Friday, February 6, 2015

သပိတ်တွင် မပါဝင်ကြရန် ပြည်မြို့မှကျောင်းသားနှင့် ဆရာများကို ပဲခူးတိုင်းဒေသကြီးအစိုရစည်းရုံး

Leave a Comment

By
 မန္တလေးမှ စတင်ခဲ့သည့် ဒီမိုကရေစီ ကျောင်းသားသပိတ် စစ်ကြောင်းတွင် ပါဝင်ခြင်း မပြု ကြရန် ပဲခူးတိုင်းဒေသကြီး အစိုးရ က ပြည်မြို့ရှိ တက္ကသိုလ်များ၊ အခြေခံပညာစာသင်ကျောင်းများ ၌ လိုက်လံဟောပြောလျက်ရှိ ကြောင်း သတင်းရရှိသည်။
ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ကွန်ပျူတာတက္ကသိုလ်၊ အထက(၁)၊ အထက(၅)၊ အထကခွဲအောင်ဆန်းကျောင်း များ၊ ဖေဖော်ဝါရီ ၆ ရက်၌ ပြည် နည်းပညာတက္ကသိုလ်၊ ပြည် တက္ကသိုလ်၊ အထက (၃)၊ အလ က (၁)စသော ပြည်မြို့ အခြေခံ ပညာ စာသင်ကျောင်းများရှိ ဆ ရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာ ကျောင်းသားသပိတ်တွင် မပါဝင် ကြရန် ဟောပြောကြောင်း သတင်းရရှိသည်။
‘‘လုံခြုံရေးပိုင်းမှာ ကျွန်တော် တို့က တတ်ကျွမ်းသလို ကျောင်း သား၊ ကျောင်းသူတွေကို ထိန်း သိမ်းမှုမှာလည်း ဆရာ၊ ဆရာမ များက ပိုမိုကျွမ်းကျင်ကြမှာပါ။ ဒါကြောင့် အခုဖြစ်နေတဲ့ ကျောင်း သားတွေကိစ္စမှာ ဆရာ၊ ဆရာမ များမပါဝင်ကြပါနဲ့။ ပြီးတော့ ဆရာ၊ ဆရာမတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မပါဝင်အောင် ထိန်းပေးကြပါ’’ဟု ပဲခူးတိုင်းဒေသကြီး နယ်/လုံ ၀န် ကြီးဗိုလ်မှူးကြီးသက်ထွန်းက ပြောသည်။
ဟောပြောပွဲတွင် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ နယ်/လုံဝန်ကြီးဗိုလ်မှူးကြီးသက်ထွန်း၊ လူမှုရေးဝန်ကြီးဒေါက်တာကျော်ဦးနှင့် တိုင်းဒေသကြီး အစိုးရတာဝန်ရှိ သူများက ဟောပြောစည်းရုံး ခဲ့သည်။ ဒီမိုကရေစီကျောင်းသား သပိတ်တွင် ကျောင်းသားမဟုတ် သူများ ပါဝင်နေပြီး ယခုကဲ့သို့ လုပ်ဆောင်နေခြင်းမှာ ဘာမှဖြစ် လာမည်မဟုတ်ဘဲ လူထုအုံကြွမှု ဖြစ်လာပါက ထိန်းသိမ်းရခက်ခဲ သွားနိုင်ကြောင်း ပြောကြားခဲ့ပြီး အမျိုးသားပညာရေး ဥပဒေ၊ ကျောင်းသားသပိတ်မှ တောင်းဆို ချက်များ ပြောကြားခဲ့သည်ဟု သတင်းရရှိသည်။
‘‘ချီတက်လာတဲ့ ကျောင်း သားတွေက ဒီနေ့မှ တောင်တွင်း ကြီးက ထွက်လာတာ။ ပြည် ရောက်ဖို့တော့ လိုပါသေးတယ်။ စတိတ်က ကလေးတွေကို ထမင်း စားကျောင်းဆင်းချိန်ကို ထမင်း ထုပ်လာကြဖို့ တချို့စတိတ်တွေ က မှာကြားနေတယ်လို့ အွန် လိုင်းသတင်းတွေ တက်နေတာ တွေ့ရတယ်’’ဟု ပြည်မြို့ဒေသခံ တစ်ဦးက ပြောသည်။
www.7daydaily.com

0 comments:

Post a Comment

Facebook Like Page