သုံးကြိမ်မြောက်ရုံးချိန်းတွင် လက်ပတ်ဖြူ(ကမ်ပိန်း)တရားရုံးရှေ့ တွင်ပြုလုပ်
ပေါင်းတည်-မေ ၁၄
ပဲခူးတိုင်းဒေသကြီး(နောက်) ပြည်ခရိုင် ပေါင်းတည်မြို့ တွင် ဒီမိုကရေစီ ပညာရေး ပင်မသပိတ်စစ်ကြောင်းအား ၀န်းရံထောက်ခံအားပေးသော ပေါင်းတည်မြိုပေါ်ရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၆)ဦးအား ပေါင်းတည်မြို့နယ်တရားရုံးတွင် ယနေ့ မေလ(၁၄)ရက်နေ့ နံနက်(၁၀)နာရီခန့်တွင် (၃)ကြိမ်မြောက် ရုံးချိန်းမှာ လက်ပတ်ဖြူ(ကမ်ပိန်း)ပြုလုပ်ခဲ့သည်။
“ ကျွန်တော်တို့ ကိုမတရား တရားစွဲထားတာ အထက်ကအမိန့်တစ်ခုကြောင့် တရားစွဲထားတာလို့ကျွန်တော်တို့ယုံကြည်ကြတယ် ဒါ့ကြောင့်အခုထိ ငြင်းထားတယ် ကျွန်တော်တို့မှာ ဘာအပြစ်မှမရှိဘူး တစ်တိုင်းပြည်လုံးမှာရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအားလုံးကိုမတရားအနိုင်ကျင့်နေတာတွေဟာ ကျောင်းသားရော တက်ကြွလှုပ်ရှားသူတွေပါ အားလုံးအသိပါပဲ “ ဟု တောင်သူလယ်သမားသမဂ္ဂအဖွဲ့မှ ဦးခင်မောင်လှိုင်မှ ပြောသည်။
ကျောင်းသားတွေကို လက်ပံတန်းမှာ အကြမ်းမဖက်ဖို့ မဖြိုခွဲဖို့အတွက် ပေါင်းတည်မြို့နယ်မှာရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပှုးပေါင်းပြီး မတ်လ (၃)ရက်နေ့ နှင့် မတ်လ(၅)ရက်နေ့မှာပေါင်းတည်မြို့ပေါ်တွင် ဆန္ဒဖော်ထုတ်ကြတာ နှင့်ပက်သတ်ပြီး ပုဒ်မ(၁၈)နဲ့စုစုပေါင်း ခြောက်ယောက်ကို တရားစွဲထားတာ ဒီနေ့ ရုံးချိန်းသုံးကြိမ်မြောက်မှာ ဒေသခံတချို့ နှင့် တောင်သူလယ်သမားများ ကျောင်းသားဝန်းရံအားပေးထောက်ခံသူစုစုပေါင်းအင်အား (၅၀)ခန့် မှလက်ပတ်ဖြူ(ကမ်ပိန်း)ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
“ နိုင်ငံတကာစံချိန်စံညွှန်းနှင့်ညီအောင် နောင်လာနောက်သားကလေးတွေအတွက်ပညာရေးအတွက် ဒီကျောင်းသားလေးတွေကတောင်းဆိုတာ ထိုင်ခုံလုဖို့မဟုတ်ဘူး အမိန့်အာဏာလုဖို့မဟုတ်ဘူး ဒါကိုသိသိကြီးနဲ့ အကြမ်းဖက်ဖြိုခွဲခဲ့ကြတာ လက်ပံတန်းကနေ သာယာဝတီထောင်မှာ အကျဉ်းချထားကြတာ မခံနိုင်လို့ ကျွန်တော်တို့တွေ ဆန္ဒဖော်ထုတ်ကြတာ ဒါကိုမတရားတဲ့ပုဒ်မတွေတပ်ပြီး ကျွန်တော်တို့ကိုပါ တရားစွဲထားခြင်းခံရတာပါ” ဟု ပေါင်းတည်မြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ဦးချစ်ကို မှပြောသည်။
အဆိုပါ ပုဒ်မ(၁၈)ဖြင့်တရားဆွဲခံထားရသူ ဦးခင်မောင်လှိုင် ၊ ဦးချစ်ကို ၊ဦးမိုးလှိုင် ၊ဦးကျော်မိုးထွန်း ၊ဦးရဲကျော်နိုင် ၊ဦးအောင်အောင် စုစုပေါင်း(၆)ဦးအားပေါင်းတည်မြို့မရဲစခန်းမှူးမှတရားလိုပြုလုပ်၍တရားစွဲဆိုထားကြောင်းသိရသည်။
k3(pyay)
တင်ဆက် ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019
0 comments:
Post a Comment