Sunday, March 1, 2015

နွေဦးလှိုင်ဇာတ်သဘင်နည်းပြဆရာမ စလင်းဘတ်အိတ်အတွင်းမှ ရွေထည်ပစ္စည်းများနှင့်ငွေများစုစုပေါင်းတန်ဖိုး ၃၂၅ ၆၀၀၀ ခန့် ပျောက်ဆုံးသဖြင့်အမှုဖွင့် ပြည့်သဲမောင်(ပြည်) 09 4236 71883

Leave a Comment

နွေဦးလှိုင်ဇာတ်သဘင်နည်းပြဆရာမ စလင်းဘတ်အိတ်အတွင်းမှ
ရွေထည်ပစ္စည်းများနှင့်ငွေများစုစုပေါင်းတန်ဖိုး ၃၂၅ ၆၀၀၀ ခန့်
ပျောက်ဆုံးသဖြင့်အမှုဖွင့်

ပြည့်သဲမောင်(ပြည်) 09 4236 71883
ပြည်မြို့နယ်အမှတ်(၃)နယ်မြေရဲစခန်းအပိုင်ရွှေတံခါးရပ်ကွက်၊အပိုင်း(၃/၂)
လမ်းနေဒေါ်မိုးစံပယ်ကြိုင်(၄၂)နှစ်(ဘ)ဦးအောင်လင်း နွေဦးလှိုင်ဇာတ်
သဘင်နည်းပြဆရာမသည် နွေဦးလှိုင်ဇာတ်အဖွဲ့(၃၇)ဦးနှင့်အတူ“နေလ
သစ္စာကုမ္မဏီ’ မှ(၁၂)ဘီးမော်တော်ယာဉ်ဖြင့် ဖေဖော်ဝါရီ (၂၈)ရက်နေ့ (၇း၃၀)အချိန်ခန့်တွင် တောင်ကုတ်မြို့မှပြည်သို့ပြန်လာခဲ့ပြီး နေအိမ်ရှေ့
သို့ မတ်လ(၁)ရက်နေ့ နံနက် ၃ နာရီ အချိန်ရောက်ရှိပြီးနေအိမ်အတွင်း
မ၀င်ဘဲမော်တော်ယာဉ်ပေါ်၌ပင် ဇာတ်အဖွဲ့သားများနှင့်အတူ ညအိပ်
ရပ်နားခဲ့သည်ဟုဆို၏။

ထိုသို့ညအိပ်ခဲ့ပြီး နံနက်(၆)နာရီတွင်အိပ်ရာခဲ့နိုးစဉ် မိမိနှင့်အတူထားရှိသော
 စလင်းဘတ်အိတ်အား ကြည့်ရာမတွေ့ရှိဘဲပျောက်ဆုံးနေပြီး စလင်းဘတ်
အတွင်းမှ သဘင်မှတ်ပုံတင်ကဒ်၊ဇာတ်သဘင်နှင့်ပတ်သတ်သည့်စာရွက်စာ
တမ်းများနှင့်ငွေများပျောက်ဆုံးနေခဲ့ပြီးရွှေလက်ကောက်ကလေးဝတ်(၄)ပဲသားခန့်
(၁)ကွင်း၁၈၀၀၀၀/-ခန့်၊ရွှေနားဆွဲဘောလုံးပုံ(၂)ပဲသားခန့်(၁)ရံ ၁၁၀၀၀၀/-ခန့် ၊
HONOR အဖြူရောင်ဟန်းဆက်(၁)လုံး(ဆင်းကတ်မပါ) ၁၃၀၀၀၀/-ခန့် ၊huawei C5813Dအနီရောင်ဟန်းဆက်(၁)လုံး(ဆင်းကတ်မပါ) ၁၁၂၀၀၀/ခန့်၊HUAWEI Y320အနက်ရောင်ဟန်းဆက်တစ်လုံး(ဆင်းကတ်မပါ) ၅၉၀၀၀/-ခန့် ၊ငွေရောင်
စလင်းဘတ်အိတ်တစ်လုံး၁၅၀၀၀/-ခန့် ၊အမျိုးအစားမမှတ်မိဟန်းဆက်တစ်လုံး
၅၀၀၀၀/-ခန့် ၊ငွေစက္ကူရောရော၂၆၀၀၀၀၀/-ခန့် စုစုပေါင်းတန်ဖိုး ၃၂၅ ၆၀၀၀/-
ခန့်ပျောက်ဆုံးခဲ့သည် ဟုရဲမှတ်တမ်းအရသိရသည်။

ထို့ကြောင့်စလင်းဘတ်အိတ်အတွင်းမှ ရွေထည်ပစ္စည်းများနှင့်ငွေများခိုးယူသွား
သူအားစုံစမ်းဖော်ထုတ်အရေးယူပေးပါရန်ဒေါ်မိုးစံပါတ်ကြိုင်မှတရားလိုပြုလုပ်
တိုင်တန်းချက်အရပြည်အမှတ်(၃)နယ်မြေရဲစခန်း(ပ)၃၄/၂၀၁၅၊ပြစ်မူ၃၈၀ဖြင့်
အမူရေးဖွင့်ထားရှိကာအမူအားဒုရဲအုပ်ဇော်လွင်ထွန်းမှလက်ခံစစ်ဆေးလျှက်ရှိ
ကြောင်းသိရသည်။

ပြည့်သဲမောင်(ပြည်) 09 4236 71883

0 comments:

Post a Comment

Facebook Like Page