Sunday, April 5, 2015

ရှမ်းပြည်နယ်မှပြန်လာသူလုပ်သားများ လူကုန်ကူးမှုဥပဒေနဲ့ငြိစွန်းမှု မရှိကြောင်းသိရ ပိုင်ထူး(ပြည်)

Leave a Comment

ရှမ်းပြည်နယ်မှပြန်လာသူလုပ်သားများ လူကုန်ကူးမှုဥပဒေနဲ့ငြိစွန်းမှု မရှိကြောင်းသိရ

လွန်ခဲ့သော(၁၀)ရက်ခန့်က ပြည်မြို့ ဆံတော်ရပ်ကွက် ရွှေသမင်မျှော်ဘုရားလမ်း
အိမ်အမှတ်(၉၂၇)တွင်နေထိုင်သူ ကျော်ကိုကို(ခ)ကျော်ဇင်အောင်(၂၃)နှစ်ပါ(၁၂)ဦး
သည် ရှမ်းပြည်နယ်ဒေသကြီးအတွင်း သွားရောက်အလုပ်လုပ်ကိုင်ခဲ့သည်ဆို၏။

ထိုသို့အလုပ်သွားရောက်လုပ်ကိုင်ရာတွင် တစ်နေ့လျှင်(၅၀၀၀)ကျပ်ဖြင့် အလုပ်လုပ်ကိုင်
ခဲ့ရာ လုပ်ကိုင်ရသည်မှာ မပင်ပန်းသော်လည်း ရာသီဥတုဒဏ်ကြောင့်နေရေးထိုင်ရေးခက်
ခဲမှုကြောင့်(၄)ရက်ခန့် အလုပ်လုပ်ပြီးနောက် ပြည်မြို့သို့ပြန်လာခဲ့ကြောင်း ကျော်ကိုကိုထံမှ
သိရသည်ဟု တာဝန်ရှိသူများထံကသိရသည်။

အဆိုပါ အလုပ်လုပ်ကိုင်ရန်သွားရောက်သူကဆက်လက်၍ ၄င်းအားငြင်းပန်းနှိပ်စက်ခြင်း ၊
မတရားဖမ်းဆီးချုပ်နှောင်ခြင်း ၊ခြိမ်းခြောက်ခြင်းမျိုးမရှိဘဲ ၄င်းတို့၏ သဘောဆန္ဒဖြင့်ပြန်
လာခဲ့ကြောင်းနှင့်လူကုန်ကူးမှု ဥပဒေငြိစွန်းမှုမရှိကြောင်း အမှတ်(၃)လူကုန်ကူးမှုတားဆီး
နှိပ်နင်းရေးရဲတပ်ဖွဲ့စု ၊တပ်ဖွဲ့စိတ်(ပြည်)မှ ကျော်ကိုကို အားစစ်ဆေးမေးမြန်းရာမှသိရှိရ
ကြောင်း သတင်းရရှိပါသည်။

ပိုင်ထူး(ပြည်)

0 comments:

Post a Comment

Facebook Like Page