Saturday, September 6, 2014

ဒီစာမူကို ရဲမှတ်တမ်းစာမျက်နှာမှ ကူးယူရေးသား တင်ပြပေးခြင်းဖြစ်ပါတယ်။ ပြည်သတင်းလူငယ်(ပြည်သတင်း)

Leave a Comment
(၁) ၂၀၁၄ စက်တင်ဘာ ၀၄၁၈၁၅ အချိန်ခန့်တွင် ပြည်မြို့ ၊ ကျောင်းအိုးရပ်ကွက်နေ ဦးဘိုင်ကြီး(ခ)ဦးစိန်ညွန့် (၅၃)နှစ်၊ (ဘ)ဦးအောင်သိန်း ၊ မပတ-မမှတ်မိ ကွမ်းယာရောင်းဘာသာခြား  မ/၆၆၄ ၊ ပွဲစားလမ်းနေသူ၏ နေအိမ် ၌၄င်း၏တူမ ဖြစ်သူမစန္ဒာအေး(ခ)မကြည်အေးခိုင် (၂၀)နှစ်၊ (ဘ)ဦးကျော်မြင့်၊ ၊ မပတ-မရှိ  ဘာသာခြား ၊ (စိတ်ကျန်းမာရေး မကောင်းလက်မှတ်ရ) မှဆိုင်ကယ်ဓါတ်ဆီ ၅၀၀ိကျပ်ဖိုးအား ဂျုးဂျုး(ခ)ဂျုးကိုကိုအောင် (၁၉)နှစ်၊ (ဘ)ဦးအေးအောင် မှီခို၊ မပတ-မမှတ်မိ၊ ဆင်စုရပ်ကွက်၊ အမှတ်(၃) တိုက်ခန်း၊ ၀ါရုံလမ်းတို နေသူမှဝယ်သဖြင့် ရောင်းချပြီးငွေ၁၀၀၀ိကျပ်ပေး ရာတွင်ငွေ ၅၀၀ကျပ် ပြန်အမ်းရာ၌ လက်ချင်းထိမိသဖြင့် မစန္ဒာအေးမှ မျက်နှာအားကြည့်ရာဘာကြည့်တာလဲဟု ဂျုးကိုကိုအောင်မှ ပြောပြီး နင်မွတ်ဆလင်လား၊ ဟိန္ဒူလား ဟုမေးရာမှ မွတ်ဆလင်ဟု ပြန်ပြောကြောင်း ဂျုးကိုကိုအောင်မှ နင်ဟိန္ဒူဘဲလုပ်ရမည်ဟု ပြောသဖြင့် စကားများရန် ဖြစ်ရာတွင် ဂျုးကိုကိုအောင်မှ လမ်းပေါ်မှနေအိမ်အတွင်းသို့ ခဲများဖြင့် ၁၀ချက်ခန့် ပစ်ပေါက်ခဲ့ရာ ဒေါ်ဂျွန်မာရီ (၇၃)နှစ်၊ (ဘ)ဦးရာဇတ် မှီခို မပတ-မမှတ်မိ ဘာသာခြား ၊ မ-၆၆၄ပွဲစားလမ်းနေသူတွင် ၀ဲဘက်လက် ကောက်ဝတ် ပွန်းပဲ့ဒဏ်ရာအနည်းငယ် ရရှိ၊ မ၀င်းအေးခိုင်(ခ)ရှိုင်းနား (၃၂)နှစ်၊ (ဘ)ဦးကျော်မြင့် မှီခို၊ မပတ-မရှိ ဘာသာခြားတွင် ယာဘက်လက်ကောက်ဝတ် ဖူးရောင်ဒဏ်ရာ(၁)ချက် ရရှိခဲ့ (၂) စကားများရန်ဖြစ် ခဲဖြင့်ထုပြီး ဂျူးကိုကိုအောင်မှာ ဆိုင်ကယ်ဖြင့်မောင်းပြေးစဉ် ပွဲစားလမ်းရှိ ထျန့်ဟိုကုန်းခန်း မရှေ့တွင် ဆိုင်ကယ်တိမ်းမှောက်၍ ယာဘက်နားရွက် အပေါ်ပိုင်းတွင် ပေါက်ပြဲဒဏ်ရာ ယာပါးပွန်းရှ ဒဏ်ရာ ရရှိကြောင်း စီစစ်တွေ့ရှိရကြောင်း ဂျုးကိုကိုအောင်မှာ အရက်သောက်စားမူးယစ်နေကြောင်း စီစစ်တွေ့ရှိရ၍ ရဲဆေးစာ ဖြင့်ဆေးရုံသို့ပို့ဆောင် ကုသလျက်ရှိ (၃) ဂျုးကိုကိုအောင်မှ ခဲဖြင့်ပစ်ပေါက်၍ ဒဏ်ရာရသူ ဒေါ်ဂျွန်မာရီနှင့် မ၀င်းအေးခိုင်တို့ နှစ်ဦးကိုလည်း ရဲဆေးစာ ဖြင့်ဆေးရုံပို့ ကုသစေလျက်ရှိ (၄) ၄င်းဖြစ်စဉ်နှင့် ပတ်သက်၍ ခဲဖြင့်ပစ်ပေါက် ခံရသဖြင့် ဒဏ်ရာရှိသူများဘက်မှ ဦးဘိုင်ကြီး(ခ)ဦးစိန်ညွန့်မှ လူမျိုး ရေးပြဿနာ မဖြစ်ပွားလိုခြင်း ရရှိသောဒဏ်ရာမှာလည်း ပွန်းပဲ့ရုံသာဖြစ်၍ တကြောင်း ဂျုးကိုကိုအောင်၏ ဖခင်ဦး အေးအောင်နှင့်လည်း ရင်းနှီးသူဖြစ်၍ အမှုမဖွင့်လိုကြောင်း ကျောင်းကြီးအိုးတန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ခင် ၊ ဆင်စုရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်စိုး ၊ ကိုစိုးမြင့်ထွန်း ( မွတ်ဆလင်ဘာသာရေးအဖွဲ့ဝင် )၊ ဦးကျော်ဆန်း (ဘာသာရေးအဓိကရုဏ်း များ ဆန့်ကျင်ရေးကာကွယ် တာဆီးရေးကွန်ယက်)၊ ဦးကျော်ဆွေ ၊ ဦးမင်းမင်းထွန်း တို့အတူ စစစ ရဲအုပ် မျိုးဝင်းမှ လူမှုရေးပြဿနာများမဖြစ်ပွားရေးအတွက် ဖြေရှင်းဆောင်ရွက်ခဲ့ (၅) ဂျူးကိုကိုအောင် နှင့် အဖော်ပါသူ ထက်ဝေယံ (၁၉) နှစ် ၊ (ဘ) ဦးမောင်မောင်အေး ပ - နှစ် (ပထ၀ီ) အဝေးသင် ၊ ဆင်စုရပ် ရွာသစ်ပိုင်းနေသူမှ အထက်ပါ အဖွဲ့နှင့် သတင်းမီဒီယာများရှေ့တွင် ၄င်း၏သူငယ်ချင်း ဂျူးကိုကိုအောင် နှင့် ဓါတ်ဆီဆိုင်ရောင်းသူ မစန္ဒာအေး တို့ တစ်ယောက်တစ်ခွန်းစကားများရန်ဖြစ်ရာမှ ဂျူးကိုကိုအောင်နှင့် ၄င်းမှ ခဲဖြင့် ပစ်ပေါက်ခဲ့ကြောင်း ၊ ခဲဖြင့်ပစ်ပြီး ဆိုင်ကယ်ဖြင့်ထွက်ပြေးစဉ် ထျန့်ဟိုကုန်း ခမ်းမရှေ့၌ ဆိုင်ကယ်လဲ၍ ဂျူးကိုကိုအောင်မှာ ဒဏ်ရာရရှိခဲ့ကြောင်း ပြောပြ၍ သိရှိရ (၆) လူမှုရေးပြဿများမဖြစ်ပွါးအောင်စေရေးအတွက် နှစ်ဖက်အုပ်ထိန်းသူများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ဘာသာရေးအဖွဲ့ဝင်များ ၊ ဘာသာရေးအဓိကရုဏ်းဆန့်ကျင်ရေးကာကွယ်တားဆီးရေး ကွန်ယက်အဖွဲ့ဝင်များဖြင့် ဖြေရှင်းဆောင်ရွက်ထားရှိပါကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်။

(မှတ်ချက်)
ဒီစာမူကို ရဲမှတ်တမ်းစာမျက်နှာမှ ကူးယူရေးသား တင်ပြပေးခြင်းဖြစ်ပါတယ်။
ပြည်သတင်းလူငယ်(ပြည်သတင်း)

0 comments:

Post a Comment

Facebook Like Page