Thursday, February 5, 2015

ကောင်းတာမှ​ပြောကိုမ​ပြောချင်​ဘူး

Leave a Comment
ကောင်းတာမှပြောကိုမပြောချင်င်​ဘူး
######################

ဟာသ(ပြည်မြို့)3

ပြည်မြို့မှာ အဆိုတော် ခင်ဝမ်း(၁၅)နှစ်ပြည့် အမှတ်တ
ရကျင်းပတယ်ဆို

အေးလေ မနေ့ကပဲပြီးသွားပြီ လာလိုက်တဲ့ဧည့်သည်
တွေ ခင်ဝမ်းရဲ့ပရိတ်သတ်တွေမနည်းဘူး ဒါပေမယ့်
သတင်းထောက်တွေကပိုများတယ်လေ သတင်း
ရေးမလို့ထင်တယ်ကွ

တီးတဲ့တီးဝိုင်းကောင်းချက်ကတော့ စည်ပင်ကခင်းပြီး
သိပ်မကြာသေးတဲ့ လမ်းလိုပါပဲ တဝုန်းဝုန်း တဒိုင်းဒိုင်း
နဲ့ စင်ပြိုပလားမှတ်ရတယ်သူငယ်ချင်းရေ တခါတခါ
နွေခေါင်ခေါင်ကြီး နှင်းကျနေသလားမှတ်တယ် ဖုံတွေ
ကွာ အိမ်ရောက်တော့ ခေါင်းပေါ်ကဖုံလေးခါချကြည့်တာ
နို့ဆီဗူးတစ်လုံးလောက်ရတယ်ကွာ

အော်အဲလောက်တောင်ကောင်းသလား

ဒိထက်ကောင်းသေးတယ် တလောကဖြစ်သလိုပေါ့
စည်ပင်ကား စက်ချို့ပြီး မြို့သစ်မီးပွိုင့်ကထွက်
လမ်းအလယ်မှာထိုးရပ်သွားတာ သူ့နောက်ကပ်ပါ
လာတဲ့ကားတစ်စီးက အချိန်မှီလေးရပ်နိုင်ပေမယ့်
နောက်ကကားက မထိန်းနိုင်လို့ ၃ဆင့် ဆင့်တိုက်တဲ့
အသံစုံတီးဝိုင်းလားမှတ်ရတယ်ကွာ ပြီးတော့ နောက်
ဆုံးကမှစတိုက်တဲ့ကားသမားအရေးယူထားတယ်
ဆိုပါလားကွ

ဟားးးးကောင်းလိုက်တဲ့ ဥပဒေကွာ(အဲမှားလို့)
ကောင်းလိုက်တဲ့တီးဝိုင်း *******

ပြည်သတင်းလူငယ်(ပြည်သတင်း)
09253311019

0 comments:

Post a Comment

Facebook Like Page