Friday, August 2, 2013

မန္တလေးမြို့က နာမည်ကြီး လူရွှင်တော် ဦးပါပါလေး ဒီနေ့ခင်း ၁ နာရီက မန္တလေးမြို့ နေအိမ်မှာ ကွယ်လွန်သွား

Leave a Comment


မန္တလေးမြို့က နာမည်ကြီး လူရွှင်တော် ဦးပါပါလေး ဒီနေ့ခင်း ၁ နာရီက မန္တလေးမြို့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။

လူရွှင်တော် ဦးလူမော်က “ဦးပါပါလေးက ဆီးနဲ့ကျောက်ကပ်ပေါ့ခင်ဗျား။ ၁ လပိုင်း လောက်ကတည်းက စဖြစ်တာ။ သူရောဂါ သူမသိဘူးပေါ့ဗျာ။ ခါးနာတာပဲသိတယ်။ အဲဒါ မကြောက်တရား  လှည့်ဟောလိုက်၊ ပွဲသွားကလိုက်။ စည်းရုံးရေးဆင်းလိုက်၊ ပြန်လာလိုက်။ ဆီးမကောင်းမှန်းလည်း မသိဘူး။ ကျောက်ကပ်မကောင်းမှန်းလည်း မသိဘူး။ နေ့ခင်း ၁ နာရီမှာဆုံးတယ်” လို့ ပြောပါတယ်။

ဦးပါပါလေးမှာ ဆီးနဲ့ ကျောက်ကပ်ရောဂါရှိတဲ့အပြင် နှလုံးသွေးကြောပိတ်တယ်လို့လည်း သူ့မိသားစုက ပြောပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ လူရွှင်တော် ဦးပါပါလေးဟာ နိုင်ငံရေးပြက်လုံး တွေကြောင့် ထောင် ၃ ကြိမ်အထိ ကျခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ပါတယ်။
လူရွှင်တော် ဦးပါပါလေးနဲ့ လူရွှင်တော် ဦးလူမော်တို့ ညီအစ်ကို ၂ ဦးဟာ မန္တလေး နေအိမ်မှာ နိုင်ငံခြားသားတွေကို ဟာသပြက်လုံးထုတ်ပြပါတယ်။ အခုတော့ နှုတ်ခမ်းမွေး ညီအစ်ကိုမှာ တယောက်ပဲ ကျန်တော့တယ်လို့ ဦးလူမော်က ပြောပါတယ်။

“ကျနော့်မှာ တာဝန်ပိုကြီးလာပါပြီ။ ဒါပေမယ့် အလေ့အကျင့်ကတော့ ရှိပြီးသားပေါ့ခင်ဗျာ။ ကျနော့်အစ်ကိုက ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ ထောင် ၃ ခါ ကျဖူးတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြက်လုံးနဲ့ စည်းရုံးလို့ ၆ လ ကျဖူးတော့ ကျနော်အိမ်မှာ အစ်ကိုကိုယ်စား ကူညီပံ့ပိုးခဲ့တယ်။ တအိမ်လုံးကို စောင့်ရှောက်ခဲ့တယ်။ နောက် ၁၉၉၆ ဒေါ်အောင်ဆန်းစုကြည်ခြံမှာ လွတ်လပ်ရေးပွဲ သွားကပြီး အပြန်မှာ ၇ နှစ်၊ နောက် သံဃာ့အရေးအခင်း။ ဒီအတိုင်းပဲ အစ်ကိုက ထောင်ထဲမှာ၊ ဒီလိုပဲ အိမ်ကို ကျနော် ကြည့်ရှုခဲ့ရတယ်။ အခုတော့ တာဝန်ပိုကြီးသွားပါပြီ။ အစ်ကိုကိုယ်စားပေါ့။”

0 comments:

Post a Comment

Facebook Like Page