Monday, August 25, 2014

ပြည်မြို့တွင် ပန်းရဲ့လမ်း တေးဂီတအဖွဲ့ဖျော်ဖြေမှု အလှူငွေ ကျပ်သိန်းလေးဆယ်ကျော်ရရှိ

Leave a Comment

ပြည်မြို့တွင် ပန်းရဲ့လမ်း တေးဂီတအဖွဲ့ဖျော်ဖြေမှု အလှူငွေ ကျပ်သိန်းလေးဆယ်ကျော်ရရှိ

**********************************

 Byဇော်မင်းထိုက်

ပြည်မြို့ရှိ အောင်ဆန်း ပညာဒါနကျောင်းတွင် ပညာသင် ကြားနေကြသော ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြား ရေးရန်ပုံငွေရရှိရန် လွတ်လပ် ငြိမ်းချမ်း ပန်းရဲ့လမ်း(လူမှုကွန် ရက်)က သုံးရက်တိုင်တိုင် ဖျော် ဖြေခဲ့ရာ အလှူငွေကျပ်သိန်း လေးဆယ်ကျော်ရရှိခဲ့ကြောင်း သတင်းရရှိသည်။ ‘‘အားလုံးပေါင်း လေးဆယ့် နှစ်သိန်းလေးသောင်းကိုးထောင် ရတယ်။ ပန်းရဲ့လမ်း တစ်ဖွဲ့လုံး ဘုန်းကြီးကျောင်းမှာ တည်းခိုပြီး အားလုံးအလှူခံပေးသွားတာ။ အလှူငွေတွေအားလုံးကို အောင် ဆန်းပညာဒါနကျောင်းရန်ပုံငွေ အဖြစ်ပဲ အသုံးပြုသွားမှာ’’ဟု ပြည်မြို့အောင်ဆန်းပညာဒါန ကျောင်းမှ ကိုယ်စားလှယ် ကိုမေတ္တာဦးက ပြောသည်။
ပန်းရဲ့လမ်း တေးဂီတအဖွဲ့ ၏ ရန်ပုံငွေဖျော်ဖြေပွဲကို ပြည်မြို့ရှိ နာမည်ကြီးရောင်းအားကောင်း သည့် လက်ဖက်ရည်ဆိုင် ၁၂ ဆိုင်တွင် သြဂုတ် ၂၁ ရက်မှ ၂၃ ရက် ညအထိ ဆိုင်တစ်ဆိုင်လျှင် ၁ နာရီခန့် လှည့်လည်ဖျော်ဖြေခဲ့သည်။ ပထမနေ့တွင် ကျပ် ၁၄ သိန်းကျော်၊ ဒုတိယနေ့တွင် ကျပ် ၁၃ သိန်းကျော်နှင့် တတိယနေ့တွင် ကျပ် ၁၄ သိန်းကျော် အလှူခံရရှိခဲ့သည်။
‘‘ကျွန်တော့်ကျန်းမာရေးအ ခြေအနေကြောင့် နယ်မြို့တွေဆို မလိုက်ဖြစ်တော့ဘူး။ ပြည်ကို တော့ လိုက်ဖြစ်ခဲ့တယ်။ လူတိုင်း ကို မေတ္တာနဲ့ပဲ ကြည့်တယ်။ မေတ္တာတရားကိုပဲ အရင်းခံပြီး ရည်ရွယ်လုပ်ဆောင်နေကြတာ ဖြစ်တယ်’’ဟု ပန်းရဲ့လမ်းမှ ဦးရဲ လွင်က ပြောသည်။
ပြည်မြို့ အောင်ဆန်းပညာ ဒါနကျောင်းကို ၂၀၁၂ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ကာ ကျောင်း သား၊ ကျောင်းသူ ၇၀ ဦး တက် ရောက်ပညာသင်ကြားပြီး တက္က သိုလ်ဝင်တန်းသာ သင်ကြားပေး ခြင်း ဖြစ်သည်။
‘‘အခုလို ကျန်းမာရေး မ ကောင်းတဲ့ ကြားကနေ သမီးတို့ ပညာသင်ကြားရေးအတွက် လာ ပြီး သီချင်းတွေဆိုပေးတဲ့ ဘဘ ဦးရဲလွင်ရယ်၊ လက်မှာ ထိခိုက် ဒဏ်ရာရထားပေမယ့် ပါဝင်တီး ခတ်သီဆိုပေးတဲ့ ဦးသားထွေးတို့နဲ့ ပန်းရဲ့လမ်းတစ်ဖွဲ့လုံးကို အရမ်းကျေးဇူးတင်ပါတယ်။ သမီးတို့ ဘက်ကလည်း ဘဘတို့ရဲ့ အလှူခံပေးရကျိုးနပ်အောင် ကြိုးစားပါမယ်။ စာမေးပွဲကို အောင်မြင် အောင် ဖြေဆိုသွားပါမယ်။ အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပါ တယ်’’ဟု အောင်ဆန်းပညာဒါနတွင် ပညာသင်ကြားနေသော မမိုးအိစံက ပြောသည်။
ပြည်မြို့အောင်ဆန်းပညာ ဒါနကျောင်းနှင့် ပေါက်ခေါင်းမြို့ အမေ့အိမ်ပညာဒါန ကျောင်းသို့ NLD ပညာရေးဗဟိုကော်မတီမှ လည်း သြဂုတ် ၂၃ ရက်က ကျပ် ငွေသုံးသိန်းနှင့် စာရေးကိရိယာ များ လာရောက်ပေးအပ်လှူဒါန်း ခဲ့သည်။





 ပန်းရဲ့လမ်းအဖွဲ့ဖျော်ဖြေပွဲတစ်ခု(ဓာတ်ပုံ − ဇော်မင်းထိုက်)
7daydaily.....

0 comments:

Post a Comment

Facebook Like Page