Friday, December 5, 2014
မျိုးဆက်သစ်ခရီးသည်တင်မှန်လုံယာဉ်မှကားတစ်စီးကို ကျော်တက်စဉ် ထော်လာဂျီ အားဝင်ရောက်တိုက်မိသဖြင့် ထော်လာဂျီပေါ်တွင်ပါလာသော ခရီးသည် (၄)ဦးသေ ဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိ ပြည့်သဲမောင်(ပြည်)
မျိုးဆက်သစ်ခရီးသည်တင်မှန်လုံယာဉ်မှကားတစ်စီးကို ကျော်တက်စဉ် ထော်လာဂျီ
အားဝင်ရောက်တိုက်မိသဖြင့် ထော်လာဂျီပေါ်တွင်ပါလာသော ခရီးသည် (၄)ဦးသေ
ဆုံးပြီး (၁၀)ဦး ဒဏ်ရာရရှိ
ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ မြို့မရဲစခန်း အရှေ့တောင်
(၅)မိုင်ခန့်အကွာ ဘို့လည်ကုန်းရွာ ဒီဇင်ဘာ (၄)ရက်နေ့ ည (၁၂း၀၀)နာရီအ
ချိန်ခန့်တွင် မျိုးဆက်သစ်ခရီးသည်တင်မှန်လုံယာဉ်မှ ထော်လာဂျီအားကျော်တ
က်စဉ် ၀င်ရောက် တိုက်မိသဖြင့် ထော်လာဂျီပေါ်တွင်ပါလာသော ခရီးသည်
(၁၀)ဦးဒဏ်ရာရရှိပြီး (၄)ဦးသေဆုံးသွားကြောင်းသိရသည်။
ရွှေတောင်မြို့နယ်၊ ဘို့လည်ကုန်းရွာတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်း
အရ တာဝန်မှူး ဒုရဲအုပ်သန်းလင်းဦး နှင့်အဖွဲ့ သည် သွားရောက်စစ်ဆေးရာ
ရန်ကုန်- ပြည်ကားလမ်း မိုင်တိုင် (၁၆၅/၀)နှင့် (၁၆၅/၁)ကြားတွင် ပြည်ဘက်
မှ ရန်ကုန်ဘက်သို့ ကိုကျော်မြိုင် (၄၀)နှစ်၊ မအူကန်ရွာ၊ တံခွန်တိုင်အုပ်စု၊ သဲ
ကုန်းမြို့နယ်နေသူမောင်းနှင်လာသော နံပါတ်မပါ လယ်ယာသုံး ထော်လာဂျီ သည် ရွှေတောင်မြို့ဘုရားသုံးဆူပွဲတော်မှ ခရီးသည် (၁၄)ဦးတင်ဆောင်ပြီး မ
အူကန်ရွာသို့ ပြန်လာစဉ် ကျော်မင်းထွန်း (ခ)အသေးလေး (၃၀)နှစ်၊ စက်မှုကွ
က်သစ်၊ ဗိုလ်တထောင်ရပ်ကွက်၊ ပြည်မြို့ နေသူမောင်းနှင်လာသော ၃စ/-----
မျိုးဆက်သစ် ခရီးသည်တင်၊ မှန်လုံယာဉ် ၀ါ/ပြာကြားရောင်မှ ထော်လာဂျီအား
ကျော်တက်စဉ် ၀င်ရောက်တိုက်မိသဖြင့် ထော်လာဂျီပေါ်တွင် ပါလာသူ ကိုမင်း
မင်း (၄၀)နှစ်၊ မအူကန်ရွာနေသူတွင် ဘယ်ခြေထောက်ပြတ်၊ ယာပါးကွဲပြဲဒဏ်ရာ၊
ဒေါ်စိန်ရွှေ (၅၃)နှစ်၊ မအူကန်ရွာ နေသူတွင် နားနှင့်နှာခေါင်းသွေးထွက်ဒဏ်ရာ၊ ၀ဲဘက်ချိုစောင်းကြေမွဒဏ်ရာ၊ မဆွေဆွေ (၂၁)နှစ်၊ မအူကန် ရွာနေသူတွင် ဦးေ
ခါင်းနောက်စေ့ ကွဲပြဲကြေမွဒဏ်ရာ၊ မ၀င်းပပ (၁၇)နှစ်၊ မအူကန်ရွာနေသူတွင်
ယာခြေဖမိုးကြေမွဒဏ်ရာ၊ ယာခြေ သလုံးအသားပွင့်ထွက်ဒဏ်ရာများရရှိကာေ
သဆုံးခဲ့ကြသည်။
ထို့နောက် မခင်ခင်ငြိမ်း (၂၃)နှစ်တွင် နှာခေါင်းမှသွေးထွက်၊ ၀ဲမျက်ခုံးကွဲဒဏ်ရာ၊
ဝမ်းဗိုက်အောင့်ဒဏ်ရာ၊ ကိုကျော်ဇေယျ (၃၀)နှစ်တွင် ဦးခေါင်းနောက်ကွဲပြဲဒဏ်
ရာ၊ခါးနာကျင်ဒဏ်ရာ၊ မအေးစန်း (၄၇)နှစ်တွင် ယာလက်ပွန်းပြဲဒဏ်ရာ ၊ အပေါ်
နူတ်ခမ်း ပွန်းပြဲ ဒဏ်ရာ၊ ၀ဲပါးပွန်းပြဲဒဏ်ရာ၊ ဘယ်လက်ပွန်းပြဲဒဏ်ရာ၊ မ၀င်းဝင်း
မော် (၃၃)နှစ်တွင် နောက်ကျောနာကျင်ဒဏ်ရာ၊ ဒေါ်အေးအေးဝင်း (၅၀)နှစ်တွင် ယာဘက်ချိုစောင်းဖူးရောင်ဒဏ်ရာ၊ ယာလက်ပွန်းပြဲဒဏ်ရာ၊ ဦးကံဝင်း (၆၀)နှစ်၊ ယာဘက်ကျောရိုးအောင့်ဒဏ်ရာ၊ မမြင့်မြင့်အေး (၄၀)နှစ် ရင်ဘတ်အောင့်၊ ယာ
ဘက်ဒူးခေါင်းပွန်းပြဲဒဏ်ရာ၊ ယာမျက်ခုံးဖူးရောင်ဒဏ်ရာ၊ မသင်းမာဦး (၂၈)နှစ်၊ ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ၀ဲမျက်ခုံးပွန်းပြဲဒဏ်ရာ၊ ဦးကျော်မြိုင် (၄၂)နှ
စ်၊ ခါးနာကျင်ဒဏ်ရာများ အသီးသီးရရှိခဲ့သည့်အတွက် မျိုးဆက်သစ် ခရီးသည်တင်
မှန်လုံယာဉ်မောင်းနှင်သူ ကျော်မင်းထွန်း (ခ) အသေးလေးအား အရေးယူပေးပါ
ရန် ဒုရဲအုပ်သန်းလင်းဦးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ရွှေတောင်မြို့မရဲစ
ခန်း ယာဉ် (ပ) ၂၄/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄-က / ၃၃၈ / ၃၃၇ ဖြင့် အမှုရေး
ဖွင့် ဆောင်ရွက်ထားရှိကာ ဒုရဲအုပ်သန်းလင်းဦးမှ ယာဉ်မောင်းကျော်မင်းထွန်း
(ခ) အသေးလေး အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက် လျှက် ရှိကြောင်းသိ
ရသည်။
မှတ်ချက်။ ။၎င်းစာမူသည် ရဲမှတ်တမ်းအတည်ပြုချက်အတိုင်းဖြစ်စဉ်အား စစ်ဆေးတွေ့ရှိချက်ကိုရေးသားထားသောစာမူဖြစ်ပြီးစာမူနှင့်ပတ်သက်
လာမည့်ကိစ္စအဝဝကို ဖြေရှင်းသွား မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ ကိုထွန်းလှအောင်
0 comments:
Post a Comment