Thursday, April 30, 2015

ဘုရားပွဲတွင် ဘောလုံးဖြင့်အအေးဗူးများ ပစ်ပေါက်တမ်းကစားရင်း စကားများ ရန်ဖြစ်ကျရာတစ်ဦးသေ တစ်ဦးဒဏ်ရာရ ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

ဘုရားပွဲတွင် ဘောလုံးဖြင့်အအေးဗူးများ ပစ်ပေါက်တမ်းကစားရင်း
စကားများ ရန်ဖြစ်ကျရာတစ်ဦးသေ တစ်ဦးဒဏ်ရာရ


 ပြည့်သဲမောင်(ပြည်) 09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ဆင်းမြီးဆွဲနယ်မြေရဲစခန်းအပိုင် ရှမ်းရွာတောင်ကျောင်းဘုရားပွဲ သန္ဓေပင်အုပ်စု သဲကုန်းမြို့နယ်တွင် ဘောလုံးဖြင့်အအေးဗူးများအား ပစ်ပေါက်တမ်းကစားရင်း စကားများရန်ဖြစ်ရာမှတစ်ဦးသေ တစ်ဦးဒဏ်ရာရကြောင်းသိရသည်။

အမှုဖြစ်စဉ်မှာ ဧပြီလ(၂၃)ရက်နေ့ ည(၁၀း၂၀)အချိန်ခန့် တရားလိုသည် မိမိနေအိမ်၌ရှိနေစဉ်
ရှမ်းရွာတောင်ကျောင်းဘုရားပွဲတွင်သားဖြစ်သူအောင်ဇော်ဦးသည် ဓားထိုးခံရကြောင်းသတင်း
ရရှိ၍ လိုက်လံကြည့်ရှု့ခဲ့သည် ဆို၏။ ထိုသို့လိုက်လံကြည့်ရှု့စဉ် ဘုရားပွဲ၌အအေးဗူးများအား
ဘောလုံးဖြင့်ပစ်ပေါက်တမ်းကစားသည့်ဆိုင်တွင် အောင်ဇော်ဦး၊ထွန်းထွန်းနိုင်တို့နှင့်ကုလား(ခ)
မျိုးလွင်တို့စကားများရန်ဖြစ်ရာတွင် ကုလား(ခ)မျိုးလွင်မှဓား နှင့်ထိုးသဖြင့် သားဖြစ်သူအောင်ဇော်ဦး
တွင် ဝဲဘက်ခါးထိုးသွင်းဒဏ်ရာ(၂)ချက်(သေဆုံး)ရရှိသွားစဉ် ထွန်းနိုင် ဝင်း မှဝင်ဆွဲရာယာဘက်ကျောပြင် အလယ်ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိသွားခဲ့သဖြင့် အရေးယူပေးပါရန် ဖခင် ဖြစ်သူမှတရားလိုပြုလုပ်
တိုင်တန်းကြောင်း ရဲမှတ်တမ်းအရသိရသည်။

ထို့ကြောင့် ပြစ်မှုကျုးလွန်သူ ကုလား(ခ)မျိုးလွင်(၂၆)နှစ် ဖန်ခါးပင် ရွာ ကြို့ရပ်သာအုပ်စုနေသူအား သဲကုန်း မြို့ နယ် ဆင်းမြီးဆွဲနယ်မြေရဲစခန်း (ပ)အမှတ် ၃၅/၂၀၁၅ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ အရ အမှု ရေးဖွင့်ဆောင်ရွက်ခဲ့ပြီး အမှုအား ရဲအုပ်ကျော်ကျော်ဝင်းမှလက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page