လုပ်သေနတ်တစ်လက်နှင့်စနစ်တံပါ လက်ပစ်ဗုံးတစ်လုံးတွေ့ရှိ
ပြည့်သဲမောင်(ပြည်) 094236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်၊ ပြည်အမှတ်(၃)နယ်မြေ ရဲစခန်းအပိုင်အရှေ့(၃)မိုင်ခန့်အကွာ၊ မှော်ဇာအုပ်စု၊ လင်းရွာတွင် ဘုန်းကြီးကျောင်း ပြုပြင်ရန်လုပ်ငန်းဆောင်ရွက်စဉ်လုပ်သေနတ်
တစ်လက်နှင့်စနစ်တံပါ လက်ပစ်ဗုံးတစ်လုံးအား(၂၂.၆.၂၀၁၅)
ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်ကတွေ့ရှိခဲ့ကြောင်းသိရသည်။
မှော်ဇာအုပ်စု၊ လင်းရွာ ၊ ဓမ္မာစရိယဘုန်းတော်ကြီးကျောင်းသည်
လွန်ခဲ့ သော၁၃၀၂-ခုနှစ် (၇၅)နှစ်ခန့်က ပြုပြင်ခဲ့ပြီး ယခုအခါ ဘုန်းတော်ကြီးကျောင်းမှာပျက်စီးယိုယွင်းနေသဖြင့် ပြန်လည်ပြုပြင်ခဲ့ရာ
ကျောင်း၏ဘုရားခန်း သွပ်အမိုးအားပြုပြင်ရန်ဖျက်စဉ်သွပ်အမိုး နှင့်မျက်နှာ
ကျက်ဆင့်ကြားတွင် အရှည်(၇)လက်မခန့်ရှိ သံဖြင့်ပြုလုပ်ထားသော လုပ်သေနတ်(၁)လက်နှင့်စနက်တံပါအမှတ်(၃၆)လက်ပစ်ဗုံးဟောင်း(၁)
လုံးတို့အား ခန်းနေ ဆရာတော်ဦးပညာဇောတ ၄၈နှစ်(၄)၀ါ။ (ဘ)ဦးထွန်းစိန် မှတွေ့ရှိခဲ့သဖြင့် မှော်ဇာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးထွန်းထံ အကြောင်းကြား
ခဲ့သည်ဟု ရဲမှတ်တမ်းအရသိရသည်။
ထို့နောက် မှော်ဇာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးထွန်းမှ ပြည်အမှတ်(၃)နယ်မြေ
ရဲစခန်းသို့ ဆက်လက်အကြောင်းကြားခဲ့ရာ စခန်းမှူး ရဲအုပ် စိုးလှိုင်ဦးနှင့်အဖွဲ့၊
ဒကစ(ပြည်)မှ အင်ဂျင်နီယာတပ်စုမှူး ဗိုလ်စိုးထက်အောင်၊ ရပ်မိရပ်ဖအဖွဲ့
များမှ ဘုန်းကြီးကျောင်းသို့ ရောက်ရှိစစ်ဆေးပြီး အဆိုပါ လုပ်သေနတ်(၁)လက်နှင့်
စနက်တံပါ အမှတ်(၃၆)လက်ပစ်ဗုံးဟောင်း(၁)လုံးတို့အား(၁၀း၄၅)မိနစ် အချိန်ခန့်
စခန်းမှူး ရဲအုပ်စိုးလှိုင်ဦးမှ အင်ဂျင်နီယာတပ်စုမှူး ဗိုလ်စိုးထက်အောင်ထံသို့ထောက်-
၎ကြီးပုံ စံဖြင့် လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

0 comments:
Post a Comment