Thursday, April 30, 2015
ဦးလေးတော်စပ်သူအားဇနီးဖြစ်သူနှင့်လူမှုရေးကိစ္စပတ်သက် သည်ဟုမသင်္ကာသဖြင့် ရန်ငြိုးထားကာ သတ်ခဲ့ခြင်းဖြစ်သည် ဟုဆို ပိုင်ထူး(ပြည်)
Leave a Comment
ဦးလေးတော်စပ်သူအားဇနီးဖြစ်သူနှင့်လူမှုရေးကိစ္စပတ်သက် သည်ဟုမသင်္ကာသဖြင့်
ရန်ငြိုးထားကာ သတ်ခဲ့ခြင်းဖြစ်သည် ဟုဆို
ပိုင်ထူး(ပြည်)
အမှုမှာ (၂၈.၁၁.၂၀၁၄) ရက်နေ့ နံနက် (၈း၃၀)နာရီအချိန်ခန့်တွင် ပုစင်ကြယ်ကျေးရွာနေ ဦးလှို်အေး (ကျေးရွာအုပ်ချုပ်ရေးမှူး)သည် ပေါက်ခေါင်းမြို့သို့ အစည်းအဝေးတက်ရောက်ရန် လာစဉ် ပုစင်ကြယ်ကျေးရွာနှင့်ဆည်တော်ဦးလမ်းမကြားလမ်းဘေးတွင် ဓါးဒဏ်ရာများနှင့် သေဆုံးနေ၍ သေဆုံးသူ၏သားဖြစ်သူ ဦးအောင်လွင်ဦးမှ စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းသောပေါက်ခေါင်းမြို့မရဲစခန်း(ပ)၃၁၂/၂၀၁၄ပြစ်မှုပုဒ်မ-၃၀၂ မှအမှုဖြစ်ပါသည်။
        အမှုနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးမင်းထိုက်မှ အမှုမှ တရားခံဖော်ထုတ်ရန် ညွှန်ကြားချက်အရ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်သက်နိုင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ပြည်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ်စိုးမင်း၊ ရဲအုပ် ရဲတေဇ၊ တကက မင်းသိန်းထက်၊ တကက ဇော်အောင်၊ တက ကျော်ဆန်းဦး၊ တက အောင်ဆန်းဦးတို့ပါဝင်သော အဖွဲ့သည် ပေါက်ခေါင်းမြို့မရဲစခန်းမှူး  ဒုတိယရဲမှူး ခင်ဇော်ဦး ခေါင်းဆောင်အဖွဲ့နှင့်အတူ (၁၃.၃.၂၀၁၅)ရက်နေ့မှစ၍ အခင်းဖြစ်ပွားသည့် ပုစင်ကြယ်ကျေးရွာ နှင့် ဆယ်တော်ကြီးရွာသွားသည့်လမ်းဘေး ဦးတင်စိန်စားကျက်နေရာသို့ အကြိမ်ကြိမ် သွားရောက်စစ်ဆေးခြင်း၊ အနီးပတ်ဝန်းကျင်ကျေးရွာများသို့ အကြိမ်ကြိမ်သွားရောက်စုံစမ်းခြင်း ၊ တရားလိုပါသက်သေ (၃၂)ဦးတို့အား အသေးစိတ်မေးမြန်းခြင်း၊ သေဆုံးသူနှင့် ရန်ငြိုးရန်စ ရှိသူများအား စုံစမ်းစစ်ဆေးခြင်း၊ အခင်းဖြစ်ချိန်ကာလမှ ဖုန်းခေါ်ဆိုမှု ၀င်/ထွက်မှတ်တမ်းများ အား မြန်မာ့က်သွယ်ရေးရုံးချုပ်သို့ တောင်းခံပြီး သံသယဖြစ်သူ ဖုန်းနံပါတ်များနှင့် တိုက်ဆိုင် စိစစ်ခြင်းများဆောင်ရွက်ခဲ့ရာ အမှုမှ သေဆုံးသူ ဦးလှိုင်အေးနှင့်ပတ်သက်၍ ၄င်း၏နေအိမ်တွင် ဈေးအကူရောင်းရန် ခေါ်ထားသည့် မူယာ(ခ) မငယ်လေးအား လွန်ခဲ့သော (၁)နှစ်ကျော်ခန့်က တူဖြစ်သူ ဟန်ဝင်းအောင်နှင့်လက်ထပ်ပေးခဲ့ရာ ၄င်းတို့နှစ်ဦးမှာ (၆)ရက်ခန့်သာ ပေါင်းသင်း နေထိုင်ပြီး လင်မယားကွဲခဲ့ကြောင်း၊ထိုသို့ လင်မယားကွဲရသည့်ကိစ္စမှာလည်း ဟန်ဝင်းအောင်မှ ဇနီးဖြစ်သူ မူယာ (ခ) မငယ်လေးအပေါ်တွင် ဦးလေးတော်သူ ဦးလှိုင်အေးနှင့် သံသယဖြစ်၍ ကွဲကွာခဲ့ရပြီး လင်မယားကွဲရသည့်ကိစ္စနှင့်ပတ်သက်၍ ဦးလှိုင်အေးအား မကျေမနပ်ဖြစ်ကာ
ရန်ငြိုးထားကြောင်း၊ဦးလှိုင်အေးအသတ်ခံရသည့်ကိစ္စတွင်လည်း ဟန်ဝင်းအောင်နှင့်ပတ်သက်
နိုင်ကြောင်း စုံစမ်းရရှိသည့်သတင်းစကားများအပေါ် အသေးစိတ်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
        (၆.၄.၂၀၁၅)ရက်နေ့တွင် အခင်းဖြစ်နေ့ /နေရာအနီးတွင်လှည်းတပ်နေသူ ပုစင်ကြယ် ကျေးရွာနေ တင်စိုး၊ (၅၃)နှစ်၊ (ဘ) ဦးလှကြည်အား အမှုနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ ရာ အခင်းဖြစ်နေ့က ၄င်းသည် အခင်းဖြစ်နေရာနှင့်ကိုက် (၁၀၀)ခန့်အကွာရှိ ကုလားကြီး၏ လယ်စပ်တွင် မြက်ရိတ်နေကြောင်း နံနက် (၉း၀၀)နာရီအချိန်ခန့်တွင် ဟန်ဝင်းအောင်အား အခင်းဖြစ်နေရာအနီးမှ ဆိုင်ကယ်ဖြင့်ထွက်သွားသည်ကို တွေ့မြင်ခဲ့ကြောင်းနှင့် တင်ရွှေအား ရဲစခန်းစစ်ဆေးစဉ် ထွက်ဆိုခဲ့သည့်အကြောင်းအရာများနှင့် ပတ်သက်၍ ဟန်ဝင်းအောင်မှ ပြောကြားသည့် '' တင်ရွှေပြောလို့ ထောင်ကျရင်အလွန်ဆုံး (၁၀)နှစ်ဘဲ ထောင်ကထွက်လာရင် အ၀ီစိကို ခေါ်သွားမည်" ဟု ကြိမ်းမောင်းသည့်စကား များနှင့်ပတ်သက်၍ ပေါက်ခေါင်းမြို့နယ် တရားရုံး၊ မြို့နယ်တရားသူကြီး ဒေါ်တင်ကြူကြူဝင်းထံတွင် (၆.၄.၂၀၁၅) ရက်နေ့တွင် တရားရုံး ရာသေး (၈/၂၀၁၅) ဖြင့် ကြိုတင်ထွက်ဆိုချက်ရယူထားရှိခဲ့ပါသည်။
        ဟန်ဝင်းအောင်နှင့်ပတ်သက်သည့် သတင်းစကားများအား စုံစမ်းဆောင်ရွက်ခဲ့ရာ ပုစင်ကြယ်ကျေးရွာနေ ဦးတင်ရွှေ (၄၆)နှစ်၊ (ဘ) ဦးလှခင်မှ ဦးလှိုင်အေးအပေါ် ဟန်ဝင်းအောင်မှ ရန်ငြိုးထားသည့်ကိစ္စများနှင့်ပတ်သက်၍ လွန်ခဲ့သောနှစ်၊ တပို့တွဲလဆုတ် (၁၂)ရက်နေ့ တန်ဆောင်မုန်းလဆုတ် (၉)ရက်နေ့တို့တွင် ၄င်းမှဟန်ဝင်းအောင်အား ဆိုင်ကယ် ကယ်ရီငှားစဉ်ဦးလှိုင်အေးအားသတ်ပြီး  ဦးတင်ရွှေ၏သားဖြစ်သူ အလုပ်လုပ်သည့် ကောလင်း မြို့သို့ တိမ်းရှောင်မည့်အစီအစဉ်နှင့်သားဖြစ်သူ ကျောနိုင်ဦး၏ ဖုန်းနံပါတ်ကို မေး၍ ပေးခဲ့ ကြောင်း အခွင့်အခါကြုံရင်တော့ သတ်မည်ဖြစ်ကြောင်း၊ ဦးလှိုင်အေး၏နေအိမ်အား ညအချိန် သတ်ရန်သွားရောက်ခဲ့သော်လည်း ဦးလှိုင်အေး ဓါတ်မီးမှာ ကောင်းကြောင်း၊ အခင်းဖြစ်ချိန် နံနက် (၉း၀၀)နာရီခန့်ကလည်း ဟန်ဝင်းအောင်အား တစ်ယောက်တည်း ဆိုင်ကယ်စီး၍ ရွာသို့ဝင်လာသည်ကို တွေ့ခဲ့ကြောင်း၊ ထိုသို့ဟန်ဝင်းအောင်နှင့် ပတ်သက်သည့် သတင်စကား များအား တင်ရွှေမှ ပေါက်ခေါင်းမြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီး ဒေါ်တင်ကြူကြူဝင်းထံ တွင် (၇.၄.၂၀၁၅) ရက်နေ့ တရားရုံးရာသေး (၉/၂၀၁၅)ဖြင့် ကြိုတင်ထွက်ဆိုချက်ရယူထားရှိခဲ့ ပါသည်။
        ဟန်ဝင်းအောင်နှင့်ပတ်သက်သည့် သတင်းစကားများအား စုံစမ်းဆောင်ရွက်ခဲ့ရာ
ပုစင်ကြယ်ရွာနေ ပေါက်စ (ခ) သိန်းဥာဏ် (၄၇)နှစ်၊ (ဘ) ဦးတိုတိုမှလည်း အခင်းဖြစ်နေ့ နံနက် (၉း၀၀)နာရီ ၀န်းကျင်အချိန်ခန့် ၄င်းရွာမှထွက်စဉ် ဟန်ဝင်းအောင်အား ဆိုင်ကယ်ဖြင့် ရွာသို့ တစ်ဦးတည်းဝင်လာသည်ကိုတွေ့ခဲ့ကြောင်း၊ အခင်းမဖြစ်မီ လွန်ခဲ့သောရက်များတွင်လညး  ဟန်ဝင်းအောင်မှ လူ၏လည်ချောင်းအား ဓါတ်းနှင့်ထိုးလျှင် သေသလားဟုမေးခဲ့ဘူးကြောင်း ပြောသည်ကို ပေါက်ခေါင်းမြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီး ဒေါ်တင်ကြူကြူဝင်းထံတွင် (၇.၄.၂၀၁၅)ရက်နေ့ တရားရုံးရာသေး (၁၀/၂၀၁၅) ဖြင့် ကြိုတင်ထွက်ဆိုချက်ရယူထားရှိခဲ့ပါ သည်။
        အမှုနှင့်ပတ်သက်၍ အခင်းဖြစ်အချိန်က ဟန်ဝင်းအောင်ဝတ်ဆင်ခဲ့သော အက်ျီ၊လုံချည် တို့အား ဓါတုဗေဒ၀န်ရုံးသို့ ပေးပို့ထင်မြင်ချက်တောင်းခံခဲ့ရာ  ပေးပို့ခဲ့သော သက်သေခံပစ္စည်း တို့တွင် သွေးတွေ့ရှိကြောင်း  ပြန်ကြားလာသဖြင့် အမှုမှ မသင်္ကာတရားခံ ဟန်ဝင်းအောင်အား (၂၂.၄.၂၀၁၅)ရက်နေ့တွင် အမှုမှတရားခံ ဟန်ဝင်းအောင်မှ အမှုနှင့်ပတ်သက်၍ ၀န်ခံပြော ကြားခဲ့ပြီး ၄င်းပြစ်မှုကျူးလွန်ခဲ့သည့်ပုံစံအနေအထားများနှင့် သက်သေခံပစ္စည်းထားရှိသည့် နေရာတို့အား သက်သေများရှေ့တွင် လိုက်လံပြသအပ်ပေးသဖြင့် သက်သေခံ ထွန်သွား၊ ဓါးအား ပတ်ထားသည့် အကျီ၊ အရိုး (၄)လက်မ၊ အသွား (၇)လက်မ ပေါင်း (၁၁) လက်မရှိ သံရိုးတပ်ဓါးတို့အား သိမ်းဆည်းရမိခဲ့ပြီး ဟန်ဝင်းအောင်မှ ပေါက်ခေါင်းမြို့နယ်တရားရုံး မြို့နယ်တရားသူကြီး ဒေါ်တင်ကြူကြူဝင်း ထံတွင် (၂၇.၄.၂၀၁၅) ရက်နေ့ တရားရုံးရာသေး (၁၃/၂၀၁၅) ဖြောင့်ချက်ပေးသဖြင့် ရယူထားရှိခဲ့ပါသည်။
        အမှုနှင့်ပတ်သက်၍ တရားခံဟန်ဝင်းအောင်မှ ၄င်းပြစ်မှုကျူးလွန်ပုံ၊ ကျူးလွန်နည်းနှင့် ပတ်သက်၍ ၄င်းသည်အခင်းမဖြစ်မီ (၃)ရက်ခန့်အကြိုတင် သက်သေခံတုတ်အား အခင်းဖြစ် နေရာအနီးတွင် သွားရောက်ထားခဲ့ကြောင်း၊ အခင်းဖြစ်နေ့ /အချိန်ခန့်တွင် ဆိုင်ကယ်တစ်ဦး တည်းစီးကာ အခင်းဖြစ်နေရာအနီး ပဲစင်းငုံအခင်းထဲတွင် ဆိုင်ကယ်အားဝှက်ကာ ဦးလှိုင်အေး လာရာလမ်းကိုမြင်ရသည့် တုတ်ထားသည့် နေရာတွင် တုတ်အားအနီးထားလျှက်ဦးလှိုင်အေး အားစောင့်နေခဲ့ကြောင်း၊ ဦးလှိုင်အေး မလာမီ  ဆိုင်ကယ်တစ်စီးမောင်းလာသည်ကို မြင်ရ၍ ပုန်းနေခဲ့ကြောင်း၊ ၄င်းနောက်ဦးလှိုင်အေးမှာ ဆိုင်ကယ်အနီရောင်ဖြင့် တစ်ဦးတည်းစီးလာ သည်ကို မြင်ရ၍ တုတ်ကိုင်လျှက် လမ်းပေါ်သို့တက်လာခဲ့ကြောင်း၊ အခင်းဖြစ်နေရာမှာ အကွေ့
ပိုင်ထူး(ပြည်)
0 comments:
Post a Comment
Facebook Like Page