Saturday, September 20, 2014
အညတရမှတ်တမ်း ( ၈ ) (ပြည်သတင်း/ဆောင်းပါး)
အညတရမှတ်တမ်း ( ၈ ) (ပြည်သတင်း/ဆောင်းပါး)
************************************
သရ၀ဏ်(ပြည်)
အမေကလည်းတတ်နိုင်သမျှစက်ဘီးကိုဖြေးဖြေးနင်းကာကျွန်တော်သိပ်ပြီးမနာကျင်အောင် (တစ်ဖက်ကလည်းစက်ဘီးငှားခ နာရီဝက်အတွင်းဝင်အောင် )နေ.စဉ် စိတ်မပျက်လက်မပျက် ကျွန်တော်.ကို ဆေးခန်းသို. နှစ်ပေါက်အောင်ပို.ဆောင်ပေးခဲ.လေသည် ။
ကက်ဆက်ခွေဇာတ်လမ်းများနှင်.ကျွန်တော်
ထိုနေ.မှစကာ ကျွန်တော်သည်လူမမာကြီးလုံးလုံးဖြစ်သွားပေ၏ ။ မည်မျှတောင်ဆိုးသလဲဟူမူ ကျွန်တော်သည်ပက်လက်လှန်လဲလျောင်းနေရာမှ ညာဘက်သို.ဖြစ်စေ ဘယ်ဘက်သို.ဖြစ်စေကိုယ်.ဘာသာ တစ်ဖက်ဖက်သို.မစောင်းနိုင်ပေ ။ တင်ပါးဆုံးရိုးထဲမှနာကျင်လှသောကြောင်.ဖြစ်သည် ။ လူအကူအတွဲပါမှ ကျွန်တော်သည် တစ်ဖက်သို.စောင်းနိုင်၏ ။ အကူအတွဆြိုသော်လည်းလူတိုင်းတွဲ၍ ထူ၍ရသည်မဟုတ် ၊ ကျွန်တော်. ရောဂါအထာကိုသိသူကျွန်တော်.မိခင်ကြီးတစ်ယောက်သာ ကျွန်တော်.ကိုထူ၍ရပါသည် ။ ထိုအခြေအနေမျိုးဖြင်.စက်ဘီးတစ်စီး၏နောက်မှ ထိုင်လိုက်ရသောကျွန်တော်.ဒုက္ခမှာ အလွန်ကြီးမားပါသည် ။ သို.သော် ကျွန်တော်နှင်.အမေသည် ဘာတွေပဲကြုံလာသည်ဖြစ်စေ ၊မိုးရွာရွာနေပူပူ နေ.စဉ်မှန်မှန်ဆေးခန်းသို.သွားကာ ဆေးထိုးခဲ.ပါသည် ။ ညစဉ်လည်း တီဘီဆေးများသောက်ရသေးသည်မှာ ပဲလှော်စားသလိုများပြားလှပါသည် ။ထိုခေတ်ထိုအချိန် ၁၉၈၀ ခန်.က ဆေးပညာသည်သိပ်ပြီးမထွန်းကားသေးသည်ဖြစ်ရာယခုခေတ်လို ဆေးအားလုံးကိုတစ်မျိုးတည်းပေါင်းထားသော DOTS တို.ဘာတို.လိုအစွမ်းထက် ဆေးများလည်းမပေါ်သေးပါ ။ စထရက်တိုမိုင်ဇင်ဆိုသောအလွန်ပြင်းထန်သည်.ထိုးဆေးကိုပင် နေ.စဉ်ထိုးရပါသည် ။ ဆေးခဲဖြူဖြူ ၆ ခဲခန်.ကိုညစဉ်သောက်ရပါသည် ။ ဆရာသိန်းဖေမြင်.လည်း ကျွန်တော်.လိုပင် အရိုးတီဘီရောဂါဖြစ်ပွားဖူးရာ သူတို.ခေတ်က ကျွန်တော်.ထက်ဆိုးပုံရသည် ။ခါးရိုးကိုပလာစတာကိုင် ကျောက်ပါတ်တီးစီးပြီးခြောက်လခန်.နေထိုင်ရသော ဒုက္ခကိုတော.ကျွန်တော်မခံခဲ.ရပါ ။ အသက်ငယ်တာရောပါမည်ထင်သည် ။ ကျွန်တော်ဖြစ်သောရောဂါမှာ အရိုးကို တီဘီပိုး လှိုက်စားခံရသည်.ရောဂါဆန်းဖြစ်ပြီး အခြားတီဘီရောဂါဝေဒနာရှင်များကဲ.သို.ချောင်းဆိုးခြင်း ၊ အဆုတ်မကောင်းခြင်းအလျဉ်းမရှိပါ ။ အဆုပ်မှာအလွန်ကောင်းပါသည် ။ ချောင်းလည်းမဆိုးပါ ။ တင်ပါးရိုးထဲမှနာသည်မှတပါးအခြား ရောဂါလက္ခဏာမရှိပါ ။ ကျွန်တော်သည်နေ.စဉ်ပင်အိပ်နေရသည်ကများပါသည် ။ တစ်ခါတစ်ရံတွင် ခေါင်းအုံးများ ခုကာ ပက်လက်ကုလားထိုင်တွင် ထိုင်ရပါသည် ။ ကျောင်းလဲမနေရတော.ပဲ တစ်နှစ်ဆေးခွင်.တင်ကာကျောင်းထွက်လိုက်ရပါသည် ။ ကျွန်တော်.စိတ်ကိုအထိခိုက်ဆုံးသောအချိန်မှာ နံနက်(၉) နာရီခန်. အဖြူအစိမ်းဝတ်ကျောင်းသားကျောင်းသူများ အိမ်ရှေ.မှဖြတ်သွားချိန်နှင်. ညနေကျောင်းဆင်း၍ ပြန်လာကြချိန်ဖြစ်သည် ။ ကျွန်တော်သည်အဖြူအစိမ်းများကိုမြင်သည်နှင်. ကိုယ်ကျောင်းမတက်နိုင်သောအဖြစ်ကို အလိုလိုဝမ်းနည်းလာမိသည် ။ ရသေ.စိတ်ဖြေအဖြစ် ကျွန်တော်နှင်.ခုနစ်တန်းအတူတက်နေသော အိမ်နီးနားချင်းဖြစ်သူ ကိုဇော်ဆိုသည်. ကျောင်းသားကို အိမ်ရှေ.မှစောင်.မျှော်ကြည်.နေကာသူလာသည်နှင်. ဇော်ဇော်ရေလာပါဦးကွ ၊ဒီနေ.ဘာသင်သလဲ ဟု မေးကာ သူ.စာအုပ်များကိုလှန်လှောကြည်.ရှုမိပါသည် ။သူ.စာအုပ်များထဲမှ ကျောင်းစာများအားလုံးသည် ကျွန်တော်.အတွက် ဖတ်ကြည်.တာနှင်.အားလုံးနားလည်နေသည် ။ အထွေအထူးရှင်းပြစရာပင်မလိုပေ ။ ကျွန်တော်ကျောင်းစာအုပ်များကိုထိုသို.ကြည်.နေသည်ကို အမေသည်စိတ်ကောင်းပုံမရ ။ပါးစပ်မှတော.ဖွင်.ဟ၍မတားမြစ် ။ကြာတော.ကျွန်တော်လည်းလက်လျှော.လိုက်ကာ ကိုဇော်ကိုလည်းခေါ်၍ စာအုပ်များကိုလှန်လှောမကြည်.တော.ပြီ ။ ရှေ.နှစ်ခါငါနေကောင်းလာမှ ပဲကျောင်းပြန်တက်တော.မည်ဟုအားခဲထားလိုက်ပါသည် ။ ထိုအခါတစ်နေကုန်ပျင်းရိလှသောကြောင်. ကိုယ်. ဖျော်ဖြေရေးကိုကိုယ်ရှာရသည် ။ ထိုစဉ်က ကက်ဆက်ခွေဇာတ်လမ်းများခေတ်စားသည် ။စီခြောက်ဆယ် (တစ်နာရီ ခန်.) စာ ကက်ဆက်တိပ်ခွေများအလွန်ခေတ်စားနေချိန်ဖြစ်ပြီး ထိုစဉ်က ကက်ဆက်ခွေဇာတ်လမ်းလောကတွင် ဘီအီးဒီအောင်သိုက် ၊ ကောလိပ်ဂျင်နေ၀င်း ၊ဂီတစာဆိုမောင်ကြေးမုံ ၊ နွဲ.နွဲ.မူ ၊ ခေတ္တရာတမာချို ၊ ဓနုဖြူကြည်ကြည်သိန်းတို.ခေတ်စားနေသည် ။ ပြသနာကကျွန်တော်တို.အိမ်တွင်ကက်ဆက်မရှိ ။ ထိုစဉ်ကကက်ဆက်တစ်လုံးသည် တန်ဘိုးရှိ၍ရှားပါးပစ္စည်းဖြစ်သည် ။ ကျွန်တော်တို. အိမ်မှ မျက်နှာချင်းဆိုင်ကားလမ်းတစ်ဖက်တွင် မကြည်အောင်ထမင်းဆိုင်ဆိုသော နာမည်ကျော်ထမ်ငးဆိုင်တစ်ဆိုင်ရှိသည် ။ ထိုဆိုင်သည် အလွန်လက်ရာကောင်းသောကြောင်. စားသုံးသူ ကားသမားများနှင်.မပြတ်စည်ကားလျက်ရှိသည် ။ကျွန်တော်.အဖေသည်မကြည်အောင်ထမင်းဆိုင်မှ အမဲနှပ်ကိုအလွန်ကြိုက်၍ မကြာခန၀ယ်ယူစားသုံးလေ.ရှိသည် ။ ထိုမကြည်အောင်ထမင်းဆိုင်သည် စားသုံးသူများကို ဖျော်ဖြေသည်.အနေနှင်. ကက်ဆက်ခွေဇာတ်လမ်းများကို ကျယ်လောင်စွာဖွင်.လေ.ရှိသည် ။ ကျွန်တော်မှတ်မိနေသောဇာတ်လမ်းများမှာ ဗိုလ်အောင်ဒင် ၊ဗိုလ်အောင်ဒင်ပြန်လာပြီ ၊သားဗိုလ်အောင်ဒင် ၊ မင်းအသက်ငါ.ပေးဆရာကြီးမြတ်ခိုင် ၊ မီးတောက်ရဲ.လား ၊ကျောက်စိမ်းတုံးကြီးခြာခြာလည် စသည်ဖြင်.ဖြစ်သည် ။ ကက်ဆက်ခွေလောကတွင်ကောလိပ်ဂျင်နေ၀င်းနှင်. ဓနုဖြူကြည်ကြည်သိန်းသည် အအောင်မြင်ဆုံးဖြစ်သည် ။ ကျွန်တော်သည်နေ.လည်ဘက်ထမင်းစားပြီးသည်နှင်. အမေ.ကို မကြည်အောင်ထမင်းဆိုင်သို.လိုက်ပို.ပါရန်တောင်းဆိုရ၏ ။ ထိုအခါအမေသည် မကြည်အောင်ထမင်းဆိုင်နှင်. မနီးမဝေးနေရာတွင် ကျွန်တော်.အတွက်ပက်လက်ကုလားထိုင်ကိုသွား၍ ခင်းရ၏ ။ ခါးမနာစေရန်ခေါင်းအုံးတွေဘာတွေ အကျအနခင်းရ၏ ။ နေရာထိုင်ခင်းအဆင်သင်.ဖြစ်လျင် အမေသည်ကျွန်တော်.ကိုပွေ.ချီကာ လမ်းဖြတ်ကူးပြီး ကုလားထိုင်ပေါ်တွင်ကျကျနနချထားခဲ.ပြီး မကြည်အောင်ထံအပ်နှံကာပြန်သွား၏ ။ ထိုအချိန်မှစကာ ဆိုင်မသိမ်းမချင်း ကျွန်တော်သည် ကက်ဆက်ခွေပြဇာတ်များကိုတစ်ခွေပြီးတစ်ခွေနားသောတဆင်တော.သည် ။ ကျွန်တော်ပြန်ချင်လျင်မကြည်အောင်ဆိုင်မှတစ်ယောက်ယောက်ကိုပြောလိုက်လျင် အမေ.ကိုသွားအကြောင်းကြားပေးကာအမေပြန်လာခေါ်ပါသည် ။ဤသို.နားထောင်သည်မှာ နေ.စဉ်နီးပါးတစ်နှစ်ခန်.ကြာပါသည် ။ထို.ကြောင်.ကျွန်တော်သည် ငယ်စဉ်ကပင်ပြဇာတ် သဘော ၊ခန်းကူးခန်းပြောင်း ဇာတ်ညွှန်းသဘော ၊ Tempo ခေါ်ဇာတ်ရှိန်မြှင်.သည်.သဘော ၊ ဒိုင်ယာလော. (ခေါ်) အချီအချစကားပြောကြသည်.သဘောများကို အပျော်သဘောနားထောင်ရင်းပညာရနေ၏ ။ နောင်အခါစာရေးသောအခါ အတော်အသုံးဝင်တာတွေ.ရလေသည် ။
ဤသို.ဖြင်.ခြောက်လကြာသွားသောအခါ ကျွန်တော်.အခြေအနေသည် အနည်းငယ်တိုးတက်လာ၏ ။ ဟိုနားသည်နား လမ်းလျှောက်နိုင်လာသည် ။ တင်ပါးဆုံမရိုးထဲမှလည်းသိပ်မနာတော. ။သို.သော် ရောဂါမှာအရှင်းမပျောက်သေးသဖြင်. တစ်ပါတ်လျင် နှစ်ရက်နှုန်းဖြင်.ဆေးဆက်ထိုးရသည် ။ သောက်ဆေးကတော.နေ.တိုင်းသောက်ရသည် ။ ကျွန်တော်သည် ငယ်ငယ်ရွယ်ရွယ် အသက် (၁၂) နှစ်အရွယ် တွင် သေလောက်သောရောဂါကြီးတစ်ခုနှင်.ရင်ဆိုင်လိုက်ရသောအခါ ရောဂါဒဏ် ၊ အလွန်ပြင်းထန်သောစထရက်တိုမိုင်ဇင်ထိုးဆေးများဒဏ်ကြောင်. ကိုယ်ခန္စာသည်ကြီးထွားမှုတုန်.နှေးသွား၏ ။ ငယ်စဉ်ကပြည်.ပြည်.၀၀ရှိခဲ.သောကိုယ်ခန္စာသည် ထိုစဉ်မှစကာ ကြုံလှီ သေးကွေးသွား၏ ။ ထိုသို.ခန္စာကိုယ်ဥပဓိရုပ်ပြောင်းလဲသွားသည်မှာ ယခုထက်တိုင်ဖြစ်သည် ။ထို.ကြောင်.ကျွန်ုပ်ငယ်စဉ်ကဓါတ်ပုံများကိုကြည်.လျင် အသက် (၁၂ ) နှစ်အထိသည် လူတစ်ယောက် ၊ အသက် (၁၂) နှစ်မှစကာယခုအထိသည်အခြား လူတစ်ယောက်၏ပုံဟု ဆိုရမတတ်ပြောင်းလဲသွားပါသည် ။ မတူညီသောလူနှစ်ယောက်ကိုကြည်.မြင်ရသလိုဖြစ်နေပေသည် ။
ကိုရင်ဝတ်ခြင်း
ကျွန်တော်အနည်းငယ်ထူထူထောင်ထောင်ဖြစ်လာသောအခါ မိဘများကဘာလုပ်ချင်သနည်းဟုကျွန်တော်.ကိုမေးပါသည် ။ ကျွန်တော်သည် ဘာကြောင်.မှန်းမသိ ထိုစဉ်ကအလွန်ပင် သင်္ကန်းဆီး ကိုရင်ဝတ်ချင်စိတ်ပေါက်နေပါသည် ။ ထို.ကြောင်. ကိုရင်ဝတ်ချင်သည်ဟု မိဘများကိုပြောလိုက်ပါသည် ။ မိဘများသည် ကျွန်တော်.ကျန်းမာရေးအခြေအနေကိုလည်းသိပ်ပြီးအားမရသဖြင်. အကယ်၍ခြေချော်လက်ချော် အသက်ဆုံးရှုံးခဲ.လျင်လည်း ယောက်ကျားလေးဖြစ်ပါလျက် သင်္ကန်းမှမဆီးရပဲ လူ.လောကမှထွက်ခွာသွားရတာမျိုးမဖြစ်အောင် ကျွန်တော်.အလိုကိုလိုက်ကာ ရှင်ပြုပေးပါတော.မည်ဟုဝန်ခံလိုက်သည် ။ ဖြစ်ရပုံမှာ ကျွန်တော်.ဖခင်စီးပွားရေးအဆင်ပြေနေစဉ်ကကျွန်တော်တို.ညီအစ်ကိုသုံးဦးအား ခမ်းခမ်းနားနားအလှူကြီးပေး၍ ရှင်ပြုပွဲကျင်းပခဲ.ဖူးပါသည် ။ ကျွန်တော်တို.ညီအစ်ကိုသုံးဦးအား ဆံချသောအခါ ကျွန်တော်ကတုံးရိတ်နေသည်ကိုကြည်.ကာသီရိမင်္ဂလာကျောင်းတိုက်ဆရာတော်က နေပါဦးဟ ဒီကလေးကသိပ်ငယ်နေသေးတယ် ၊ ရှင်.ကျင်.၀တ်တွေသိမှာမဟုတ်ဘူး ၊ သူ.ကိုထည်.ရှင်မပြုနဲ. သူ.ဘို.၀ယ်ထားတဲ.ပရိက္ခရာတွေ သပ်သပ်ဖယ်ထားလိုက် နောက်သူနဲနဲကြီးလာမှ သင်္ကန်းဆီးပေးကြတာပေါ. ၊ အကြီးနှစ်ယောက်ကိုပဲအရင် ရှင်ဖြစ်အောင်လုပ်ကြဟုမိန်.ကာ ကျွန်တော်.အား ရှင်အဖြစ်မှချန်ထားခဲ.ကြလေသည် ။ အစ်ကိုနှစ်ယောက်ဖြစ်သော ကိုအောင်ကြည်စိုး နှင်. ကိုအောင်အောင်တို.နှစ်ယောက် သာကိုရင်ဖြစ်သွားပြီး သူငယ်တန်းသာရှိသေးသောကျွန်တော်မှာယောင်ခြာခြာနှင်. ကတုံးရိတ်ပြီးမှအိမ်ပြန်လာရပါသည် ။ နောက်တော. သီရိမင်္ဂလာဆရာတော်လည်းပျံလွန်တော်မူ ၊ကျွန်တော်.အဖေလည်းစီးပွားကျလာသောကြောင်.ကျွန်တော်ရှင်ပြုမည်.အရေးသည် ခုနစ်တန်းကျောင်းသားဘ၀ ကျန်းမာရေးဆိုးရွားလာသည်အထိ မဖြစ်မြောက်ခဲ.ခြင်းဖြစ်သည်။
ယခုအခါကျွန်တော်ကိုယ်၌ က ကိုရင်ဝတ်ချင်သည်ဆိုသဖြင်. မိဘများသည် စီးပွားရေးအဆင်မပြေသောကာလဖြစ်၍ အလှူကြီးမပေးနိုင်တော.ပဲ ၊ အကျဉ်းချုံးစီစဉ်ရတော.သည် ။ ထိုစဉ်က ပြည်မြို.ဆေးရေးရပ်ကွက် မူလတက္ကသိုလ်ကျောင်း ဆရာတော် ဦးကုလာသဘ သည် မရှိဆင်းရဲသားများအား စုပေါင်းရှင်ပြုအသင်းတည်ထောင်ကာ ရှင်တစ်ပါးလျင် ငွေ (၆၀၀ )ကျပ် မျှဖြင်. ရှင်ပြုပေးနေ၏ ။ သို.သော်ကျွန်တော်တို.တွင်ငွေခြောက်ရာပင်ပြည်.အောင်ပေးစရာမရှိ ။ ကျွန်တော်.အစ်မမာလာဝေကကျွန်တော်.ကိုရှင်ပြုရန်ငွေသုံးရာထုတ်ပေး၏ ။ အမေကသူစုထားသောငွေတစ်ရာကိုစိုက်သည် ။ စုစုပေါင်းငွေ ( ၄၀၀ )ဖြင်. ရှင်ဖြစ်အောင်ပြုလုပ်ပေးပါရန် ဆရာတော်အားသွားရောက်လျှောက်ထားရာ ဆရာတော်က ရသည် လိုတာသူစိုက်မည်ဟုဆိုကာ ကျွန်တော်ရှင်ပြုဖို.လက်ခံလိုက်၏ ။ ကျွန်တော်.သူငယ်ချင်အသဲသည်ကျွန်တော်.ကိုအလွန်ခင်ပေ၏ ။ ကျွန်တော်ကမရှိမဲ.ရှိမဲ.သဘောနှင်. စုပေါင်းရှင်ပြုအသင်းတွင် ကိုရင်ဝတ်မည်ဆိုသောအခါ သူလည်းပါမည်ဟု မိဘများကိုပူဆာသဖြင်. ငွေကြေးအတော်ပြည်.စုံသောအသဲမိဘများသည် သူ.အလိုကိုလိုက်ကာ ကျွန်တော်နှင်.အတူ စုပေါင်းရှင်ပြု အသင်းသို.အပ်နှံလိုက်လေသည် ။
ရှင်ပြုသောနေ.တွင် ကျွန်တော်တို.နှစ်ယောက်သည် မြင်းကိုယ်စီစီး၍ မောင်ရင်လောင်းဝတ်စုံများကိုကျကျနန၀တ်ဆင်ကာ မိတ်ကပ်စသည်များကိုလိမ်းခြယ်လျက် အခြား မောင်ရင်လောင်းစုစုပေါင်း တစ်ရာ ဖြင်.ပြည်မြို.ကိုဆိုင်းတွေဗုံတွေ ၊ အကအခုန်တွေဖြင်.လှည်.လည်ကြလေသည် ။ မောင်ရှင်လောင်းများမှာ များလှသောကြောင်. လူတန်းရှည်ကြီးမှာအလွန်များပြားရကား ရှေ.ဆုံးမှ ရှင်လောင်းစီးလာသည်.မြင်းသည် ဗိုလ်ချုပ်ကျောက်ရုပ်သို.ရောက်သည်.တိုင် နောက်ဆုံးမှရှင်လောင်းနှင်.မြင်းမှာ စစ်ကဲလမ်းထောင်.မှာပင်ရှိနေပေသေးသည် ။ စုပေါင်းရှင်ပြုဆိုသော်လည်း ဆရာတော်ဦးကုလာသဘ၏ စီမံဆောင်ရွက်ပုံကောင်းမွန်ကျနလှသောကြောင်. သူဌေးအလှူတမျှစည်ကားလေသည် ။ ထိုနေ.ညနေတွင်ပင်ကျွန်တော်တို.အားလုံးသည် ရှင်သာမဏေအဖြစ်သို.ရောက်ကြလေ၏ ။
အသဲသည်ကျွန်တော်.ကိုခင်သဖြင်.သာ ရောယောင်ပြီး ကိုရင်ဝတ်သည်ဖြစ်ရာ သုံးရက်ခန်.ကြာသည်နှင်.သင်္ကြန်အကြိုနေ.သို.ရောက်ရောက်ချင်း ရေပက်ချင် ကစားချင်သောစိတ်များထိမ်းမနိုင်သိမ်းမရဖြစ်ပေါ်လာသဖြင်. ကိုရင်လူထွက် ရှင်လိင်ပြန်သွားလေသည် ။ ကျွန်တော်ကတော. စိတ်ထဲမှအလွန်တောင်.တနေသောကြောင်.သင်္ကန်းဆီးသည်ဖြစ်ရာ တော်တော်နှင်.လူမထွက်ပဲ တစ်လခန်.ကြာအောင်သာသနာ.ဘောင်၌ နေထိုင်ခဲ.ပါသည် ။ ထိုစဉ်ကာလအတွင်းဆရာတော်ဦးကုလာသဘသည် စုပေါင်းရှင်ပြုရဟန်းခံကြသောသံဃာတော်များကို အင်းမ၊၀က်ပုတ် ၊ ၀က်ထီးကန်စသော တောရွာများသို. ခေါ်ဆောင်သွားပြီး တစ်ရွာဝင်တစ်ရွာထွက် ဆွမ်းဆန်စိမ်းခံကြရပါသည် ။ ထို.ကြောင်.ကျွန်တော်တို.သည် ငယ်စဉ်ကြီးလိုက်တန်းစီပြီး နံနက် အာရုံဆွမ်းစားပြီးချိန်မှစကာ တစ်ရွာပြီးတစ်ရွာ လမ်းလျှောက်ရသည်မှာ ညနေစောင်း၍ ညအိပ်ရပ်နားမည်.ရွာသို.ရောက်သည်အထိဖြစ်သည် ။ ကျွန်တော်သည်ကောင်းစွာမကျန်းမာသေးသဖြင်. ကြာမြင်.စွာလမ်းမလျှောက်နိုင်ကြောင်းဆရာတော်အား ကြိုတင်အကြောင်းကြားထားသည်ဖြစ်ရာ အထူးအစီအစဉ်အဖြစ်ကျွန်တော်သည် ခြေညောင်းလျင် ဆရာတော်စီးသော ဂျစ်ကားပေါ်မှလိုက်ခွင်.ရှိပါသည် ။ ထို.ကြောင်.ကျွန်တော်သည်ခြေလျင်တစ်လှည်. ကားတစ်လှည်းဖြင်. အခြားရဟန်း သာမဏေအပါး တစ်ရာခန်.နှင်.အတူ ပြည်ခရိုင်အတွင်းရှိတောရွာတော်တော်များများသို. ဆွမ်းဆန်စိမ်းအလှူခံကြွရောက်ခဲ.ရပါါတော.သည် ။ ထိုစဉ်ကကျွန်တော်၏ ကံကြမ္မာလာဘ်လာဘသည်အတော်ပင် အောက်တန်းသို.ရောက်လျက်ပိန်းပိတ်အောင်မှောင်နေပုံရသည် ။ ကျွန်တော်တို.သည် ၀က်ထီးကန်မြို.အနီး မိန်းမရဲဟူသောရွာကလေးတွင် ဆွမ်းခံပြီး သံပုရာပင်ဟူသောရွာတွင်နေ.ဆွမ်းစားရန်ရပ်နားကြပါသည် ။ သံပုရာပင်ရွာသည်ရွာကြီးဖြစ်သဖြင်. ရောက်ရှိလာသော ရဟန်း သာမဏေအားလုံးကို တစ်အိမ်လျင် တတ်နိုင်သလျောက် တစ်ပါး၊ နှစ်ပါး ၊ သုံးပါး၊ငါးပါး စသည်ဖြင်. စာရေးတံမဲချ၍ဆွမ်းကပ်ကြပါသည် ။ ဘုန်းကံနည်းပါးနေသောကျွန်တော်သည် မိန်းမကြီးတစ်ယောက်အိမ်သို.မဲကျပါသည် ။ ထိုမိန်းမကြီးသည် အတော်ဆင်းရဲပုံပေါ်ပါသည် ။အဘယ်.ကြောင်.ဆိုသော်အခြားသူများက သံဃာ သုံးပါး ၊ငါးပါးစသည်ဖြင်. ပင်.ဆောင်ကြသော်လည်း ထိုအမျိုးသမီးက တစ်ပါးသာပင်.ဆောင်မည်ဟုစာရင်းပေးပါသည် ။ကိုရင်ပေါက်စနလေးဖြစ်သောကျွန်တော်.ကိုမဲကျသောအခါတွင်လည်း သိပ်စားနိုင်မည်.ပုံမပေါ်သော်လည်း နောက်ထပ် ကိုရင် (သို.မဟုတ် ) ဦးပဉ္ဖင်းဘယ်နှစ်ပါးတော.ထပ်ဖြည်.ပေးပါဟုမတောင်းဆို ၊ လူနည်းလျင်သာ၍ကောင်းသည်ဟူသောပုံဖြင်. ကျွန်တော်.ကိုသူ.အိမ်သို.ပင်.ဆောင်သွားပါသည် ။ သူ.အိမ်သည်တောထုံးစံ ခြေတံရှည် သက်ကယ်မိုး ပျဉ်ထောင်အိမ်အသေးလေးဖြစ်သည် ။ ကြမ်းပြင်များမှာဝါးကြမ်းပြင်ဖြစ်သည် ။ အိမ်မှာ လူနှစ်ယောက်ခန်.ပင်မနိုင်နိုင်နေရမည်.ပုံစံမျိုးဖြစ်သည် ။ သူသည်ကျွန်တော်.အားသင်ဖြူးဖျာအစုတ်ကလေးပေါ်တွင်ထိုင်ခိုင်းထားပြီး “ ကိုရင်ငါးဟင်းစားပါသလား “ ဟုမေးပါသည် ။ ကျွန်တော်သည် ငါးစားသော်လည်း ဟင်းထဲတွင်ငါးဟင်းကိုမကြိုက်ဆုံးဖြစ်သည် ။ သို.သော် ကိုရင်ဝတ်နေစဉ်ဖြစ်၍ ဇာချဲ.မနေတော.ပဲသူ.အလှူအထမြောက်အောင် စားပါသည်ဟုသာ အလိုက်သင်.ဖြေလိုက်ပါသည် ။ ထိုအခါထိုအမျိုးသမီးကြီးသည် သူ.မီးဖိုဘေးရေကပြင်တွင်တင်ထားသောစဉ်.အိုးထဲမှ ဟိုဟိုသည်သည် နှိုက်ဖမ်းလိုက်ရာ ငါးပြေမအရှင်တစ်ကောင်ပါလာပါသည် ။ ကျွန်တော်သည် အံ.သြ၍ကြည်.နေဆဲဝယ် အလှူ.ရှင်အမျိုးသမီးကြီးသည် ငါးပြေမအရှင်ကို ဘုံးကနဲ ဒိုင်ကနဲ ကျွန်တော်.ရှေ.မှာပင် ဒုတ်ဖြင်.ထုနှင်သတ်ဖြတ်လိုက်ပါသည် ။ ဤသို.ဖြင်.အမဲဟင်းလျာပြင်ဆင်ခြင်းအဆင်းပြီးမြောက်သွားပါသည် ။ နဂိုကငါးဟင်းမကြိုက်ရသည်.အထဲ ကိုယ်.ရှေ.မှာပင်ငါးကိုသတ်၍ချက်သော ဆွမ်းနှင်ဆွမ်းဟင်းကိုကျွန်တော်သည်အဘယ်ကဲ.သို. မြိန်ယှက်စွာဘုန်းပေးသုံးဆောင်နိုင်အံ.နည်း ။ ကျွန်တော်သည်စားချင်ယောင်ဆောင်၍ လူအလစ်တွင် ငါးကိုအိမ်အောက်သို.ချပစ်လိုက်ပါသည် ။ ထို.နောက်ဟင်းအနှစ်များဖြင်.ထမင်းသုံးလေးငါးလုပ် ဟန်လုပ်ကာစားပြီး ဘုန်းပေးသုံးဆောင်ပြီးပေပြီဟုပြောလိုက်ရလေသည် ။ အင်းထမ်င်းတော.၀၀မစားရဘူး အချိုပွဲလာမှပဲကောင်းကောင်းနှိပ်လိုက်မည်ဟုကျွန်တော်အားခဲထားပါသည် ။ အမျိုးသမီးလည်းအချိုပွဲကပ်လှူရန် သတိရသွားဟန်ဖြင်. အော် အချိုပွဲဘုန်းပေးပါဦးဟုဆိုကာ မီးဖိုထဲသို.၀င်သွား၏ ။ ပြန်ထွက်လာသောအခါ ကုသိုလ်ထူးလှသော ဘုန်းရှင်ကံရှင်ပါရမီရှင် ကိုရင်လေး ရှင်ဇာဂရ (ခေါ်) ကျွန်တော်.အတွက်သူ.လက်ထဲတွင်ပါလာသည်မှာ ရေနွေးကြမ်းလက်ဘက်ရည်သောက်သည်.ကြွေပန်းကန်လုံးကလေး တစ်ခု (၀ါ)ခွက်ကလေးတစ်ခွက်ဖြစ်သည် ။ ထိုအထဲတွင်တော. ဘုရားစူးမိုးကြိုးပစ်အချိုဟုခေါ်ဆိုနိုင်သော စားစရာတစ်မျိုးပါလာ၏ ။ ထိုအရာကားသကြားများကို ခွက်ထဲသို.ထည်.လာခြင်းပေတည်း ။ ဇွန်းတစ်ချောင်းကိုခွက်ထဲ၌ စိုက်ထူလိုက်ပြီး အချိုပွဲဘုန်းပေးပါဦးကိုရင်လေးဟုပြောသေး၏ ။ ကျွန်တော်လည်းသူကြေနပ်စေရန် သကြား တစ်ဇွန်းနှစ်စွန်းကိုခပ်စားကာ ရေနွေးကြမ်းနှင်.မြည်းလိုက်ပြီး ကျောင်းသို.ပြန်ကြွပါတော.မည်ဟုဆိုကာထိုအိမ်မှအမြန်ဆုံးဖဲခွာခဲ.လေ၏ ။ ဤကား ကျွန်ုပ်ဘုန်းပေးခဲ.ရသော ပထမဆုံး စာရေးတံမဲဆွမ်းတစ်နပ်ပေတည်း ။ စင်စစ်သော်ကားထိုအမျိုးသမီးသည် ရွာတွင်အဆင်းရဲဆုံးဖြစ်ဟန်တူပေ၏ ။တစ်ယောက်တည်းနေသည်ကိုထောက်လျင် ဆွေမရှိ မျိုးမရှိ တစ်ခုလပ်လား ၊မုဆိုးမလား တစ်မျိုးမျိုးဖြစ်ပေလိမ်.မည် ။ သူတတ်နိုင်တာသူလောင်းခြင်းဖြစ်၍ သူ.မရှိမဲ.ရှိမဲ.အလှူမှာ ဘုရား ရဟန္တာများ ၊ ပစ္စေကဗုဒ္စများကိုသာလှူဒါန်းခွင်.ရလျင်သံသရာ၌ အကြီးအကျယ်အကျိုးပေးပေလိမ်.မည် ။ သို.သော်ကျွန်တော်.လိုဖွတ်ကျားကိုယ်တော်ကိုဆက်ကပ်လှူဒါန်းရသောကြောင်. နှစ်ဦးနှစ်ဘက်သိပ်ပြီးဟန်ဟန်ပန်ပန်မဖြစ်လိုက်ပေ ။ ကျွန်တော်သည် မူလတည်းခိုရာ ဘုန်းတော်ကြီးကျောင်းသို.ပြန်သွားပြီး အလှူခံရသောပိုက်ဆံအချို.ဖြင်. ရွာထဲမှရောင်းသောမုန်.ဆိုင်မှ မုန်.အချို.ကိုဝယ်ယူဘုန်းပေးသုံးဆောင်လိုက်ပါသည် ။
ဤသို.ဖြင်.ကျွန်တော်တို.သည် ရက်နှစ်ဆယ်ခန်.ရွာစဉ်လှည်.ပြီးပြည်မြို.သို.ပြန်လာကြပါသည် ။ ကိုရင်ဝတ်၍ တစ်လခန်.ကြာသောအခါကျွန်တော်သည် လူဝတ်လဲလိုက်ပါသည် ။ ကျွန်တော် ရှင်သာမဏေဘ၀သို.ခံယူသည်မှာအခြားအကြောင်းမရာမရှိပါ ။ ရှင်ဘ၀ကိုလိုချင်စိတ်ပေါက်နေ၍သာဖြစ်သည် ။ဗေဒင်ဆရာကအကြံပေး၍လည်းမဟုတ် ။အခြားအကြောင်းလည်းမရှိပါ ။သို.သော် ကျွန်တော်သည် သေမင်းခံတွင်း၀၀ယ် ယဲ.ယဲ.လေးကျန်တော.သောဘ၀မှာ ဘုရားကုကုလိုက်သည်.သဖွယ်ဖြစ်ကာ အံ.သြစရာကောင်းလောက်အောင်ကျန်းမာရေး အခြေအနေတိုးတက်လာပါသည် ။ တင်ပါးဆုံရိုးထဲမှတစစ်စစ်နာကျင်နေမှုသည် ကိုရင်လူထွက်ပြီးသည်းအချိန်မှစကာတဖြည်းဖြည်း ပျောက်ကွယ်သွား၏ ။ ဆေးကိုတော.တစ်ပါတ်နှစ်ရက်မှ တစ်ပါတ်တစ်ကြိမ် မှန်မှန်ဆက်ထိုးရသည် ။ သောက်ဆေးများကိုလည်း ဆက်သောက်ရသည် ။ တစ်နှစ်ပြည်.သောအခါ ကျွန်တော်အတောင်.တဆုံးအရာကိုပြန်လည်ရရှိခဲ.သည် ။ ထိုအရာမှာ တစ်နှစ်ကျောင်းထွက်ထားသော သတ္တမတန်းပညာရေးကိုပြန်လည်တက်ရောက်သင်ယူနိုင်ခြင်းဖြစ်သည် ။
ကျွန်တော်ကျောင်းပြန်တက်နိုင်ခြင်းကြောင်.၀မ်းသာလိုက်သည်မှာပြောဖွယ်မရှိတော.ပေ ။ဥပမာအားဖြင်. နေရောင်ကိုနေ.စဉ်လွယ်လွယ်နှင်.ရနေသူသည် နေသာသည်ကိုများစွာ ဂရုမပြုမိသကဲ.သို.ရှိနေတတ်သော်လည်း မိုးမှောင်ကျနေသောကာလထဲတွင် ဆယ်.လေးငါးရက်တစ်လ တန်သည်နေရောင်ကိုမမြင်ပဲမှောင်ကြီးမည်းမည်းတွင်ကျင်လည်ခဲ.ရသူသည် နေရောင်ခြည်လေးအနည်းငယ်ဖြာကျလာသည်.မြင်ကွင်းကို ကြည်နူးလှိုက်လှဲကြိုဆိုမိပေမည် ။ ခံစားချက်ခြင်းတူနိုင်မည်မဟုတ်ချေ။ ကျွန်တော်.တွင်ပြသနာတစ်ခုကားကျန်သေး၏ ။ ကျောင်းတက်နေရင်းတစ်ပါတ်တစ်ကြိမ် မိမိဘာသာ ဆေးခန်းသို.ဆေးသွားထိုးခွင်.ရရန်နှင်. ကျွန်တော်.ကျန်းမာရေးမှာ ကြမ်းကြမ်းတမ်းတမ်း ပြုမူ၍မရသေးသဖြင်.ဆရာများရိုက်နှက်ဆုံးမလိုပါက တင်ပါးကို မရိုက်မိစေရန်ဖြစ်သည် ။ထိုအချက်ကိုမိခင်ဖြစ်သူက အ.ထ.က(၁) သတ္တမတန်းမှ ဆရာဆရာမအားလုံးကိုမျက်နှာအောက်ချသွားရောက်ရှင်းပြရ၏ ။ ရိုက်နှက်ဆုံးမဖို.လိုအပ်ပါက လက်ကိုဖြစ်စေ ခြေသလုံးကိုဖြစ်စေရိုက်နှက်နိုင်ပါသည် ၊တင်ပါးကိုလုံးဝမရိုက်နှက်ပါနှင်.ဟုမိခင်ကြီးက တောင်းပန်ရသည် ။ဆရာဆရာမအများစုကသဘောပေါက်လက်ခံကြသော်လည်းအချို.ဆရာ ဆရာမများသည် ကျွန်တော်.ကို မြင်သည်နှင်. “ အမလေးမရိုက်ကြနဲ.ဟေ. သူ.အမေကခပ်သည်းသည်းရယ် ဘယ်နေရာရိုက်ပါ ဘယ်နေရာမရိုက်ပါနဲ.တဲ.လာပြောထားတယ် ကြုံကြုံဖူးပေါင်အေ ..ကဲကိုကဲလွန်း သည်းကိုသည်းလွန်းပါတယ် “ ဟု ကျွန်တော်.ရှေ.တွင်ပြောကြ၏ ။စင်စစ်သော်ကားထိုဆရာမများသည် ဆေးပညာဗဟုသုတခေါင်းပါးသူများဟုသာသတ်မှတ်ရတော.မည် ။ ကျွန်တော်ဖြစ်နေသော Bone T.B ရောဂါ၏အတိမ်အနက်ကို သူတို.သဘောမပေါက်ကြခြင်းသာဖြစ်သည် ။ ကျွန်တော်သည် ကံကောင်းထောက်မစွာဖြင်. (ကျွန်တော်.ဘ၀တစ်လျောက်လုံး ပညာရေးနှင်.ပါတ်သက်၍ ကံကောင်းမှုများဆက်တိုက်ကြုံခဲ.ရရာ တိုက်ဆိုင်မှုဆိုသည်ထက် ပညာပါရမီရှေးကုသိုလ်အကျိုးပေးဟုယူဆရမလိုဖြစ်ပါသည် ) အလွန်သဘောထားပြည်.၀ပြီးစိတ်ထားနူးညံ.လှသော ဒေါ်ခင်စောမူ ဟူသည်.ဆရာမအတန်းပိုင်ကိုင်သည်.အခန်းတွင်နေရသည် ။ ဆရာမသည်ကျွန်တော်.ကိုတစ်ချက်မှရိုက်နှက်ဆုံးမခဲ.ခြင်းမရှိပေ ။ကျွန်တော်သည်လည်း ဥာဏ်ကောင်း၍ စာတော်သောကျောင်းသားထဲတွင်ပါသဖြင်. စာမရ၍အပြစ်ပေးခံရသည်ဆိုခြင်းမှာကျွန်တော်.ဘ၀တွင်မရှိသလောက်ရှားပါးလှပါသည် ။ထိုမျှမကကျွန်တော်သည်တစ်ပါတ်လျင်တစ်ရက်ကျောင်းမှ စာသင်ချိန်တစ်ချိန်စော၍ ဆင်းခွင်.ရ၏ ။ ကျောင်းသားဆေးခန်းတွင်သွား၍ဆေးထိုးခံရန်ဖြစ်သည် ။
ဆက်ရန်
သရ၀ဏ်(ပြည် )
တင်ဆက်...ပြည်သတင်းလူငယ်(ပြည်သတင်း)
0 comments:
Post a Comment