Tuesday, December 16, 2014

အကောက်တောင်ခရီးစဉ်များ ပြည်မြို့တွင် တည်းခိုရန် ဟိုတယ်အခန်း မလုံလောက်သဖြင့် နေ့ချင်းပြန်သာ သွားနေရဟုဆို

Leave a Comment


ရန်ကုန်၊ ဒီဇင်ဘာ ၁၅

ပြည်မြို့၌ ခရီးသွားဧည့်သည်များ တည်းခိုရန် ဟိုတယ် အခန်း လုံလောက်မှုမရှိခြင်း တို့ကြောင့် ပြည်အလည်အပတ်ခရီး စဉ်ကို နေ့ချင်းပြန်ခရီးစဉ်အဖြစ်သာ ပြေးဆွဲခြင်းဖြစ်ကြောင်း ပြည်တွင်း ခရီးသွားလုပ်ငန်းအချို့ထံမှ သိရ သည်။

''ပြည် ခရီးစဉ်ကိုအခုနှစ်စ ဆွဲ တယ်၊ နေ့ချင်းပြန်ပဲသွားတယ်။ ည အိပ်ခရီးစဉ်လုပ်မယ်ဆိုရင် ခရီးသွား တွေနားခိုဖို့ တည်းခိုခန်းရှာရမယ်။ ညပိုင်းအပန်းဖြေတာဖြစ်တဲ့အတွက် သက်သောင့်သက်သာရှိရမယ်။ သန့် ရှင်းမှုလဲရှိမှရမယ်။ ဈေးနှုန်းကလဲ အရမ်းများလို့မဖြစ်ဘူး။ တချို့တည်း ခိုခန်းတွေက တည်းရတာအဆင်မ ပြေဘူး။ ဒါ့ကြောင့်နေ့ချင်းပြန်ပဲဆွဲ တယ်။ တချို့ခရီးသည်ကျတော့လဲ နေ့ချင်းပြန်ကို ကြိုက်တယ်။ တချို့က ကျ နှစ်ရက်လောက်နေချင်တာရှိ တယ်''ဟု သရေခေတ္တရာပျူမြို့ ဟောင်းနှင့် အကောက်တောင်သို့ ပြေးဆွဲနေသော ပြည်တွင်းခရီးသွား လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိတွင် ပြည်အလည်အ ပတ်ခရီးစဉ်များ နေ့ချင်းပြန်ခရီး စဉ်များဖြစ်သောကြောင့် အကောက် တောင်၊ ရွှေဆံတော်ဘုရားတို့ကိုသာ အဓိကသွားရောက်နိုင်ပြီး အကယ်၍ ညအိပ်ခရီးစဉ်အဖြစ် ပြောင်းလဲပြေး ဆွဲနိုင်ပါက ပြည်မြို့ အနီးတစ်ဝိုက် ရှိနေရာများ၊ အထင်ကရဘုရားများ၊ သရေခေတ္တရာပျူမြို့ဟောင်း၊ ပေါက် ခေါင်းမြို့ရှိရှေးလိုဏ်ဂူများစသည့် အခြားနေရာများသို့လည်း သွား ရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်မြို့ရှိ သရေခေတ္တရာပျူ မြို့ဟောင်းအား ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသစာရင်းဝင်အဖြစ် အသိအမှတ်ပြုခံရပြီးနောက်ပိုင်း တွင် ပြည်တွင်း၊ ပြည်ပ နှစ်ခုစလုံးမှ ခရီးသွားများပိုမိုဝင်ရောက်မှုရှိလာ သော်လည်း ခရီးသွားဧည့်သည်များ တည်းခိုရန် အခန်းမလုံလောက်မှုများ ကြောင့် ပြည်တွင်းခရီးစဉ်အများစုမှာ နေ့ချင်းပြန် ခရီးအဖြစ်ပြေးဆွဲခြင်း များရှိသကဲ့သို့ ပြည်ပခရီးသွားဧည့် သည်အများစုမှာလည်း မြစ်ကြောင်း ဖြင့်သာ လာရောက်မှုရှိကြောင်း ပြည် မြို့ဒေသခံများထံမှ သိရသည်။

''ပြည်ပကဆိုရင် သင်္ဘောနဲ့ လာတယ်။ အဲ့ပေါ်မှာပဲအိပ်တယ်။ပြည်တွင်းကဆိုရင် ညအိပ်ခရီးစဉ်ဆို တာရှားတယ်။ နေ့ချင်းပြန်ပဲလာကြ တယ်။ ပြည်မြို့ကိုတကယ်လှည့်ပတ် ကြည့်ရှုမယ်ဆိုရင် အချိန် သုံးရက် လောက်ပေးရမယ်။ နေ့ချင်းပြန်ခရီး ဖြစ်တဲ့အတွက် တချို့ကပြည်မြို့ပေါ် ပဲလည်ကြတယ်။ တချို့သရေခေတ္တ ရာပဲသွားကြတယ်။ တစ်ရက်တည်း နဲ့ဘယ်လိုမှမနှံ့ဘူး။ ဒါပေမဲ့လဲကိုယ့် မြို့မှာမှ ဟိုတယ်အလုံအလောက်မှ မရှိတာပဲ။ တည်းခိုခန်းကလဲ တကယ် ခရီးသွားကျရင်မလုံလောက်ဘူး''ဟု ပြည်မြို့သရေခေတ္တရာအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဦးဇင်သိန်းက ဆိုသည်။

ပြည်မြို့ပေါ်ရှိ ဟိုတယ်၊ တည်း ခိုခန်း၊ မိုတယ်များအနေဖြင့်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားများတည်းခို ရာတွင် အဆင်ပြေစေရန်အတွက် လိုအပ်သည်များကိုဆောင်ရွက်ထား ရန်လိုအပ်ပြီး ပြည်ခရီးစဉ်ပြေးဆွဲ လျက်ရှိသော ပြည်တွင်းခရီးသွားလုပ် ငန်းများဖြင့်ချိတ်ဆက်ထားရန် လို အပ်ကြောင်းနှင့်အချိတ်အဆက်မိမိ ဖြင့် လုပ်ဆောင်နိုင်မည်ဆိုပါက ယခု ထက်ပင် ခရီးသွားများပိုမိုဝင်ရောက် လာနိုင်မည်ဖြစ်ကြောင်း ယင်းက ဆက်လက်ဆိုသည်။

လက်ရှိပြည်မြို့တွင် တည်းခိုခန်း အဆောက်အအုံ ၂ဝနီးပါးရှိပြီး ဟို တယ်အဆောက်အအုံအနေဖြင့် ၁ဝခု နီးပါးရှိကြောင်း ပြည်မြို့ဒေသခံများ ၏ပြောပြချက်အရ သိရှိရခြင်းဖြစ်သည်။

TGT

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။

ပြည်သတင်း - 09 430 47862

0 comments:

Post a Comment

Facebook Like Page