ဆက်သွယ်ရေးလိုင်စင်ရရှိထားသ ည့် ပြည်ပကုမ္ပဏီတယ်လီနောမြန်မာသ ည် မကြာခင်အချိန်ကာလအတွင်း ၄င်းတို့၏ဆက်သွယ်ရေးဆင်းမ်က တ်များကို ချထားပေးမည်ဖြစ်သော်လည်း ရက်အတိအကျပြောဆို၍မရသေး ကြောင်း အောက်တိုဘာ ၁၆ ရက်က နေပြည်တော်၌ပြုလုပ်သော Myanmar Connect 2014 တွင် အဆိုပါကုမ္ပ ဏီ၏ CEO ဖြစ်သူ Mr. Petter Furberg ကပြောကြားခဲ့သည်။
Mr. Petter Furberg က “ ကျွန်တော်တို့အနေနဲ့ စိန်ခေါ်မှုအကြီးကြီးတွေကိုရင်ဆိုင်နေရပါတယ်။
တယ်လီနော မြန်မာရဲ့ဆင်းမ်ကတ်တွေကို မကြာခင်အချိန်အတောအတွင်းထွက်ရှိလာတော့မယ်လို့ပြောနိုင် ပါတယ်။ ရက်အ တိအကျတော့မပြောနိုင်သေးပါဘူး” ဟုပြောသည်။
ဆက်လက်ပြီး Myanmar Connect 2014 ၏ ပထမနေ့သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တယ်လီနောမြန်မာအနေဖြင့် ဆင်းမ်ကတ်များချထားချိန်တွင် မန္တလေးမြို့၌ ပထမဆုံးချထားပေးမည်ဟု သ တင်းများထွက်ပေါ်နေမှုအပေါ် မှန်ကန်မှုရှိ/ မရှိအတည်ပြုပေးရန်
Mr. Petter Furberg အားမေးမြန်းခဲ့ရာ Mr.Petter က “ ကျွန်တော်တို့
အသေးစိတ်မပြောချင်ပါဘူး။ ဘယ်နေရာ၊ ဘယ်အချိန်မှာစတင်ထုတ်လုပ်
ရောင်းချသွားမလဲဆိုတာမပြောနိုင်သေးပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။
တယ်လီနောမြန်မာသည် စက်တင်ဘာ ၁၅ ရက်မှစတင်ပြီး ဆင်းမ်ကတ်များရောင်းချပေးမည်ဟုသတင်းများ
ထွက်ပေါ်ခဲ့သော်လည်း စက်တင်ဘာ ၁၆ ရက်တွင် Mr. Petter Furberg က
စတင်ရောင်းချမည့်ရက်ကို အတိ အကျပြောဆိုခဲ့ခြင်းမရှိဘဲ
မကြာခင်အချိန်အတွင်းရောင်းချမည်ဟုသာ အတည်ပြုပြောကြားခဲ့သည်။ အခြားတစ် ဖက်တွင် တယ်လီနောမြန်မာအနေဖြင့် တာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းများတွင် အခက်အခဲများ၊ စိန်ခေါ်မှု များနှင့် ရင်ဆိုင်နေရကြောင်း၊ ဆင်းမ်ကတ်များစတင်ရောင်းချချိန်တွင် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များ တွင် ရောင်းချပေးသွားမည်ဖြစ်ကြော င်း Mr.Petter Furberg က အတည်ပြုပြောကြားခဲ့သည်။
အမ်းဝေ
Mr. Petter Furberg က “ ကျွန်တော်တို့အနေနဲ့ စိန်ခေါ်မှုအကြီးကြီးတွေကိုရင
တယ်လီနော မြန်မာရဲ့ဆင်းမ်ကတ်တွေကို မကြာခင်အချိန်အတောအတွင်းထွက
ဆက်လက်ပြီး Myanmar Connect 2014 ၏ ပထမနေ့သတင်းစာရှင်းလင်းပွဲတ
တယ်လီနောမြန်မာသည် စက်တင်ဘာ ၁၅ ရက်မှစတင်ပြီး ဆင်းမ်ကတ်များရောင်းချပေးမည
အမ်းဝေ
TechSpace Journal
0 comments:
Post a Comment