Wednesday, March 18, 2015

အုပ်ချုပ်ရေးမှူးဆိုတဲ့ အာဏာကိုအလွဲသုံးစားပြု၍ ပြည်သူလူထု၏ရပိုင်ခွင့်ကို အဓမ္မလုယူဟု ကန့်ကွက်သူများကဆို ပြည့်သဲမောင်(ပြည်)09 4236 71883

Leave a Comment

အုပ်ချုပ်ရေးမှူးဆိုတဲ့ အာဏာကိုအလွဲသုံးစားပြု၍ ပြည်သူလူထု၏ရပိုင်ခွင့်ကို
အဓမ္မလုယူဟု ကန့်ကွက်သူများကဆို

ပြည့်သဲမောင်(ပြည်)09 4236 71883
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နုယ်အင်ငါးဂွကျေးရွာအုပ်စု
တွင် MTC ကုမ္မဏီက ဆောက်လုပ်လျှက်ရှိသော ဖုန်းတာဝါတိုင်ကို အိမ်နီးချင်းများက ကန့်ကွက်ခဲ့ကြသဖြင့်တာဝါတိုင် ဆောက်လုပ်မှုကို
ရပ်ဆိုင်းခဲ့ပြီး မြို့နယ်စီမံရေးကော်မတီအဖွဲ့မှမတ်လ (၁၆)ရက်နေ့တွင်
ပထမအကြိမ်အစည်းအဝေးပြုလုပ်ကြောင်းသိရသည်။

“ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီး မဲခွဲစနစ်နဲ့ဆောင်ရွက်ပေးပါလို့ မှတ်ချက်ချထားတာကို ဆောင်ရွက်မပေးပဲနဲ့ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင် ခြံထဲကိုပြောင်းရွေ့စိုက်ထူခြင်းကိုဘာဖြစ်လို့ခွင့်ပြု
လဲမေးတော့ အဲဒီအဖြေနဲ့ပတ်သတ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက တိတိ
ကျစွာပြန်လည်မဖြေဘူး”ဟု ကိုရဲနိုင်က ပြောသည်။

အုပ်စုအုပ်ချုပ်ရေးမှူးကအကို့ရဲ့ခြံထဲကိုမြေဖို့ကားနဲ့ခွင့်တောင်းခြင်းမရှိပဲ
ဝင်ရောက်ခြင်းကိုအရေးယူဆောင်ရွက်ပေးရန်ပြောခဲ့ကြောင်းမြို့နယ်
အုပ်ချုပ်ရေးမှူးက ဖြစ်ပြီးသားကိစ္စဖြစ်တဲ့အတွက် ကျနော်ဘာမှမတတ်နိုင်
ကြောင်းပြန်ပြောခဲ့ကြောင်းပြောခဲ့သည်။ဘယ်ကိစ္စမဆိုဖြစ်ပြီးမှတိုင်ကြား
ရတာပါ။ကြိုပြီးအကြောင်းကြား၍ မရကြောင်းကျနော်ကပြောတော့မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မောင် ကဘာမှပြန်မပြောကြောင်း လည်းကောင်းကဆက်လက်ပြောကြားခဲ့သည်။

“တာဝါတာတိုင်ဆောက်လုပ်မဲ့နေရာကို မဲခွဲဆုံးဖြတ်ဖို့ကျနော်သိရသ
လောက်တော့လွန်ခဲ့တဲ့တစ်ခွဲလောက်ထဲကအုပ်ချုပ်ရေးရုံးကိုရောက်နေ
တယ်။အုပ်ချုပ်ရေးမှူးကစောစောစီးစီးကိုင်တွယ်မဖြေရှင်းပဲဟိုဘက်ရက် လောက်ကမှတာဝါတိုင်ကိစ္စနှင့်ပက်သက်ပြီး ခင်ဗျားတို့ရဲ့သဘောထားကို သိပါရစေတဲ့။ဆန္ဒမဲပေးပါလို့ပြောတယ်။ကျနော်တို့ကတော့အများပြည်သူ
ဆက်သွယ်ရေးလွယ်ကူအောင်လုပ်တဲ့ကိစ္စကိုသဘောတူတယ်။မကန့်ကွက်
ပါဘူး။ထောက်ခံမဲပေးခဲ့တယ်’’ဟု မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်
အကူပြုအဖွဲ့(ဥက္ကဌ) ဦးမင်းလွင်က ပြောသည်။

ဦးရဲနိုင် နေရာမှာတာဝါတိုင်စိုက်ဖို့သဘောတူထားပြီးသားကို တူးတဲ့အချိန်
မှာပတ်ဝန်းကျင်လေးအိမ်လောက်ကကန့်ကွက်တယ်ဆိုပြီးကန့်ကွက်
တယ်။ကန့်ကွက်တဲ့နေရာမှာပယောဂါလဲပါတယ်လို့သိရတယ်။ရွာသူရွာ
သား(၁၅၀)လောက်ကဦးရဲနိုင်ဘက်ကထောက်ခံထားတာလဲသိရတယ်။
အဲဒီအရှုပ်အရှင်းတွေကိုမြို့နယ်ရပ်ထောက်ကူအဖွဲ့ရယ်၊စည်ပင်သာယာရေးအဖွဲ့သဘောထားနဲ့ဆောင်ရွက်ဖို့ညွှန်ကြားစာရောက်တာကိုတစ်လခွဲလောက်မှသိရကြောင်း၊မြို့နယ်စီမံအဖွဲ့ကလဲဦးရဲနိုင် ခြံမှာပြန်လည်ဆောက်လုပ်ခွင့်ကိုလဲထောက်ခံကြောင်း၊ကျနော်တို့ မြို့နယ်အထောက်အကူပြုအဖွဲ့အနေနဲ့ကတော့ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကိုပဲလိုချင်ကြောင်း။အုပ်ချုပ်ရေးမှူးတွေ
သည်မျက်နှာကြီးရာ ဟင်းဖက်ပါတာတို့ငွေကြေးကိစ္စတွေမျိုးကို လုပ်တတ်
တဲ့အကျင့်တွေရှိတယ်၊အဲဒါမျိုးကိုမလိုလားဘူးမှန်မှန်ကန်ကန်လုပ်တာကိုပဲ
လိုလားတယ်လို့ ကွက်ပါဘူး။ထောက်ခံမဲပေးခဲ့တယ်’’ဟု မြို့နယ်ဖွံ့ ဖြိုးတိုး
တက်ရေး အထောက်အကူပြုအဖွဲ့(ဥက္ကဌ) ဦးမင်းလွင်က ဆက်လက် ပြော
သည်။

လက်ရှိပြဿနာဖြစ်နေချိန်မှာ တာဝါတိုင်ဆောက်လုပ်တဲ့ကိစ္စကို ဆက်လက်
မလုပ်သေးဘဲရပ်ဆိုင်းထားဖို့တားမြစ်ပေးရန်တင်ပြတော့’’စီမံကိန်း ဒုဦးစီးမှူး ဦးကျော်မိုးဆွေက မတားပေးနိုင်ဘူးလို့ပြောတယ်။ ကျနော်ကဒါဆိုရင် မြို့နယ်
အုပ်ချုပ်ရေးမှူးအနေနဲ့ကုမဏ္ဏီကိုတားမပေးနိုင်ရင်တောင် ကိုယ့်တပည့်ဖြစ်တဲ့
အုပ်စုအုပ်ချုပ်ရေးမှူးကိုတားပေးဖို့ပြောတော့ကျနော်တားပေးပါ့မယ် နုတ်နဲ့တားလို့ရရင်ရ မရရင်စာထုတ်တားပေးဖို့အဆင့်ထိပြောပါမယ်ဟု မြို့နယ်
အုပ်ချုပ်ရေးမှူးကပြောကြောင်း ပြည်ခိုင်ဖြိုးပါတီမှကိုနိုင်မြတ်ရည်ပြောသည်။

၂၀၁၄ ဇူလိုင်လတွင် MTC ကုမ္မဏီက အင်ငါးဂွကျေးရွာအတွင်းရှိ ဦးရဲနိုင်
၏ နေအိမ်တွင် MTC ကုမ္မဏီက တာဝါတိုင်ဆောက်လုပ်ခဲ့ရာ အိမ်နီးချင်း
များက ကန့်ကွက်ခဲ့ကြသဖြင့် တာဝါတိုင် ဆောက်လုပ်မှုကို ရပ်ဆိုင်းခဲ့ရသည်ဆို၏။

လက်ရှိကျတော်တို့ ကန့်ကွက်တာက ဘယ်သူ့ခြံဘယ်ဝါ့ခြံရယ်လို့
မဟုတ်ပါဘူး။ပြည်သူလူထု၏ရပိုင်ခွင့်ကိုအဓမ္မလုယူပြီးအုပ်ချုပ်ရေး
အာဏာကိုအလွဲသုံးစားပြုလုပ်တာ၊ကိုယ်ကျိုးရှာတဲ့အတွက်ကန့်ကွက်
တာပါ။ယခင်ထဲကကုမဏ္ဏီကသူ့ခြံထဲမှာလုပ်ရင်မပြောလိုပါဘူး။ရဲနိုင်
 ခြံကိုတာဝါတိုင်ဆောက်ဖို့မဲပေးထားမှ အုပ်စု အုပ်ချုပ်ရေးမှူးက အမျိုးမျိုး
လိုက်ကန့်ကွက်ပြီးသူ့ခြံထဲနဲ့သူပိုင်တဲ့မြေမှာ တာဝါတိုင်နှစ်တိုင်လုံးဆောက်
ဖို့လုပ်ခဲ့တာပါ။ဒီလိုမတရာလုပ်တဲ့အတွက်အုပ်ချုပ်ရေးမှူးအိမ်ခြံ မြေမှာ
တာဝါတိုင်ဆောက်မည့်ကိစ္စကိုသာ ကန့်ကွက်ခြင်းဖြစ်တယ်”
ဟု ပြည်ခိုင်ဖြိုးပါတီတွဲ စည်းရုံးရေးမှူးဦးမြင့်အောင်ကပြောသည်။

မြို့နယ်စီမံရေးရာကော်မတီအဖွဲ့ဝင်အား အစည်းအဝေးဆုံးဖြတ်ချက်
အဖြေအားမေးမြန်းရာ” အဲဒီကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူးမှသာသိမှာပါ။ အဖွဲ့ဝင် တွေက အစည်းဝေးခေါ်ရင်တက်လိုက်တာပါပဲ ၊လက်ရှိအခြေအနေ
ထိအဖြေမထွက်သေးဘူး မသိရသေးဘူး အစည်းအဝေးလုပ်တာပဲရှိသေး
တယ်၊၁၉ ရက်နေ့ပြန်ပြီးချိန်းထားတယ်’’ ဟု   ဦးခင်မောင်ဝင်းကပြောသည်။

အဆိုပါကိစ္စနှင်ပက်သတ်ပြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်
အရာရှိအားမေးမြန်းရာတွင် အစည်းအဝေးလုပ်နေသဖြင့်မအားကြောင်း
၊ပေါက်ခေါင်းမြို့နယ်အုပ်ချုပ်ရေးမှူးအား ဖုန်းဆက်မေးမြန်းရာ တွင်ဖုန်းမ ကိုင်၍မေးမြန်းမရခဲ့ပါ။

ပြည့်သဲမောင်(ပြည်)09 4236 71883

0 comments:

Post a Comment

Facebook Like Page