ရွှေဖားဝပ်ဘုရားဝတ်သင်းအား မျိုးသုခ အထူး
ဆေးကုဌာန မိသားစုမှ ပိုး
ထည်များလှူဒါန်း
ပဲခူးတိုင်းဒေသကြီး(နောက်)ပြည်ခရိုင် ပြည်မြို့ ဆံတော်ရပ်ကွက် တမာပင်လမ်း နှင့် ရှားရုံလမ်း အတွင်း တည်ထားကိုးကွယ်တော်မှုသော သမိုင်းဝင် ရွှေဖားဝပ်စေတီတော်မြတ်ကြီးတွင် ၁၃၇၆ ခုနှစ် ၃.၄.၂၀၁၅ ရက်နေ့တွင် (၄)ကြိမ် မြောက် အသံမစဲမဟာပဌာန်းမြတ် ကျမ်းရွတ် ဖက်ပှုဇော်ပွဲကြီးကျင်းပသွားမည်ဖြစ်ပါကြောင်း အဆိုပါပဌာန်းကျမ်းမြတ်ပှုဇော်ပွဲမတိုင်မှီတွင် သမိုင်းဝင်ရွှေဖားဝပ်စေတီတော်မြတ်ကြီး ရင်ပြင် တော်ပေါ်၌ ရွှေဖားဝပ်ဘုရားဓမ္မစင်္ကြာဝတ်သင်းသူလေးများမှ ၃၁.၃.၂၀၁၅ ရက်နေ့ ညပိုင်းအချိန်မှစတင်၍ ၂.၄.၂၀၁၅ ရက်နေ့ ညပိုင်းအချိန်အခါအထိ ၃ ရက် ၃ညတိုင်တိုင်ဝတ်ရွတ်ပှုဇော်ခဲ့သော ရွှေဖားဝပ်ဘုရား ဓမ္မစင်္ကြာ ဝတ်သင်းသူလေးများအား ဦးမောင်မောင်+(သီရိသုဓမ္မ သိင်္ဂီ) ဒေါ်လှမြိုင် စိန်ရတနာ(ဆေးဆိုင်) နှင့် မျိုးသုခ (အထူးဆေးကုဌာန) မိသားစုတို့မှ ရတီ ပိုးထည် ယောဂီလုံချည် (၁၂)ထည်အားလာရောက်လှူ ဒါန်းသွားကြောင့်သော ယခုလို လှူဒါန်းမှု့ကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာ၍ စိတ်သွား တိုင်းကိုယ်ပါ လိုရာကိစ္စအဝဝ ပြီးမြောက်အောင် မြင်နိုင်ကြပါစေလို့ သမိုင်းဝင်ရွှေဖားဝပ်စေတီ တော်မြတ်ကြီး အကျိုးတော်ဆောင်အဖွဲ့ နှင့် ဝတ်သင်းသူလေးများမှ ၀မ်းမြောက်ဝမ်းသာ သာဓု ၃ကြိမ်ခေါ်ဆိုပါကြောင်းလေးစားစွာ ပြည် သတင်းမှတဆင့် ဂုဏ်ပြုအပ်ပါသည်။
ရွှေဖားဝပ်စေတီတော်မြတ်ကြီး အကျိုးတော်ဆောင်အဖွဲ့
ပြည်သတင်း လူငယ်(09253311019)

0 comments:
Post a Comment