Friday, December 19, 2014

သရေခေတ္တရာ ရှေးဟောင်းယဉ်ကျေးမှု ပန်းချီကားများ ခင်းကျင်းပြသ

Leave a Comment
ဖိုးပျော့ (ပြည်သတင်း)


ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ဘုရားကြီးဘုရား ဒွတ္တဘောင် ဓမ္မါရုံတွင် သရေခေတ္တရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် နှင့် သက်ဆိုင်သည့်ပန်းချီကားများကို  ဒီဇင်ဘာ ၁၈ ရက် မှ ၂၂ ရက်အထိ ပြခန်း ဖွင့်လှစ်ပြသနေသည်။

ပြခန်းတွင် ပန်းချီဆရာ(၁၂)ဦး ရေးဆွဲထားသည့် ပန်းချီကား (၁၁၄)ကားပြသထားပြီး ပန်းချီကား တစ်ကားလျှင် အမေရိကန်ဒေါ်လာ (၅၀)မှ (၆၀၀)အထိ ဈေးနှုန်း သတ်မှတ်ရောင်းချပေး လျှက်ရှိသည်။

တန်ဘိုးအမြင့်ဆုံး ဒေါ်လာ(၆၀၀)တန် ပန်းချီကား သည် ဆန့်ကျင်ဘက် အရောင်များဖြင့် အမြင်အာရုံကိုဖမ်းစားစေနိုင်သော မော်ဒန်ပန်းချီကား တစ်ချပ်ဖြစ်ပြီး ပန်းချီဆရာ၏ ကလောင်အမည်ကို ပျူစာလုံးဖြင့်ထည့်သွင်း ရေးဆွဲထားကြောင်း ပန်းချီဆရာ ကိုညီကရှင်းပြသည်။

ပြခန်းဖွင့်လှစ်သည့်မနက်ပိုင်းတွင်ပင် ပန်းချီကား(၅)ကား ရောင်းချလိုက်ရကြောင်းလည်း ၄င်းကဆိုသည်။

0 comments:

Post a Comment

Facebook Like Page