းလူငယ်(ပြည်သတင်း)09253311019
0 comments:
Post a Comment