Thursday, February 19, 2015
ဇီးကုန်းမြို့စည်ပင်သာယာဋ္ဌာနက အိမ်နံပါတ်ထွက်ပြီးသားအိမ်(၉)လုံးကိုကျူးကျော်နေထိုင်သည်ဟု ဆိုပြီးဖယ်ရှားခိုင်း
ဇီးကုန်းမြို့စည်ပင်သာယာဋ္ဌာနက အိမ်နံပါတ်ထွက်ပြီးသားအိမ်(၉)လုံးကိုကျူးကျော်နေထိုင်သည်ဟု ဆိုပြီးဖယ်ရှားခိုင်း
ပဲခူးတိုင်း၊ဇီးကုန်းမြို့စည်ပင်သာယာဋ္ဌာန က အိမ်နံပါတ်ထွက်ပြီးသားအိမ်(၉)လုံးကိုကျူးကျော်နေထိုင်သည်ဟု ဆိုပြီးဖယ်ရှားခိုင်းတာကြောင့်ဒေသခံတွေဒုက္ခရောက်နေကြပါတယ်။
ပဲခူးတိုင်းဝန်ကြီးချုပ် နဲ့ ဒုတိယသမ္မတ တို့ဇာတိ မြေဖြစ်တဲ့၊သာယာဝတီခရိုင်၊ဇီးကုန်းမြို့၊အမှတ်(၁)ရပ်ကွက်တွင် လွန်ခဲ့သည့်နှစ်(၂၀)ခန့်လောက် ကတည်းက သချို င်္င်းကုန်းအနီးတွင် ရှင်းလင်းနေထိုင်လာခဲ့ကြတဲ့ နေအိမ်တွေကို စည်ပင်သာယာပိုင်မြေပေါ် မှာကျူးကျော်နေထိုင်တာလိုဆိုပြီး ဇီးကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ က ဖေဖော်ဝါရီလ(၁၃)ရက်နေ့က အကြောင်းကြားစာများပေးပို့လာတာကြောင့် ဒေသခံတွေအခက်တွေ့နေရတာပါ။
အဲဒီအကြောင်းကြားစာမှာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၄-ခုနှစ်စက်တင်ဘာလတုန်းက ပထမအကြိမ်အကြောင်းကြားစာပေးပို့ထားကြောင်း၊ယခုပေးပို့တဲ့စာက ဒုတိယအကြိမ်မြောက် ဖြစ်ပြီး သုဿန်မြေတွင် ဒေသခံပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများဆောက်ရွက်ဖို့ဆိုပြီး၊ဖိနပ်စက်ရုံဆောက်ဖို့ကို စည်ပင်က ရောင်းထားတာကြောင့်လိုဆိုပြီးအကြောင်းပြထားပြီး (၂၈-၂-၂၀၁၅)ရက်နေ့နောက်ဆုံးထား ဖျက်သိမ်းပြောင်းရွေ့ပေးရမယ်ဆိုပြီး ဒေသခံ တွေကိုလာပြီးလက်မှတ်ထိုးခိုင်းလို့ထိုးပေးလိုက်ရပါတယ်
ဒီသုသန်မှာနေလာတာ၊ရပ်ကွပ်လူကြီးကို(၃၀၀၀/၅၀၀၀)ကျပ်ပေးပြီးနေခဲ့တာ၊အခုစည်ကားလာတော့ ဖယ်ခိုင်းတယ်၊နေစရာမရှိလို့မှ ဒီမှာနေ နေတာဖယ်ရမယ်ဆိုရင်ဘယ်သွားနေမလဲ လိုမလှလှဝင်း။ကရှင်းပြပါတယ်။
ကျူးကျော်နေထိုင်သည်ဟုဆိုသော အိမ်(၉)လုံးမှာ လွန်ခဲ့သည့် နှစ်ပေါင်း(၂၀)ကျော်လောက် ကတည်းက ၎င်းဒေသတွင်ရှိသော ခြုံနွယ်ပိတ်ပေါင်းများ၊ပုလင်းကွဲများ၊အမှိုက်သရိုက်များအားရှင်းလင်းနေထိုင်လာခဲ့ကြရာ ပြီးခဲ့သည့်နှစ်ကလည်း ၀န်ကြီးချုပ်ဦးဥာဏ်ဝင်း၊ဦးဥာဏ်ထွန်းတို့လာရောက်စဉ်က ဒေသခံများ၏ လိုအပ်ချက် များကို မေးမြန်းပြီး စက်ရေတွင်းနှင့် လျှပ်စစ်မီးများလည်း ဆောင်ရွက်ပေးသွားကြောင်း၊ စတင်နေထိုင်စဉ်က ရပ်ကွက်လူကြီးကို တစ်အိမ်လျှင်(၃၀၀၀)ကျပ်ပေး၍ နေခဲ့ရပြီး ယခုအခါ အုပ်ချုပ်ရေးမှူးမှ အိမ်နံပါတ်များလည်း ချထားပေးပြီးပြီ ဖြစ်ကြောင်း၊ယင်းဒေသတွင်နေထိုင်ကြသူများမှာ သာမန်လက်လုပ်လက်စားများသာဖြစ်ပြီး မိသားစု(၉)စုရှိ လူဦးရေ(၅၀)ခန့်ရှိသည့်အနက်တွင် ကျောင်းသားသူငယ်(၁၀)ဦးခန့်နှင့် သက်ကြီးရွယ်အို များလည်း ရှိသဖြင့် အခြားနေရာသို့ပြောင်းရွေ့ပေးရမည် ဆိုလျှင် အခက်အခဲများစွာရှိကြောင်း ဒေသခံများက ပြောသည်။
[ဦးဥာဏ်ဝင်းလာတုန်းက ကျွန်မတို့က ဟိုကုက္ကိုလ်ပင်အောက်မှာစုထိုင်နေတုန်း ၀န်ကြီးကမေးတယ်။ ဒီဒေသအတွက်ဘာလိုအပ်တုန်းလို့မေးတော့ ကျွန်မတို့က ဒီနေရာလေးက နေလာတာကြာပြီဆိုတော့ ဒီလိုဖယ်ရမယ်ဆိုတာလည်း မသိဘူးလေ။အဲဒါနဲ့ ကျွန်မတို့က ရေနဲ့မီးကိုတောင်းလိုက်တော့ စက်ရေတွင်း လာတူးပေးသွားတယ်။မီးလည်းဆင်ပေးသွားတယ်။အခုလို သာယာလာတဲ့အချိန်ကျမှ သူတို့က ဖယ်ခိုင်းတယ်။ နဂိုကတည်းကသာ ဒီလိုဖယ်ခိုင်းမယ်မှန်းသိရင် ဒီနေရာလေးကိုပဲတောင်းလိုက်ပါတယ်။ကျွန်မတို့ အနေနဲ့ ဒီနေရာလေးကနေဖယ်ရမယ်ဆိုရင် ကျွန်မတို့ ဘယ်နေရာမှာနေရမှာလည်း။တခြားနေရာမှာဝယ်နေရအောင် လည်း ကျွန်မတို့က တစ်နေ့လုပ်မှတစ်နေ့စားရတာ။ခြံဝယ်ဖို့ဆိုတာ မတတ်နိုင်ပါဘူး။အဲဒါကြောင့် ကျွန်မတို့ ဖြစ်ချင်တာကတော့ ကျွန်မတို့ဒီနေရာလေးကနေ မပြောင်းပါရစေနဲ့။ကျွန်မတို့အိမ်တစ်နေရာစာလေး ရရင်တော်ပါပြီ။ကျယ်တယ်ဆိုလည်း ကျုံ့ပေးပါ့မယ်။ရှေ့ရောက်တယ်ဆိုရင် နောက်ဆုတ်ပေးပါ့မယ်။နောက် ရောက်တယ်ဆိုရင် ရှေ့တိုးပေးပါ့မယ်။ပြောင်းဖို့ ရွှေ့ဖို့ကတော့ ကျွန်မတို့ ဘယ်လိုမှမတတ်နိုင်လို့ပါ။ ဟု ဖယ်ရှားရန်သတိပေးခံရသူ မသန်းသန်းဝင်းကပြောသည်။
ကိုမင်းညို(DVB)
0 comments:
Post a Comment