Sunday, November 9, 2014

ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မိုးပွင့်အဆင့်(၇)တွင် ပထမဆုံးအကြိမ်ကောက်ပုံကွင်းကျေးရွာသို့နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပြည့်သဲမောင်(ပြည်)

Leave a Comment


ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ
မိုးပွင့်အဆင့်(၇)တွင် ပထမဆုံးအကြိမ်ကောက်ပုံကွင်းကျေးရွာသို့နိုင်ငံသား
စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
ပြည့်သဲမောင်(ပြည်)

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား
မှတ်ပုံတင်ရေးဦးစီးဌာန ပြည်မြို့နယ်မှလ.၀.က ဦးစီးမှုးဦးဆောင်သောအဖွဲ့သည် ၀က်ထီးကန်တိုက်နယ် ကျောသာအုပ်စု ကောက်ပုံကွင်းကျေးရွာသို့နိုဝင်ဘာ(၉)ရက်
တွင်နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေးခဲ့ကျကြောင်း သိရသည်။

ပြည်မြို့နယ် လ၀ကဦးစီးမှူးဦးဇော်ဇော်ဦး ၊လက်ထောက်လ.၀.ကမှုး ဦးဌေးကျော်ဦး၊
ဒေါ်မြမြစိုး၊ဒေါ်သန်းသန်းမှု၊ဦးထွန်းအောင်ခိုင် ၊ကျောသာကျေးရွာအုပ်ချုပ်ရေးမှူးဦးအောင်
သောင်း၊ရပ်ကွက်စာရေး ဦးမြင့်အောင်၊ကောက်ပုံကွင်းကျေးရွာ ရာအိမ်မှုး ဦးမြငွေတို့မှ
နေ့ခြင်းပြီးမှတ်ပုံတင်များပြုလုပ်ပေးခဲ့ကျသည်။
ထိုသို့ကောက်ပုံကွင်းရွာမှပြည်သူများအားမှတ်ပုံတင်ပြုလုပ်ပေးခြင်းသည်မိုးပွင့်(၇)အတွင်း
ပြည်မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ပထမအကြိမ်ပြုလုပ်
ပေးခြင်းဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား(၅၇)ဦး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသတင်း
ရရှိသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)



0 comments:

Post a Comment

Facebook Like Page