Thursday, June 18, 2015

အရှက်ရှိကြရဲ.လား သရ၀ဏ်(ပြည်)

Leave a Comment

အရှက်ရှိကြရဲ.လား
သရ၀ဏ်(ပြည်)
အချို.လူတို.သည် ဖင်ပေါ်ခေါင်းပေါ်ဖြစ်ခြင်းကိုအရှက်ဟူ၍ထင်ကြ၏ ။ အချို.သူတို.က အလှူအိမ်များတွင်သွားရောက်စားသောက်ခြင်းကိုအရှက်ကင်းမဲ.သောလုပ်ရပ်ဟုကင်ပွန်းတပ်ကြ၏ ။ အချို.လူတို.ကား မိမိစိတ်ထဲတွင်ရှိသသမျှကိုလွတ်လပ်စွာပြုမူပြောဆိုခြင်းများကိုအရှက်မရှိခြင်းဟုသတ်မှတ်ကြပြန်၏ ။ ကျွန်တော်ကတော.ဤအချက်များကိုအရှက်ဟုမယူဆ ။ ဤကိစ္စများသည် အပေါ်ယံအရှက်တရားများဖြစ်သည် ။ မည်သူ.ကိုမှမထိခိုက်နိုင်သောကိစ္စများဖြစ်သည် ။ တကယ်.အရှက်တရားဟုကျွန်တော်ယူဆသည်က ကိုယ်.အကျိုးစီးပွားတခုထဲအတွက်အများပြည်သူအကျိုးစီးပွားကိုဖျက်ဆီးခြင်းဖြစ်သည် ။ မိမိအကျိုးအတွက် အများကောင်းကျိုးကိုနင်းခြေခြင်းပဲဖြစ်သည် ။ဘယ်သူသေသေငတေမာပြီးရောဆိုသည်.စိတ်ဓါတ်များဖြစ်သည် ။ မြတ်စွာဘုရားဟောထားသော အရှက်ဆိုသည်မှာ ဟီရိသြတပ္ဖတရားဟုခေါ်သည်.မကောင်းမှုလုပ်ရမည်ကိုရှက်ခြင်းကြောက်ခြင်းတို.ပင်ဖြစ်သည် ။ ထိုအခါ လူတို.သည် တကယ်အရှက်ရှိရဲ.လားဟု ယနေ.ခေတ်အခြေအနေနှင်. ချိန်ထိုးတိုင်းတာကြည်.မိလေသည် ။
လွန်ခဲ.သောဆယ်.ငါးနှစ်ခန်.ကဖြစ်သည် ။ ဗိုလ်ချုပ်ခင်ညွန်.လက်ထက်ဖြစ်သည် ။ စည်ပင်ဝန်ကြီးဌာနသည် တနိုင်ငံလုံးရှိဈေးများကို ကန်ထရိုက်ခရိုနီများနှင်.ပေါင်းပြီးအသစ်ပြန်ဆောက်သောလုပ်ငန်းများကိုလုပ်နေသည် ။ ဈေးအကောင်းကြီးများကိုဖျက်ကာ နှစ်ထပ်ဈေးဟုဆိုကာအသစ်ပြန်ဆောက်သည် ။ ထို.နောက် ဆိုင်ခန်းများကို နှစ်ဆသုံးဆအမြတ်တင်ကာရောင်းစားခြင်းဖြင်. အာဏာပိုင်ရော ၊ ခရိုနီပါအကျိုးရှိခဲ.ကြသည် ။ မူရင်းဈေးသည်များမှာတော.ကိုယ်.ဆိုင်ခန်းမှပြောင်းပေးလိုက်ရပြီး ဈေးပြီးသောအခါ မူလပေါက်ဈေးထက်များစွာပေးကာအခန်းပြန်ဝယ်ကြရသည် ။ အချို.မှာလည်းအရောင်းအ၀ယ်ကောင်းသောမြေညီထပ်ဆိုင်ခန်းမှသည် အရောင်းအ၀ယ်ပါးသော အပေါ်ထပ်ဆိုင်ခန်းများဆီသို.ရောက်သွားကြသည် ။ ဈေးသည်များနှင်.မြို.ခံများအကျိုးမရှိသော်လည်း အာဏာပိုင်များအတွက်ခွင်ကောင်းကောင်းမိနေသဖြင်.တမြို.ပြီးတမြို.ဈေးများကို တဈေးပြီးတဈေးအသစ်ဆောက်ကြသည် ။ ခရိုနီနှင်.အာဏာပိုင်သည်ထောပြီးရင်းထောသည် ။ ပွပြီးရင်းပွသည် ။ ဈေးသစ်ဆောက်ရန်သူတို.အစီအမံကိုမနာခံသောဈေးများသည် အချိန်တိုအတွင်းမီးလောင်ပြာကျသွားတတ်စမြဲဖြစ်သည် ။ မီးလောင်ပြီးနောက် မည်သို.မျှစောဒကတက်၍မရပဲ ဈေးသစ်စီမံကိန်းကိုဖော်ဆောင်ခဲ.ကြပေ၏ ။ ထိုစီမံကိန်းသည် တနေ.သောအခါတွင် ပြည်မြို.သို.လည်းရောက်လာ၏ ။ ပြည်မြို.ကမ်းနားလမ်းတွင်ရှိသော ဈေးကြီးမှာ အလွန်ကြီးမားစည်ကားသည် ။ ဈေးရုံများမှာလည်းသူ.အတန်းလိုက် လေ၀င်လေထွက်အလင်းရောင်မှအစ အသွားအလာကောင်းအောင် စနစ်တကျတည်ဆောက်ထားသည် ။ ထိုသို.အဘက်ဘက်မှအဆင်ပြေနေသောဈေးကြီးကို အာဏာပိုင်တို.သည် ခရိုနီကန်ထရိုက်များနှင်.ပေါင်းကာရိုက်စားခွင်တခုပြုလုပ်လာသည် ။လက်ရှိဈေးကြီးကိုဖြို.ချပြီး နှစ်ထပ်ဈေးသစ်စီမံကိန်းလုပ်မည်ဟုဈေးသားများကိုခေါ်ပြောသည် ။ ခေါ်ပြောခြင်းမှာသဘောတူညီချက်တောင်းခြင်းမဟုတ် ။အသိပေးခြင်းဖြစ်သည် ။ ဈေးသူဈေးသားများက သဘောမတူဟုပြောကြသည် ။ ဤဈေးကြီးမှာသက်တမ်းလဲမအိုမင်းသေး ၊အဆောက်အဦများလဲခိုင်ခန်.သေးသည် ။ အင်္ဂရုပ်လဲကောင်းသည် ။ ဘာမှပြန်ဆောက်နေစရာမလိုဟုစောဒကတက်ကြသည် ။ အာဏာပိုင်တို.ကလဲခွင်ရိုက်ထားပြီးဖြစ်သဖြင်. အစည်းအဝေးခေါ်ပြီးမကြာမီမှာပင် ကန်ထရိုက်များကိုခေါ်လာကာ ဈေးထဲတွင် ပန္နက်ရိုက် သည် (အမှန်တော.ဈေးသူဈေးသားများကို အသိမပေးခင်ထဲက အာဏာပိုင်တို.သည် ကန်ထရိုက်နှင်. ညှိပြီးခွင်ချကာတခါတည်းခေါ်လာခြင်းဖြစ်သည် )။ ဈေးသားများကသဘောမတူကြောင်းပြောပြီးအစည်းအဝေးထိုင်ကြသည် ။ ဈေးသူဈေးသားများသဘောမတူ ကန်.ကွက်သောဈေးမှန်သမျှသည် ရေနံချောင်းဈေးကြီးမီးလောင်သလို မီးလောင်ပြာကျသွားတတ်သောနမူနာရှိသဖြင်. မည်သို.လုပ်ကြမည်နည်းဟုတိုင်ပင်ကြ၏ ။ မီးကင်းစောင်.ရုံမျှဖြင်.မလုံလောက်သောကြောင်. အားလုံးညီညွတ်ကြလျှင် ဈေးကြီးကို မူလညနေပိုင်း (၅)နာရီတွင်ဈေးပိတ်သော်လည်း မပိတ်ပဲ တညလုံးဆက်လက်ရောင်းချရန် ။၂၄ နာရီဈေးဆိုင်များဖွင်.လှစ်ပြီးဆန္ဒပြရန်ဆုံးဖြတ်လိုက်ကြသည်။ ဤသို.ဖြင်. စစ်အစိုးရလက်ထက်က ထူးထူးခြားခြားအာဏာဖီဆန်ပွဲကြီးပြည်မြို.၌ဖြစ်ပွား၏ ။ ဈေးသားများသည် ဈေးပိတ်ချိန်ရောက်လျှင်အိမ်မပြန်ပဲဆက်လက်ရောင်းချကာဈေးတွင်ပဲညအိပ်ကြ၏ ။ ရေရှည်တွင်အာဏာပိုင်များကိုအံတုဖက်ပြိုင်ဖို.ခက်ခဲလာမည်ကိုသိသဖြင်. ပြည်မြို.ပေါ်ရှိ ဆရာတော် ၊သံဃာတော်များကို အဖြစ်မှန်အားသွားရောက်လျှောက်ထားအကူအညီတောင်း၏ ။ ထိုအချိန်တွင်နှစ်စဉ်ကျင်းပမြဲဖြစ်သည်. ပြည်မြို. တောရကျောင်းများဆွမ်းဆန်စိမ်းလောင်းလှူပွဲသို. ဗိုလ်ချုပ် ခင်ညွန်.သည် နောက်လိုက်နောက်ပါများနှင်.ရောက်ရှိလာ၏ ။ ထိုဆွမ်းဆန်စိမ်းလောင်းပွဲတွင် ဆရာတော်သံဃာတော်များက ပြည်မြို.ဈေးကြီးသည် တမြို.လုံး၏အားထားရာထမင်းအိုးကြီးဖြစ်ကြောင်း ။ ထိုဈေးကြီးကိုအမီပြု၍ ဒကာဒကာမများစွာ စီးပွားရှာအသက်မွေးရကြောင်း ။ရဟန်သံဃာများမှာလည်း ဒကာဒကာမများ၏ ထောက်ပံ.လှူဒါန်းမှုအပေါ်ရပ်တည်နေရပါကြောင်း၊ ဈေးကြီးမှာလည်း ခိုင်ခိုင်မာမာရှိနေသေးသဖြင်.အသစ်ဆောက်ဖို.မလိုသေးပါကြောင်း ။ ဈေးဟောင်းဖျက်၍ဈေးသစ်ဆောက်မည်ဆိုသဖြင်. ပြည်သူအများစိတ်ဆင်းရဲနေပါကြောင်း ၊ထိုစီမံကိန်းကိုတားဆီးပေးစေလိုကြောင်းမိန်.ကြားကြပါသည် ။ထိုအခါ ဗိုလ်ခင်ညွန်.ကမည်သို.အမိန်.ပေးလိုက်သည်မသိ ၊ ဈေးကြီးကိုဖျက်၍အသစ်ဆောက်မည်.စီမံကိန်းရပ်တန်.သွားပါသည် ။ ထိုအဖြစ်အပျက်တွင် ရှက်တတ်ပါက ခရိုနီနှင်.ပေါင်းကာ မြို.ကိုဒုက္ခပေးရန်ကြံခဲ.သူများ ကိုယ်.ကိုယ်ကိုယ်သတ်သေလောက်အောင်ရှက်သင်.ပါသည် ။ယခုသော်အနေမပျက်အစားမပျက်ကြပေ ။ အရှက်ဆိုသည်မှာဘာကိုခေါ်သလဲဟုမေးရမလိုဖြစ်နေပေသည် ။ ထိုကိစ္စတွင်ဗိုလ်ခင်ညွန်.သည် ပြည်မြို.တွင်အမှတ်တမှတ်ရရှိသွား၏ ။ ကျွန်တော်.အမြင်တွင်တော. ဤကိစ္စများသည် သူ.တပည်.များဆောင်ရွက်ကြသည်ဖြစ်စေ တပြည်လုံးတွင်ရိုက်စားခွင်ချနေကြခြင်းမှာ သူခွင်.ပြုထားသောကြောင်.သာဖြစ်ရမည်ဟုတွေးမိသဖြင်.သိပ်တော.ကျေးဇူးမတင်မိပါ ။ နောက်ထပ်ရိုက်စားခွင်တခုကိုလည်းပြောပါဦးမည် ။
ပြည်မြို.ကမ်းနားလမ်း ဟိန္ဒူဘုရားကျောင်းဘေးတွင် မြစ်ရှုခင်းကိုမြင်နိုင်သော မြေကွက်လပ်တခုရှိသည် ။ ခေတ်အဆက်ဆက်ထိုမြေကွက်လပ်ကိုမည်သူကမျှမျက်စောင်းမထိုးခဲ. ။တဦးတယောက်ပိုင်ရယူဖို.စိတ်ကူးထဲမှာမထည်.ခဲ. ။ရက်စက်ကြမ်းကြုတ်လှသောဂျပန်ခေတ်မှာပင်ထိုမြေနေရာသည်အများပိုင်ဖြစ်ခဲ.သည် ။ ချစ်တီးများမြေသိမ်းယာသိမ်းနေသောခေတ်မှာပင်ထိုမြေသည် ကွက်လပ်ကျန်ခဲ.သည် ။ သို.သော်ဖက်ဆစ်ဂျပန်နှင်. ချစ်တီးကုလားထက်ဆိုး သောခေတ်သို.ရောက်လာခဲ.လေသည် ။ န.အ.ဖ စစ်အစိုးရလက်ထက်တွင် ဦးထိုင်ထိုင်ဆိုသောပြည်မြို.မှတရုတ်သူဌေးတယောက်သည် အာဏာပိုင်များနှင်.ပေါင်းပြီးထိုနေရာကို မြေဂရန်လျှောက်ယူလိုက်၏ ။ အာဏာပိုင်တို.နှင်.မည်သို.အပေးအယူလုပ်လိုက်သည်မသိ ။ ဒွတ္တဘောင်မင်းကြီးလက်ထက် (အေဒီ ခြောက်ရာစု) လောက်ကတည်းက အများပိုင်အဖြစ်ရှိခဲ.သောထိုနေရာသည် န.အ.ဖ အစိုးရလက်ထက်တွင် တရုတ်တယောက်ပိုင်ဆိုင်သွားလေပြီ ။ ထိုသူသည် သူရလိုက်သောမြေကွက်ပေါ်တွင် အခိုင်အမာ ကွန်ကရိအဆောက်အဦကြီးဆောက်လိုက်ခြင်းဖြင်. ကမ်းနားလမ်းတွင်လမ်းလျှောက်သူတို.သည် မြစ်ရှုခင်းကိုမမြင်ရတောပေ ။ အရှက်တရားဟူသည် မည်သည်.အရာနည်း ။ ရသင်.မရသင်.မစဉ်းစားပဲ ယူခဲ.သူလား ။ ပေးသင်.မပေးသင်.မစဉ်းစားပဲပေးခဲ.ကြသော တကိုယ်ကောင်းသမားအာဏာပိုင်တွေလား ။ အရှက်ဟူသည် ရှက်ရကောင်းမှန်သိသူတွေနှင်.သာသက်ဆိုင်သောအရာမဟုတ် ။ မဟုတ်တာလုပ်သူအားလုံးရှိရမည်.အရာဖြစ်သည် ။ ယခုအခါ ပုဒ်မ (၁၈)ဖြင်.ထောင်ကျနေသောတက်ကြွလှုပ်ရှားသူရှေ.နေဦးမြင်.အေးကပြောသည်.စကားမှာမှတ်သားစရာကောင်းသည် ။
“ ခရိုနီတယောက်ကဂရံလျှောက်လို. ကမ်းနားကအများပိုင်မြေတကွက်ကို ဂရံချပေးတယ်ဆိုရင် ၊ ဒီနေရာကနေကမ်းနားတစ်လျှောက် ရွေတောင်မြို.အထိ ကျွန်တော်ဂရံလျှောက်ချင်တယ် ။ခင်ဗျားတို.ချပေးမလား “
ထိုသို.မေးခဲ.သောကိုမြင်.အေး ထောင်ထဲရောက်သွားသည် ။ မြို.မြေကိုကာကွယ်ရန် ၊ဧရာဝတီမြစ်ရှုခင်းပျက်သုဉ်းရခြင်းကိုကာကွယ်ရန် ပြည်မြို.ခံများ ၊ ဧရာဝတီချစ်သူများအဖွဲ. ၊သဘာဝပါတ်ဝန်းကျင်ထိမ်းသိမ်းသူများအဖွဲ.စသည်ဖြင်. တမြို.လုံးဆန္ဒပြကန်.ကွက်ခဲ.သော်လည်းခရိုနီကအောင်ပွဲခံခဲသည်။ ယခုအခါ ထိုနေရာကိုဧရာဦးခန်းမအဖြစ် ငွားငွားစွင်.စွင်.တွေ.မြင်နိုင်ပါ၏ ။ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင်.ကိုယ်တိုင်ကန်.ကွက်သော်လည်းအရာမထင်ခဲ.သဖြင်. အထက်ပိုင်းအထိအတော် ပေါက်ရောက်သော တရုတ်တယောက်ဟုသာမှတ်ယူရတော.မည် ။ ဤသည်ကားအရှက်မရှိလုပ်ခဲ.ကြသော အကွက်များစွာထဲမှနမူနာတကွက်ပင်ရှိပါသေးသည် ။
ထိုနမူနာသည် ခရိုနီနှင်. စစ်အာဏာရှင်များကိုသရေတမြှားမြှားကျစေ၏ ။ ဦးထိုင်ထိုင်၏ မြေဂရံရယူနည်းအောင်မြင်သွားသောအခါ နောက်ထပ်ရယူလိုသူတို.လည်းတဖွားဖွားပေါ်ပေါက်လာပေ၏ ။ကမ်းနားလမ်းတလျှောက်မြေကွက်များကို မိဘသေသဖြင်.အမွေရလိုက်သောသားသမီးများသဖွယ် ခရိုနီနှင်.အာဏာပိုင်တို.သည်ခွဲစိတ်ဝေခြမ်းကြပေတော.၏ ။ ပြည်ခရိုင်အေးချမ်းဖြိုးကောင်စီ၏ ၃၀.၁.၂၀၀၁ နေ.စွဲပါ စာအမှတ် ၃/၄၃-၁/ဦး ၆(-)အရ မြို.နယ်မြေစာရင်းဦးစီးဌာနမှူးမှဂရန်လျှောက်ရန်ခွင်.ပြုခဲ.ကြောင်းသိရသည် ။ ဂရန်လျှောက်ခွင်.ရသွားသူတို.မှာ စစ်ဗိုလ်ချုပ်ကြီးများ၏ ဆွေမျိုးတော်စပ်သူများ ၊ ပေးနိုင်ကမ်းနိုင်နီးစပ်ပါတ်သက်သူခရိုနီနှင်.အာဏာပိုင်များသာဖြစ်သည် ။ ပြည်မြို.ကမ်းနားလမ်းတွင်ယခုအခါ ဂရန်ရသူများက အဆောက်အဦဆောက်ရန် အုတ်များ ကျောက်များပင်ချနေကြလေပြီ ။ ထိုသူများလက်သို.သာ ကမ်းနားလမ်းမှမြေလွတ်မြေရိုင်းအားလုံးကျရောက်သွားပါက မြို.သူမြို.သားနှင်. ပြည်မြို.သို.လာလည်သော ဧည်.သည်များမှာ ဧရာဝတီမြစ်ရှုခင်း ၊ တောတောင် ရှုခင်း နှင်. ရွှေဘုံသာဘုရားရှုခင်း ၊ဖိုးဦးတောင်ရှုခင်းကိုပင်ကမ်းနားမှ ကြည်.နိုင်မြင်နိုင်တော.မည်မဟုတ်ပေ (ယခုပင်လျင် ဧရာဦးခန်းမကြောင်.မြစ်ရှုခင်းမြင်ကွင်းပိတ်နေချေပြီ) ။ လူ.ကျင်.၀တ်အရဤမြေနေရာများမှာလူထုအားလုံးနှင်.ဆိုင်သောနေရာဖြစ်သည် ။ လူတစုအတွက်ဂရံချထားပေးခြင်းကားလူ.ကျင်.၀တ်အရ မလုပ်သင်.မလုပ်အပ်သောရှက်ဖွယ်ကိစ္စသာဖြစ်ပေသည် ။ ပေးသူကလည်းအရှက်မရှိ ၊ယူသူကလည်းအရှက်မရှိသော နိုင်ငံပိုင်မြေကို ပုဂ္ဂလိက ပိုင် (ငါပိုင် )လုပ်ကြခြင်းဖြစ်၍အရှက်အကင်းမဲ.ဆုံးလုပ်ရပ်များစာရင်းတွင်ထည်.သွင်းသင်.ပေသည် ။ပြည်မြို.ကမ်းနားလမ်းမြေဂရန်လျှောက်ကာ အပိုင်သိမ်းခြင်းကိစ္စသာအောင်မြင်သွားလျှင် ထိုကိစ္စမှာရှေ.ဆောင်လမ်းပြဖြစ်သွားကာမြန်မာတပြည်လုံးရှိမြို.အသီးသီး၏ကမ်းနားလမ်းများမှာလည်းခရိုနီနှင်.အာဏာရှင်လက်အောက်သို. ကျေ၇ာက်မည်.အန္တရာယ်အလွန်ကြီးမားသွားပြီဖြစ်သည် ။နောင်သောအခါ ရန်ကုန်မြို.တွင်ပင် ကမ်းနားကိုမမြင်ရပဲ ပျောက်ကွယ်သွားသောဖြစ်ရပ်များပေါ်ထွန်းလာပေမည် ။ လူထုသည်မြစ်ရှုခင်းကိုမြင်လိုတွေ.လိုလျှင် သူတို.ပိုင်ဆိုင်သောမြေကွက်ထဲသို.ငွေပေးပြီးဝင်ကြည်.ရမည်.အပေါက်မျိုးဖြစ်ပေသည် ။ ရှက်တတ်လျှင်ပါဝင်ပါတ်သက်သူအားလုံး ကိုယ်.မျက်နှာကိုယ်ဓါးနှင်.လှီးချင်လောက်အောင်ရှက်ဖွယ်လိလိဖြစ်သည် ။
ဤကဲ.သို.ကိစ္စများကား မြန်မာတပြည်လုံးတွင်မရေမတွက်နိုင်လောက်အောင်ဖြစ်ပေါ်ခဲ. ၊ ဖြစ်ပေါ်ဆဲ ၊ဖြစ်ပေါ်နေဦးမည်.ကိစ္စများဖြစ်သည် ။ မြေစာရင်းဦးစီးဌာန ၊ မြို.နယ် ၊ခရိုင် ၊ တိုင်း နှင်.ပြည်နယ် အေးချမ်းသာယာရေးနှင်.ဖွံ.ဖြိုးရေးကောင်စီ ၊ ယခုအခါ အုပ်ချုပ်ရေးမှူးရုံး ၊ စည်ပင်သာယာ စသည်.ဌာနများသည် ပြည်သူလူထုကိုဝန်ဆောင်မှုပေးရမည်.ကိစ္စမျာတွင်အာရုံမရောက် ၊စိတ်မ၀င်စား ၊ ခရိုနီနှင်.အာဏာပိုင်တို.အကျိုးကိုသာစွမ်းစွမ်းတမံဆောင်ရွက်ရင်း ခွင်ရိုက်ခဲ.ကြ ၊ သူဌေးဖြစ်ခဲ.ကြ ၊ အမွေခွဲသလိုယူခဲ.ကြသည်မှာ အော.နှလုံးနာစရာဖြစ်သည် ။
ထိုသို.ဝေသာလီပြည်ဘီလူးစီးသလို မြေယာများကိုခွဲဝေယူနေကြသော်လည်းတဖက်တွင်နေစရာမရှိ၍ ရရာမြေနေရာများတွင်ကျောတခင်းစာအတွက် ဖြစ်သလိုနေနေရသောဆင်းရဲသားကျူးကျော်များကိုနှိမ်နှင်းပုံမှာလည်း ရှက်တတ်လျှင်ရှက်ဖို.ကောင်းပါသည် ။ မကြာသေးမီက ပင် မင်္ဂလာဒုံမြို.နယ် ၊ရွှေပေါက္ကံစက်မှုဇုန်အနီးရှိ ဆင်ဖုံရွာသားများကို ဇွန် ၁၃ ရက်နေ.က လူအင်အား ၃၀၀ ခန်.ရောက်ရှိလာပြီး မြေယာအငြင်းပွားမှုနှင်.ရင်ဆိုင်နေရသောရွာသားများအား (သူတို.အခေါ်ကျူးကျော်နေထိုင်သူများအား ) တုတ် ဓားများဖြင်.လိုက်လံရိုက်နှက်ခုတ်ထစ်ခဲ.ကြောင်း ၊ ဇွန်လ ၁၂ ရက်နေ..ကလဲ လူအုပ်ဖြင်.ရောက်လာပြီး အိမ်များကိုဘူဒိုဇာဖြင်.ထိုး ၊ လူများကိုလေးခွများဖြင်.ပစ်ခတ်သောကြောင်. လူအများဒဏ်ရာရကြကြောင်းသိရသည် ။ မြေယာအရှုပ်အရှင်းကိုတော.ကျွန်တော်မသိပါ ။ သို.သော်မြန်မာနိုင်ငံတွင် လူမိုက်ဂိုဏ်းများတရားဝင် ဖွဲ.စည်းခွင်.၊အသုံးပြုခွင်. ရသွာပြီလား (တရာဝင်ခွင်.ပြုလိုက်ပြီလား ) ဟုသက်ဆိုင်ရာကို ဥပဒေရှုထောင်.အရမေးမြန်းလိုပါသည် ။ လူငါးယောက်၊ဆယ်ယောက် စသည်ဖြင်.စုပေါင်းလက်နက်ကိုင်ဆောင်ပါက ဓားပြဂိုဏ်းအဖြစ်ဖမ်းဆီအရေးယူခံရနိုင်သော်လည်း လူ ၂၀၀ / ၃၀၀ ခန်. လက်နက်ကိုင်ဆောင်၍ နေ.ခင်းကြောင်တောင်တိုက်ခိုက်ကြခြင်းကိုတရားဝင်သဖွယ် ရန်ကုန်မြို.တွင်ခွင်.ပြုထားခြင်းကား ဥပဒေစိုးမိုးရေး ၊ တရားဥပဒေအထက်တွင်ဘယ်သူမှမရှိဆိုသည်.သူများကို ပျက်ရယ်ပြုနေ၍ ရှက်ဖွယ်လိလိဖြစ်နေပါသည် ။ ကျွန်တော်တို.နိုင်ငံတွင်ရှက်စရာကိုမရှက် ၊ မရှက်ရမည်.အရာကိုရှက်နေတတ်တာ အနာဆိုးတခုသဖွယ်အမြစ်တွယ်နေပြီဖြစ်သည် ။ တကယ်တော.ဆင်းရဲတာသည်ရှက်စရာမဟုတ် ၊ နေစရာမရှိ၍ ကျူးကျော်နေထိုင်ခြင်းသည်ရှက်စရာမဟုတ် ၊ အ၀တ်အစားပြောင်ပြောင်ရောင်ရောင်မ၀တ်နိုင်ခြင်းသည်ရှက်စရာမဟုတ် ။ကိုယ်ပိုင်ကားကောင်းကောင်းမစီးနိုင်ခြင်းသည်ရှက်စရာမဟုတ် ၊ မြေဧကပေါင်းများစွာမပိုင်ဆိုင်ရခြင်းသည်ရှက်စရာမဟုတ် ။ မိမိအကျိုးအတွက် တိုင်းပြည်ကိုရောင်းစားခြင်းသည်သာရှက်စရာဖြစ်သည် ။ ဘယ်သူသေသေငတေမာပြီးရောဟူသည်.စိတ်ဖြင်. ကိုယ်.အတွက်ပဲတကိုယ်ကောင်းစိတ်ဖြင်.ကဲ.ယူကြတာရှက်စရာဖြစ်သည် ။ သဘာဝပါတ်ဝန်းကျင်ကြီးဖြစ်ချင်တာဖြစ် ငါ.အတွက်ကျန်ရင် အများဘာပဲဖြစ်ဖြစ်ငါလုပ်မည်ဟူသောအောက်တန်းစားစိတ်ဓါတ်များသည်ရှက်စရာဖြစ်သည် ။ မကောင်းမှုလုပ်ရမှာကိုရှက်ခြင်းကြောက်ခြင်း မရှိတော.ခြင်းသည် ရှက်စရာဖြစ်သည် ။ အဆုံးစွန်ဆိုရလျှင် ရှက်စရာကို ရှက်စရာဟုမသိလောက်အောင် အတ္တ ၊မာန ၊ အ၀ိဇ္ဖာများ ဖုံးလွှမ်းနေသော အရာရာကိုငါပိုင်သည်ဆိုသည်.ဘနဖူးသိုက်တူးချင်သည်.စိတ်ကသာ ရှက်စရာအစစ်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည် ။
လူသည်မသေခင်မြေဧကပေါင်းများစွာပိုင်ချင်ပိုင်နိုင်သော်လည်း သေသောအခါ ကံကောင်းပါမှ ခြောက်ပေ၊နှစ်ပေ မြေကွက်တခုပိုင်ဆိုင်ရမည်ဖြစ်သည် ။ ထို.ကြောင်.မသေခင်ကမ္ဘာကြီးကိုအတောမသတ်မဖျက်ဆီးအပ် ။ ကိုယ်ပဲပိုင်ရမည်ဟုလက်ဝါးကြီးမအုပ်အပ်။ဤကမ္ဘာမြေကြီးသည် ဘိုးဘွားများထံမှအမွေရလိုက်ခြင်းမဟုတ် ၊ နောင်လာနောက်သားတို.ထံမှခေတ္တငှားယူထားခြင်းသာဖြစ်သည်ဆိုသောစကားကို သတိချပ်သင်.လှ၏ ။
သရ၀ဏ်(ပြည်)
စောင်.ကြည်.ဂျာနယ်
၂၃.၆.၂၀၁၅

0 comments:

Post a Comment

Facebook Like Page