Tuesday, September 23, 2014

လုပ်ငန်းခွင်တွင် လုပ်ငန်းဆောင်ရွက်နေသော အမျိုးသားနှစ်ဦး ဓာတ်လိုက်ရာမှ တစ်ဦးသေဆုံး ပြည့်သဲမောင်(ပြည်)

Leave a Comment


လုပ်ငန်းခွင်တွင် လုပ်ငန်းဆောင်ရွက်နေသော အမျိုးသားနှစ်ဦး ဓာတ်လိုက်ရာမှ 
တစ်ဦးသေဆုံး
ပြည့်သဲမောင်(ပြည်)
စက်တင်ဘာ(၂၂)ရက်နေ့ နံနက် (၁၀)နာရီ(၄၅)မိနစ်အချိန်ခန့် ပဲခူးတိုင်းဒေသကြီး
ပြည်ခရိုင် ပြည်မြို့ မြို့မရဲစခန်းတောင်ဘက်(၆)ဖာလုံခန့်အကွာ ဆံတော်ရပ်ကွက်
ရွှေဆံတော်ဘုရား၌ ဘုရားတောင်တော်မြေအားကြံ့ခိုင်မှုထိန်းသိမ်းရေးလုပ်ငန်း
လုပ်ဆောင်နေသောအမျိုးသားနှစ်ဦး ဓာတ်လိုက်ရာ တစ်ဦးသေဆုံးသွားကြောင်း
သိရှိရသည်။


ဖြစ်စဉ်မှာ ဆံတော်ရက်ကွက် ရွှေဆံတော်ဘုရား၌ ဘုရားတောင်တော်မြေအား
ကြံ့ခိုင်မှုထိန်းသိမ်းရေးလုပ်ငန်း လုပ်ဆောင်နေသော သိန်းညွန့်(၂၇)နှစ်ကြို့
ပင် အင်းရွာ ပဲခူးတိုင်းဒေသကြီးနေသူနှင့် လှတင့်(၃၀)နှစ် ဆည်တော်ကြီးရွာ
မတ္တရာမြို့နယ်မန္တလေးတိုင်းဒေသကြီးနေသူတို့နှစ်ဦးသည် မြေတူးစက်ဖြင့်
မြေတူးကြပြီး နောက်တစ်ကျင်းတူးရန် မြေတူးစက်အား ရွှေ့ပြောင်းစဉ် မြေတူး
စက်နှင့် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး ပြုတ်ထွက်ကာ ဓါတ်လိုက်ခံရ
သဖြင့် သိန်းညွန့်နှင့် လှတင့်တို့တွင် ရာဘက်လက်တစ်တောင်ဆစ် ပွန်းပြဲဒါဏ်
ရာများ ကိုစီရရှိခဲ့သဖြင့် တာဝန်မှူးရဲအုပ်မြတ်သူစိုးနှင့်အဖွဲ့မှ၎င်းတို့နှစ်ဦးအား
ပြည်ဆေးရုံကြီးသို့ဆေးကုသမှုခံယူရန်ပို့ဆောင်ခဲ့ပြီး ၄င်းတို့နှစ်ဦးဆေးကုသ
မှုခံယူနေစဉ်သိန်းညွန့်မှ နေ့လည်(၁၁)နာရီအချိန်ခန့်တွင် သေဆုံးသွားခဲ့ကြောင်း
သိရသည်။

ထို့ကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူသိန်းညွန့်သည် ဓမ္မတာအတိုင်းသေ
ဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးပေးပါရန် ဒုရဲအုပ်မြတ်သူစိုးမှ သတင်းပေးချက်
အရ ပြည်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၆/၂၀၁၄)ဖြင့် အမှုရေးဖွင့်ထားရှိပြီး
 စခန်းမှူး ဒုရဲမှူးမျိုးမြင့်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။


မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။
သတင်း ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page