Friday, September 5, 2014

(၆၂)ကြိမ်မြောက် ပြည်ဝန်ချတောင်စေတီတော်မြတ်ကြီး တောင်တော်ပေါ် အဘဘိုးတော်အောင်မင်းခေါင် ထွက်ရပ်လမ်း ကြွမြန်းသည့် ထွက်ပွဲ အောင်ပွဲ ပူဇော်ပွဲနှင့် အဘ၏ အံစွယ်တော်အပွားပူဇော်ပွဲ ဖိတ်ကြားလွှာ

Leave a Comment


(၆၂)ကြိမ်မြောက် ပြည်ဝန်ချတောင်စေတီတော်မြတ်ကြီး တောင်တော်ပေါ် အဘဘိုးတော်အောင်မင်းခေါင် ထွက်ရပ်လမ်း ကြွမြန်းသည့် ထွက်ပွဲ အောင်ပွဲ
ပူဇော်ပွဲနှင့် အဘ၏ အံစွယ်တော်အပွားပူဇော်ပွဲ ဖိတ်ကြားလွှာ

ပြည်မြို့ ၀န်ချတောင်စေတီတော်မြတ်ကြီးတောင်တော်ပေါ်အဘဓါတ်နန်းတွင် ပုပ္ပါးတောင်ကလပ်နည်းတူ အဘအောင်မင်းခေါင် ထွက်ရပ်လမ်း ကြွမြန်းသည့်
နေ့ကို အထိမ်းအမှတ်ပြု၍ အဘထွက်ပွဲ အောင်ပွဲ ပူဇော်ပွဲကြီးကို ကျင်းပလာခဲ့
သည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်။ ပုပ္ပါးတောင်ကလပ်မှ အဘအောင်မင်းခေါင်
၏ အံစွယ်တော်အစစ်နှင့် ထပ်တူကိန်းဝပ်ဓါတ်ယူပူဇော်ထားသည့် အံစွယ်တော်
အပွားကို တော်သလင်းလပြည့်နေ့မှ လပြည့်ကျော်(၂)ရက်နေ့တိုင်တိုင် ကန်တော့
ခံ၍ တော်သလင်းလပြည့်နေ့တွင် အဘ၏ အံစွယ်တော်အပွားဖွင့်လှစ်ပူဇော်ခြင်းနှင့်
အဘကြိုပွဲပူဇော်ခြင်း၊ လပြည့်ကျော်(၁)ရက်နေ့တွင် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များ
ဒေ၀ါနတ်မင်းများ သိုက်နန်းရှင်များပင့်ဖိတ်ခြင်း၊ တော်သလင်းလပြည့်ကျော်(၂)
ရက်နေ့တွင် ပဋ္ဌာန်းဆတ်သားသမီးများမှ စတုဒီသာ အလှူတော်မင်္ဂလာနှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များကို သက်သက်လွတ်ဆွမ်းကပ်လှူခြင်း ခင်ပွန်းကြီး(၁၀)
ပါး ပူဇော်ကန်တော့ပွဲများ လှူဒါန်း၍ နေ့လည်(၃း၀၀)နာရီအချိန်တွင် ဘုရားပွဲများ
သာသနာပိုင်ပွဲများ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ပွဲများ ဒေ၀ါပွဲများ သိုက်နန်းရှင်ပွဲများကို ပဋ္ဌာန်းဆက်သားသမီးများမှ ကန်တော့ပွဲများကိုရွက်၍ ၀န်ချတောင်စေတီတော်မြတ်
ကြီး ရင်ပြင်တော်ပေါ်ကို လက်ယာရစ်ကိုးပတ်လှည့်လည်၍ ၀န်ချတောင်အောင်သိဒ္ဓိ
ကုသိုလ်ဖြစ် သာသနာပြုရှမ်းအိုးစည်အဖွဲ့နှင့် မင်္ဂလာဆိုင်းတော်တို့မှစည်ကားသိုက်မြိုက်
စွာ ပူဇော်သွားပြီး အဘအောင်မင်းခေါင်ခန္ဓာဝန်ချသည့် တော်သလင်းလပြည့်ကျော်(၂)
ရက် ညနေ(၄း၂၀)တွင် အဘ၏ထေရုပများ၊ အဘအကြောင်းသိကောင်းစရာများကို
ပြောကြားပြီး ဘုရားအမှူးပြုသော ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ကြီးများ အဘအောင်မင်းခေါင်
အားလှူဒါန်းထားသောကန်တော်ပွဲများ လှူဒါန်းရေစက်ချပြီး ရွှေမိုးငွေမိုးများရွာသွန်းဖြိုး
မည်ဖြစ်ရာ ၀န်ခတောင်အဘဓါတ်နန်း/နန်းထိန်း၊ အဘ၏မြေးတပည့် ကိုအာကာလင်းမှ
(၃)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်၍ ပဋ္ဌာန်းဆတ်သားသမီးများမှ
ဆိုင်ရာပိုင်ရာပုဂ္ဂိုလ်အားလုံးတို့ကိုချော့နိုင်ပါသည် အနယ်နယ်အရပ်ရပ်အဘ၏ပဋ္ဌာန်း
ဆတ်သားသမီးများကို မေတရှေ့ထား၍ အောက်ပါအစီအစဉ်အတိုင်းကြွရောက်ကြပါရန်
လေးစားစွာဖိတ်ကြားအပ်ပါသည်။

နေ့ရက်။ ။၈.၉.၂၀၁၄၊ တော်သလင်းလပြည့်နေ့ ၊အဘအကြိုပွဲနှင့် အဘ၏အံစွယ်
တော်ပူဇော်ပွဲ။
၉.၉.၂၀၁၄၊ တော်သလင်းလပြည့်ကျော်(၁)ရက်နေ့ ပုဂ္ဂိုလ်အားလုံးပင့်ဖိတ်ပူဇော်ပွဲ။
၁၀.၉.၂၀၁၄၊ တော်သလင်းလပြည့်ကျော်(၂)ရက်နေ့ အဘထွက်ပွဲ။
အချိန် ။ ။နံနက်(၉း၀၀)နာရီ မှ ညနေ(၅း၄၀) အထိ
နေရာ ။ ။ပြည်မြို့၊ ၀န်ချတောင် အဘဓာတ်နန်း။ အကျိုးတော်ဆောင် ဆရာကြီးဦးဥာဏ်ထွန်းနှင်ကိုအာကာလင်းအဘ၏မြေးတပည့် ၀န်ချတောင်ဓါတ်နန်း/နန်းထိန်း

0 comments:

Post a Comment

Facebook Like Page