Monday, December 22, 2014

ပြည်မြို့နယ်လုံးဆိုင်ရာ(၉၅)ကြိမ်မြောက် သံဃိကဒါနစာရေးတံမဲအလှူတော် ကျင်းပပြုလုပ်

Leave a Comment

ပြည်မြို့နယ်လုံးဆိုင်ရာ(၉၅)ကြိမ်မြောက်
သံဃိကဒါနစာရေးတံမဲအလှူတော် ကျင်းပပြုလုပ်




ပြည်မြို့နယ်လုံးဆိုင်ရာ (၉၅)ကြိမ်မြောက် သံဃိကဒါန စာရေးတံမဲအလှူတော်ပွဲကြီးကို
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ဆံတော်ရပ်ကွက်၊စာတိုက်တန်းလမ်းတွင် ၂၁-၁၂-၂၀၁၄
ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် ပြည်မြို့နယ် အတွင်းရှိဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်အရှင်သူမြတ်များအား စာရေးတံမဲချ၍ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်း
ရရှိသည်။

အဆိုပါစာရေးတံမဲအလှူတော်ပွဲကြီးကို ပြည်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှ
လှူဒါန်းကြသော ပဒေသာပင်များအပြင်အသင်းအဖွှဲများ၊အနှေးယဉ်လုပ်သားများ၊ဈေး
များမှအလှူရှင်များ၊တစ်ဦးခြင်းလှူဒါန်း ကြသော ငေ၊ွပစ္စည်း ပဒေသာပင်ပေါင်း(၈၃၀)
ပင်ကျော် တန်ဘိုးငွေစုစုပေါင်းသိန်း(၉၃၀)ကျပ်ကျော်ကို မြို့ပေါ်နှင့်နယ်များအပါအ၀င် ဘုန်းတော်ကြီးကျောင်းပေါင်း(၄၈၂)ကျောင်းမှ သံဃာတော်အရှင်သူမြတ်များ အပြင် ရေစက်ချဆရာတော်(၅)ပါး သာသနာတော်ထိမ်းဆရာတော်(၅)ပါး စုစုပေါင်း
သံဃာတော်အရှင်သူမြတ် (၄၉၂)ပါးတို့အား စာရေးတံမဲချ၍ ဆက်ကပ် လှူဒါန်းခြင်း
ဖြစ်ကြောင်းသိရသည်။

စာရေးတံမဲအလှူတော်ပွဲကြီးအတွက် ဒီဇင်ဘာလ(၁၇)ရက်နေ့မှစတင်၍ စာရေးတံမဲ
ဧည့်ခံရာဋ္ဌာနဖြစ်သော စာတိုက်တန်းလမ်း မဏ္ဌပ်တွင်စတင်အလှူခံခဲ့ခြင်းဖြစ်ပြီး
ပြည်မြို့နယ်အတွင်းရှိအလှူရှင်များက အဆိုပါနေရာသို့ ပို့ဆောင်ပေးကြပြီး လှူဒါန်းမှု
အစုစုတို့အတွက် ဒီဇင်ဘာလ(၂၁)ရက်နေ့နံနက်(၉း၀၀)နာရီအချိန်တွင် ပြည်မြို့နယ်ရှိ စာရေးတံမဲဖြစ်မြောက်ရေး သြ၀ါဒစရိယ ဆရာတော်ဘုရားကြီးများထံမှ သာဓုနုမောဒနာ တရားနာကြားခဲ့ကြောင်း၊ပြီးခဲ့သည့်(၉၄)ကြိမ်မြောက် အလှူတော်ပွဲကြီးတွင် ပဒေသာပင်
ပေါင်း(၇၃၃)ပင်၊ တန်ဘိုးငွေစုစုပေါင်း(၉၈၃.၄၂၂၅၂)ကျပ်(ကိုးရာရှစ်ဆယ့် သုံးသိန်း
လေးသောင်းနှစ်ထောင်နှစ်ရာငါးဆယ့်နှစ် ကျပ်ကို ကျောင်းပေါင်း(၄၇၇)ကျောင်းမှ သံဃာတော်အရှင်သူမြတ်များအား လှူဒါန်းနှိုင်ခဲ့ကြောင်း သိရသည်။

အောင်ဆန်းမင်း(ပြည်)

0 comments:

Post a Comment

Facebook Like Page