Sunday, November 9, 2014

ယခုနှစ်မှာလည်း ကုသိုလ်ယူကြမှာဖြစ်ပါတယ် ခေတ္တရာလူငယ်တို့၏ သာရေးကုသိုလ်

Leave a Comment


ခေတ္တရာလူငယ်များ သာရေးနာရေးကူညီမှုအသင်း shared a photo.
October 26
ယခုနှစ်မှာလည်း ကုသိုလ်ယူကြမှာဖြစ်ပါတယ်
ခေတ္တရာလူငယ်တို့၏ သာရေးကုသိုလ်

အိုမင်းမစွမ်းကြပြီဖြစ်တဲ့ ခေတ္တရာဘိုးဘွား
ရိပ်သာမှ အဖိုးအဖွား တွေကို မြစ်ဧရာ
တစ်ဘက်ကမ်းရှိ ရွှေဘုံသာမုနိစေတီတော်
နှင့် လေးဆူဓါတ်ပျော်ရွှေဆံတော်မြတ်ကြီး
ဗုဒ္ဓမြတ်ဆွယ်တော်တို့အား ကိုယ်တိုင်
ကိုယ်ကြ မျက်ဝါးထင်ထင် ဖူးမျှော်ကြည်ညို
နိုင်ကြစေရန် အသင်းသားများနှင့်တစ်ကွ
မျိုးဆက်သစ် အဆင့်မြင့်မော်တော်ယာဉ်
ကုသိုလ်တို့နှင့် အတူ ရွှေဆံတော်စေတီ
တော် ဥပသကာအဖွဲ့သားများနှင့် ဘုရားဖူး
လာရောက်ကြသူများမှ ဘိုးဘွားတို့အားဝိုင်း
ဝန်းကူတွဲကြလျှက် ကုသိုလ်ယူကြပါတယ်။
မျက်စိမှုန် နားထိုင်းလို့ ခါးကိုင်းကြတဲ့ ထိုအ
ရွယ်တွေမှာ ဘေးလူတွေဖေးကူကြလို့
လန်းဆန်းတက်ကြွ နေကြပါတယ်။
ဆန္ဒတို့ပြည့်ဝကြလို့ ချိုင့်ဝင်နေကြတဲ့
ပါးအစုံတို့မှာ သွားမစုံကြတဲ့ အပြုံးတို့ကတော့ ဘိုးဘွားတွေရင်ထဲ
ဘယ်လောက်ထိအောင် ကျေနပ်မှု ပီတိတွေ
ရှိနေကြမယ်ဆိုတာ ပြောပြလို့မတတ်အောင်ပါဘဲ၊
ပီတိတို့ ကူးစက်နိုင်ကြပါစေ
ခေတ္တရာလူငယ်(ပြည်)ွ

0 comments:

Post a Comment

Facebook Like Page