Monday, August 25, 2014

ဥသျှစ်ပင်မြို့တွင် ဓမ္မစကူလ်း ဆရာဖြစ်သင်တန်းဖွင့်လှစ်

Leave a Comment

ဥသျှစ်ပင်မြို့တွင် ဓမ္မစကူလ်း ဆရာဖြစ်သင်တန်းဖွင့်လှစ်
****************************************
ပဲခူးတိုင်းဒေသကြီး(နောက်) ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကြီးတွင် 25.8.2014 ရက်နေ့ မနက်(၇း၀၀)အချိန်ခန့်က ဓမ္မစကူလ်း ဆရာဖြစ်သင်တန်းဖွင့်လှစ်ခဲ့ကြောင်းသတင်းရရှိခဲ့
ပါသည်။ အဆိုပါ ဓမ္မစကူလ်း ဆရာဖြစ်သင်တန်းဖွင့်လှစ်ခြင်းအခမ်းအနားကို နိုင်ငံတော်သြ၀ါစရိယ ဆရာတော် ဘဒ္ဒန္တကုဏ္ဍလဇောတိ အဘိဓဇမဟာရဋ္ဌဂုရု / နိုင်ငံတော်သံဃနာယက အဖွဲ့ဝင် ဘဒ္ဒန္တသူရဓဇ /
တိုင်းသံဃနာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တ သြဘာသ / မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ ဇာဂရာဘိဝံသ(အဂ္ဂမဟာပဏ္ဍိတ) / ပန်းတောင်းမြို့ပေါ်ရှိ ဆရာတော်ကြီးများ /သံဃာတော်
အရှင်သူမြတ်းများနှင့် တိုင်းသာသနာရေးမှုး လက်ထောက်ညွှန်ကြားရေးမှုး  ဦးထွန်းမြင့်ဦး တို့နှင့် ပန်းတောင်းမြို့နယ် ဌာနဆိုင်ရာများအဖွဲ့အစည်းများ / သင်တန်းသား/သူ (၆၀)ဦး နှင့် စိတ်ပါဝင်စားလေ့လာသူ
(၄၀)ဦး စုစုပေါင်းအခမ်းအနားတက်သူပေါင်း(၂၀၀)ကျော်ဖြင့် အခန်းအနားဖွင့်လှစ်ခြင်းများ သင်တန်းပို့ချခြင်းများကို ကျင်းပဆောင်ရွက်ခဲ့ပါတယ်။.....

အဆိုပါ ဓမ္မစကူလ်း ဆရာဖြစ်သင်တန်းကို သုခိတာရာမ ပရိယတ္တိစာသင်တိုက် ဓမ္မစကူလ်းကျောင်းမှ ဦးစီးဦးဆောင်ပြီး ပန်းတောင်းမြို့နယ်အတွင်းရှိသံဃာတော်များပူးပေါင်း၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ခဲ့တာဖြစ်
ကြောင်း ထို့နောက် ယခုလိ ဓမ္မစကူလ်း ကျောင်းတွေလည်း ပန်းတောင်းမြို့နယ်အတွင်း ဌာနပေါင်း(၂၀)ဦးစွာဖွင့်လှစ်သွားဖို့ရှိတယ်လို့ ဘဒ္ဒန္တ၀ဏ္ဍိဿရဇောတိ Ma-ဓမ္မာစရိယ(တိုက်အုပ်ဆရာတော်) သုခိတာရာမပ
ရိယတ္တိစာသင်တိုင်(ဥသျှစ်ပင်မြို့) မှပြည်သတင်းသို့ မိန့်ကြားသွားခဲ့သည်။....

ဓမ္မစကူလ်းသင်တန်းတွေဖွင့်လှစ်ပို့ချပေးတဲ့အတွက် မျိုးဆက်သစ်လူငယ်တွေ ဗုဒ္ဓဘာသာအခြေခံသဘောတရားတွေကို ရရှိခံစားစေရပြီး ပညာရေးလောကမှာလည်း ယဉ်ကျေးလိမ်မာတဲ့ ပညာသင်ယးနည်းစနစ်တွေ
ရရှိသွားမှာမလွဲဧကန်ပဲ ပြည်သတင်းရေ အဲဒိလိုပဲ ခံယူသုံးသပ်ပါတယ်....အပတ်စဉ်တနင်္ဂနွေနေ့တိုင်း မသင်မဖြစ်သင်ကြားပို့ချဖို့အစီစဉ်တွေလည်းရှိပါတယ် ပန်းတောင်းမြို့နယ်တနယ်လုံး အုပ်စုအလိုက်အဖွဲ့ ဖွဲ့ပြီး
ဖွင့်လှစ်ဖို့တွေလည်းရှိပါတယ်...ဟု ဦးကေသရ (ဆုတောင်းပြည့်ကျောင်း/ငါးမျက်နှာရွာ) မ.ဘ.သ ဒုဥက္ကဋ္ဌ မှ ပြည်သတင်းသို့မိန့်ကြားသွားခဲ့သည်။....

အဆိုပါ ဓမ္မစကူလ်းဖွင့်လှစ်ရာတွင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့ နှင့် ကျေးရွာအုပ်စု အသီးသီးရှိ ဆရာတော်အရှင်သူမြတ်များမှ ဗုဒ္ဓသာသနာ အဓွန့်ရှည် တည်တံ့ပြန့်ပွားရေးအတွက် အနာဂတ် ရင်သွေးငယ်က
လေးများ၏ ဘ၀ကိုဓမ္မဖြင့်အလှဆင်နိုင်ရန်၎င်း/ယဉ်ကျေးလိမ္မာပြီး စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ကာ ပညာပြည့်ဝနှလုံးလှသော လူတော်လူကောင်းများ ဖြစ်ပေါ်စေရန် နှင့် အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးသော ခေါင်း
ဆောင်ကောင်းများပေါ်ပေါက်လာစေရန်အပြင် ဗုဒ္ဓအဆုံးအမ နှင့် ထေရ၀ါဒဗုဒ္ဓသာသနာကို လက်တွေ့ကျကျ လိုက်နာကျင့်သုံးစေရန် စိတ်ရည်သန်၍ အနာဂတ် သာသနာအကျိုးမျှော်ကိုးကာ ယခုလို ဆရာဖြစ်သင်
တန်းများ/ဓမ္မကူလ်းကျောင်းများဖွင့်လှစ်ခဲ့ရတာဖြစ်ပြီး  အဆိုပါသင်တန်းကာလကို (၂၅.၈.၂၀၁၄)ရက်နေမှ(၃၁.၈.၂၀၁၄)ရက်နေ့ ညနေ(၃း၀၀)နာရီအထိ (၇)ရက်တိုင်တိုင်ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။....
အဆိုပါ သင်တန်းကာလအတွင်း သံဃာတော်အပါး(၂၄)ပါး၏ နေ့ဆွမ်းနှင့်အချိုပွဲ လှူဒါန်းလိုပါက(၄၅၀၀၀ိ/)ကျပ် / နေ့လည်အအေး(၁၅၀၀၀ိ/)ကျပ် / သင်တန်း ဆရာ/မ(၁၂၀)တို့အား နေ့လည် ကော်ဖီ၊မုန့်၊အအေး
များကို အလှူငွေ(၅၀၀၀၀ိ/)ကျပ် / မိမိအစီစဉ်ဖြင့်ဖြစ်စေ၊တနေ့တာ လှူဒါန်းလိုပါက လှူဒါန်းနိုင်ပါကြောင်း  ဆက်သွယ်လှူဒါန်းလိုပါလျှင်....
၁။ သုခိတာရာမဆရာတော်(ဥသျှစ်ပင်မြို့)...09423694739...
၂။ ဒေါ်ညာဏိက(မိုးကုတ်ဓမ္မရိပ်သာ)....05342125...
၃။ ဒေါ်ညာဏစာရီ(ဓမ္မထေရီ)...0930005071...
၎။ ဦးအောင်မင်း(၀ိသာခါပွဲရုံ/ဥသျှစ်ပင်မြို့)...05342331...တို့ကိုဆက်သွယ်လှူဒါန်းနိုင်ပါကြောင်းဖြည့်စွတ်ရေးသားတင်ပြအပ်သည်။...

ပြည်သတင်းလူငယ်(ပြည်သတင်း)







0 comments:

Post a Comment

Facebook Like Page