Wednesday, May 13, 2015

ပျူနွယ်ဖွား ချည်ချောလုံချည်အထည်ဆိုင်ဖောက်ထွင်းခံရ ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

ပျူနွယ်ဖွား ချည်ချောလုံချည်အထည်ဆိုင်ဖောက်ထွင်းခံရ

ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့တွင်(၁၁.၅.၂၀၁၅)ရက်နေ့က
မြို့သစ်ဂိတ်ကြီးဝန်းအနီးရှိ ပျူနွယ်ဖွား ချည်ချောလုံချည်အထည်ဆိုင်
ဖောက်ထွင်းခံရကြောင်းသိရသည်။

ဖြစ်စဉ်မှာ ပြည်မြို့ မြို့သစ်ရပ်ကွက် မြို့သစ်အ၀င်လမ်းကားကြီးဝန်း
အနီးရှိ ပျူနွယ်ဖွား ချည်ချောလုံချည်အထည်ဆိုင်အား ဆိုင်ပိုင်ရှင်ဖြစ်
သူ ကိုကျော်ကျော်လတ်မှ ည(၉)နာရီ(၃၀)အချိန်ခန့် ဆိုင်ပိတ်ပြီး ၄င်းနေ
အိမ်သို့ပြန်လာခဲ့ကြောင်း ၊ဆိုင်တွင်ညစောင့်မရှိကြောင်းဆို၏။
ထို့နောက်နောက်နေ့နံနက် ၈ နာရီ ၃၀ အချိန်ခန့်တွင် ကိုကျော်ကျော်လတ်
သည် ဆိုင်သို့ သွားရောက်၍ဆိုင်ဖွင့်စဉ် ဆိုင်အတွင်း၌ထားရှိသော အထည်
များနှင့်ငွေသားများပျောက်ဆုံးနေသည်ကိုသိရှိရကြောင်း ရဲမှတ်တမ်းအရ
သိရသည်။

ဆက်လက်၍၄င်းပျောက်ဆုံးနေသောအထည်နှင့်ငွေများအားစစ်ဆေးကြည့်
ရာ ပျူနွယ်ဖွား အမှတ်တံဆိပ်ပါ ရောင်စုံပုဆိုးအသစ်(၃၅)ကွင်း တန်ဖိုး ၁၀၅၀၀၀ခန့်၊ပွဲထိုင်ပိုးတွဲလုံ ချည် ရောင်စုံအသစ်(၃၅)ကွင်း တန်ဖိုး ၃၁၅၀၀၀ ခန့်၊အင်းမလုံချည်ရောင်စုံအသစ်(၁၅)ကွင်း တန်ဖိုး ၇၂၀၀၀ ခန့်၊အင်းမလုံချည်(ဇော်)တံဆိပ်ပါ ရောင်စုံအသစ်(၁၅)ကွင်း တန်ဖိုး ၁၀၅၀၀၀
ခန့်၊ပိုးတွဲလုံချည်ရောင်စုံ အသစ်(၁၅)ကွင်း တန်ဖိုး ၁၀၅၀၀၀ ခန့်၊ယောလုံ
ချည်ရောင်စုံ အသစ် (၅)ကွင်း တန်ဖိုး ၂၄၀၀၀ ခန့်၊Drean တံဆိပ်ရှပ်အကျီင်္
အသစ်(၂၅)ထည် တန်ဖိုး ၁၈၇၅၀၀ ခန့်၊တီရှပ်ရောင်စုံအကျီင်္အသစ်(၅၀)
ထည် တန်ဖိုး ၃၀၀၀၀၀ခန့်၊ဘောင်းဘီအတို /အရှည်အသစ်ရောင်စုံ(၄၀)
ထည်တန်ဖိုး ၁၂၀၀၀၀ ခန့် ၊တစ်သောင်းတန် ငါးထောင်တန် တစ်ထောင်
တန်၃၀၀၀၀၀ ခန့် စုစုပေါင်းတန်ဖိုး ၁၆၃၃၅၀၀ ခန့်ပျောက်ဆုံးနေကြောင်း
သိရသည်။
ထို့ကြောင့် ပျူနွယ်ဖွား ဆိုင်ရှင် ကိုကျော်ကျော်လတ် ဗိုလ်ချုပ်လမ်း ၊မူယာ
ပင်ရပ် ၊ရွာဘဲရပ်ကွက် ၊ပြည်မြို့နေသူမှ ၄င်း၏အထည်ဆိုင်အတွင်းသို့
ဝင်ရောက်ခိုးယူသူအားစုံစမ်းအရေးယူပေးပါရန် ပြည်မြို့မရဲစခန်းသို့တိုင်
တန်းခဲ့သဖြင့် ပြည်မြို့မရဲစခန်း(ပ)၃၇၉/၂၀၁၅ ၊ပြစ်မှုပုဒ်မ၃၈၀ အရအမှုရေး
ဖွင့်ဆောင်ရွက်ကာ အမှုအား ဒုရဲအုပ်လှိုင်မိုးဝေ မှလက်ခံစစ်ဆေးလျှက်ရှိ
ကြောင်းသတင်းရရှိပါသည်။

ပြည့်သဲမောင်(ပြည်)09 4236 71883



0 comments:

Post a Comment

Facebook Like Page