Friday, May 8, 2015

ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနား ပြည်မြို့တွင်ကျင်းပ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနား ပြည်မြို့တွင်ကျင်းပ

ပြည့်သဲမောင်(ပြည်) 09 4236 71883

ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊
 ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိသီရိခေတ္တရာမြို့တော်ခန်းမ
တွင် မေလ(၈)ရက်နေ့ကကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်မှ ဂုဏ်ပြု
အမှာစကား ပြောကြား ခြင်း၊ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊  ပြည်ခရိုင်ကြက်ခြေနီဥကဋ္ဌ ဒေါက်တာ
အေးအေးမိုးမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌပါမောက္ခ ဒေါက်တာ
သာလှရွှေထံမှ ပေးပို့သောသ၀ဏ်လွှာအားဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊အမျိုးသား
လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာခင်မောင်လေး၊ ဦးအောင်ချိုဦး၊
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်  ဦးကျော်ကျော်လင်း၊ ဦးမျိုး၊
 ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဝင်း၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး
အာင်သက်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့
မှူး ရဲမှူးမြင့်ဦးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊တိုင်းဒေသကြီးကြက်ခြေနီ
ကြီးကြပ်မှုကော်မတီ ဒေါက်တာနေမျိုးအုန်း၊ ပြည်ခရိုင်ကြက်ခြေနီဥက္ကဋ္ဌ
ဒေါက်တာအေးအေးမိုး၊ ပြည်မြို့နယ်၊ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ
ကေခိုင်ဝင်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ ကြကြောင်းသိ
ရသည်။

သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်) 09 4236 71883
    




0 comments:

Post a Comment

Facebook Like Page