Monday, October 13, 2014

ဓမ္မာရုံသစ် ဆောက်လုပ်လှူဒါန်း ပြီးစီးခြင်းဖွင့်ပွဲ အခန်းအနား ကျင်းပ ပြည့်သဲမောင်(ပြည်)

Leave a Comment

 ဓမ္မာရုံသစ် ဆောက်လုပ်လှူဒါန်း ပြီးစီးခြင်းဖွင့်ပွဲ အခန်းအနား ကျင်းပ
(၁၁.၁၀.၂၀၁၄) သီတင်းကျွတ်လပြည့်ကျော် (၃)ရက် စနေနေ့
ဗုဒ္ဓသာသနာတော် ရေရှည်တည်တန့်ခိုင်မြဲစေရန် ရည်ရွယ်၍ ပြည်မြို့
ရွာဘဲနယ်မြေ ဂန္ဓမာရက်ကွက်၌ “ဓမ္မသာလာဂန္ဓမာ”ဓမ္မာရုံသစ်ကြီး
ကို ရပ်ကွက်သူ/သားများနှင့် စေတနာရှင်(၇)ရက်သား/သမီးတို့က
 စေတနာ သဒ္ဒါတရားထက်သန်စွာဖြင့်စုပေါင်းဆောက်လုပ်ခဲ့ရာ
(၁၁.၁၀.၂၀၁၄) သီတင်းကျွတ်လပြည့်ကျော် (၃)ရက် စနေနေ့
နံနက်(၉)နာရီတွင် ဧည့်ပရိတ်သတ်အပေါင်းမှ နမောတသ(၃)ကြိမ်
ရွတ်ဆို၍ သြ၀ါဒစရိယ အထက်ရွှေဟင်္သာကျောင်းဆရာတော် ဘဒ္ဒန္တ
ပညိဿရမှ ဓမ္မာရုံကဗ္ဗည်းကျောက်စာအား စက်ခလုပ်နှိပ်၍၄င်း
ပဲခူးတိုင်း(အနောက်ပိုင်း) တိုင်းသာသနာရေး ဦးစီးဌာန တိုင်းသာသ
နာရေး ဒုတိယညွှန်ကြားရေးမှူး ဦးဌေးလှိုင်မှ ဖဲကြိုးဖြတ်၍ဗုဒ္ဓသာသ
နံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ “ဓမ္မသာလာဂန္ဓမာ” ဓမ္မရုံသစ်ကြီး ဖွင့်
ပွဲအခန်းအနားကို အောင်မြင်စွာ ဖွင့်လှစ်ပြီးဆုံးကြောင်း
သတင်းရရှိသည်။
ပြည့်သဲမောင်(ပြည်)






0 comments:

Post a Comment

Facebook Like Page