Tuesday, August 26, 2014

ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးများ သရ၀ဏ်(ပြည် )

Leave a Comment
ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးမျာ
သရ၀ဏ်(ပြည် )

ကျွန်တော်သည် ငယ်စဉ်ကပင် ဘာသာပြန်စာပေပိုးရှိသည် ။အင်္ဂလိပ်စာလုံးတစ်လုံးကိုမြင်လျင်စွတ်ရွတ်ဘာသာပြန်လိုက်ရမှကြေနပ်သည် ။ ယခုလည်း ခေါင်းစဉ်ကိုကြည်.ပြီး ကျွန်တော်.အစ်ကိုများသည် လက်နက်ကိုင် သူပုန်အဖွဲ.တစ်ခုထဲသို. ၀င်ရောက်ပြီးနောက် ဥပဒေဘောင်အတွင်းလက်နက်ချအလင်းဝင်လာသည်.သဘော မယူဆစေလိုပါ ။ ကျွန်တော်သည် ကိုးတန်းကျောင်းသားဘ၀က ကျွန်တော်.ယောက်ဖများကိုကြည်.ကာ ယောက်ဖဆိုသောအဓိပါယ်ရသည်. Brother in law ဆိုသော စာလုံးကို ရုတ်တရက်သတိရမိသည် ။ ထိုအခါကျွန်တော်.၏ဘာသာပြန်ရောဂါပိုးကထကြွလာသဖြင်. အများသူငါခေါ်သလို ယောက်ဖဟု ဘာသာမပြန်ပဲ Brother in law ကို ဥပဒေဘောင်အတွင်းမှအစ်ကိုကြီး ဟု သုံးနှုန်းလိုက်သည် ။ အိမ်ကို ကျွန်တော်.ယောက်ဖနှင်.အစ်မလာသော အခါ “ အမေရေ ဥပဒေဘောင်အတွင်းကအစ်ကိုကြီး လာတယ် “ ဟုအော်ပြောလိုက်သည် ။ ထိုစာလုံးကို တေးရေးဆရာလောကတွင် စကားလုံးများအရေးကောင်းသည်ဟုနာမည်ကျော်နေသော တေးရေးဆရာ စကားလုံးဝင်းမင်းထွေး ကပင်ထိုစကား လုံးကိုကြားတော. သဘောကျပြီးပြုံးနေသည် ။ ကျွန်တော်.တွင် အစ်မသုံးယောက်ရှိသဖြင်. သူတို.အိမ်ထောင်ကျသောအခါ ကျွန်တော်.တွင် ယောက်ဖသုံးယောက် (၀ါ) ဥပဒေဘောင်အတွင်းမှအစ်ကိုကြီးသုံးယောက်ရှိခဲ.ပါသည် ။ ကျွန်တော်သည်သူတို.သုံးယောက်အကြောင်းကိုရေးသောအခါ မကောင်းသောစိတ်စေတနာဟူ၍လုံးဝမရှိ ၊ ကျွန်တော်.ဘ၀တွင်ကြုံတွေ.ခဲ.ရသောလူသုံးယောက်အကြောင်းကိုရိုးရိုးသားသားမှတ်ဥာဏ်ထဲဝယ်စွဲကျန်နေသ လောက် မှတ်တမ်းတင်ရေးခြယ်ခြင်းဖြစ်သည် ထို.ကြောင်.မည်သူ.အပေါ်ကိုမျှဘက်လိုက်ဝေဖန်ခြင်း မလိုတမျိုးလိုတမျိုးပြောခြင်းမရှိပါ ။ ။မည်သူ၏ဂုဏ်သိက္ခာကိုထိခိုက်စေလိုသောရည်ရွယ်ချက်မရှိပါ ။ သရ၀ဏ် (ပြည်)ဆိုသောစာရေးဆရာတစ်ယောက်၏ဘ၀တွင် တွေ.ကြုံခဲ.ရသော အိမ်တွင်းမိသားစုကိစ္စလေးတစ်ခုကိုဖော်ပြခြင်းဖြင်. ကျွန်တော်.ဘ၀ဇာတ်လမ်းကိုပို၍ နားလည်လာစေလိုသောရည်ရွယ်ချက်သာရှိပါသည် ။ ကျွန်တော်.တွင် အစ်မကြီး ၊ အစ်မလတ် ၊အစ်မငယ် ဟူ၍ရှိရာ စာရေးရာ၌လည်း ကြီးစဉ်ငယ်လိုက် ဥပဒေဘောင်အတွင်းမှအစ်ကိုကြီး (၁) ၊ ဥပဒေဘောင်အတွင်းမှအစ်ကိုကြီး (၂ ) ၊ ဥပဒေဘောင်အတွင်းမှအစ်ကိုကြီး (၃ ) ဟူ၍ရေးသားသွားပါမည် ။ ထိုသူသုံးဦးမှာ (၁) ကိုအောင်မင်း (ခေါ်)တေးရေးသုခမိန်လှိုင် ၊ (၂) ကိုဝင်းမြင်. (ခေါ်) တေးရေးဝင်းမင်းထွေး ၊ (၃) ကိုစိန်ဝင်း တို.ဖြစ်ပါသည် ။

(၁) ကိုအောင်မင်း (ခ) တေးရေးသုခမိန်လှိုင်
ကျွန်တော်.အစ်မအကြီးဆုံး မဝေ (ခေါ်) ဒေါ်မာလာဝေ ၏ ခင်ပွန်း ဖြစ်သည် (ယခုကွာရှင်းပြီး) ယောက်ဖသုံးယောက်တွင် ကိုအောင်မင်း (ခေါ်) တေးရေးသုခမိန်လှိုင်၏ ထူးခြားချက်မှာ သုခမိန်လှိုင် တို.မိသားစုနေထိုင်သောအိမ်နှင်.ကျွန်တော်တို.မိသားစုနေထိုင်သောအိမ်မှာ ဘေးချင်းကပ်လျက်ရှိခြင်းဖြစ်သည် ။ ကျွန်တော်တို.မိသားစုနေအိမ်မှာ ပြည်မြို. ဆံတော်ရပ် မြောက်ဘက်စောင်းတန်းလမ်း အိမ်အမှတ် (၆၈၅ ) ဖြစ်ပြီး သုခမိန်လှိုင်တို.နေထိုင်သောအိမ်မှာ အိမ်အမှတ် ( ၆၈၄ )ဖြစ်သည် ။ ကျွန်တော်တို.သည်အိမ်နီးချင်းများဖြစ်ပါသည် ။ ကျွန်တော်.အစ်မနှင်.အိမ်ထောင်ကျသောအချိန်တွင်ကိုအောင်မင်းသည် သုခမိန်လှိုင်မဖြစ်သေးပါ ။ထို.ကြောင်.ကျွန်တော်တို.တစ်အိမ်လုံးက ကိုအောင်မင်းဟုသာခေါ်ပါသည် ။ ကိုအောင်မင်းတို. တွင်ညီအစ်ကိုချည်း (၄) ယောက်ရှိရာ အကြီးဆုံးမှာ ကိုအောင်မင်း ဖြစ်ပြီး ၊အငယ်များမှာ ကိုအောင်လင်း ၊ကိုမောင်ဝင်း ၊ကိုသောင်းမင်း (ယခုကွယ်လွန် )တို.ဖြစ်ပါသည် ။ ထိုစဉ်က ကိုအောင်မင်းသည် ကဗျာ စာတိုပေစများကိုပြည်မြို.မှပင် မောင်စိမ်းခက် (ပြည်) ဟူသောကလောင်အမည်ဖြင်.စာပေနယ်သို.၀င်ရန်ကြိုးစားနေချိန်ဖြစ်ပါသည် ။ ထိုခေတ်က လူငယ်များထုံးစံအတိုင်း ဆံပင်ရှည်ထားခြင်း ၊ ဂျင်းဘောင်းဘီဝတ်ခြင်း ၊ဂစ်တာတီးခြင်း ၊ မကြာခနရန်ဖြစ်ခြင်းစသည်.ကိစ္စများကြောင်. အများက လမ်းသရဲဟုသမုတ်ခြင်းကိုခံရသူဖြစ်သည် ။ ထိုအချိန်တွင်ကျွန်တော်.အစ်မကြီးမာလာဝေသည် ဆယ်တန်းစာမေးပွဲကိုအောင်မြင်ကာ ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ် ကျောင်းသူအဖြစ်စတင်တက်ရပါသည် ။အဆောင်မနေပဲ အဘွားရှိရာ ရန်ကုန်မြို.လမ်းသစ်ရိပ်သာ ၊တိုက်(၇) အခန်း (၁၄ ) မှနေကာ ရန်ကုန်တက္ကသိုလ် ( R.A.S.U ) ကိုတက်ရောက်ပါသည် ။ ကျွန်တော်တို.တမိသားစုလုံးကတော. ပြည်မြို.မှာနေထိုင်ပါသည် ။ ထိုစဉ်ကကျွန်တော်သည် အသက် (၆)နှစ်သာရှိပါသေးသည် ။ မောင်နှမ ခုနစ်ယောက်တွင် အစ်မကြီး မာလာဝေသည် နံပါတ် (၁) ဖြစ်ပြီး ကျွန်တော်မှာ မွေးချင်း နံပါတ် (၆)ဖြစ်ပါသည် ။ ထိုအချိန်တွင်ကျွန်တော်.အဖေ ဦးခင်ဇော် (ခေါ်) ဦးပါသည် သတင်းထောက်တစ်ယောက်ဖြစ်ပါသည် ။ ကြေးမုံသတင်းစာ ၊ ဟံသာဝတီသတင်းစာများ၏ ပြည်မြို.နယ်သတင်းထောက်ဖြစ်ပါသည် ။ ထိုစဉ်ကအဖေသည်ရန်ကုန်တွင်သတင်းလာပို.ရင်း မိတ်ဆွေဖြစ်သော ရုပ်ရှင်ကုမ္မဏီပိုင်ရှင်တစ်ယောက်ထံသို.၀င်လည်ရာ ထိုရုပ်ရှင်ကုမ္မဏီပိုင်ရှင်က မကြာမီရိုက်ကူးတော.မည်. ပင်လယ်ရေဘယ်မခန်း ဆိုသောရုပ်ရှင်ဇာတ်ကားအတွက် မင်းသမီးသစ်တစ်ယောက်ရှာဖွေနေကြောင်း ၊ ဖြစ်နိုင်သော ရုပ်ရည်ရှိသူကို တွေ.လျင်သတင်းပေးစေလိုကြောင်း အဖေ.ကိုပြောပါသည် ။ထိုအခါအဖေက လွယ်အိတ်ထဲတွင်အသင်.ပါလာသော အစ်မကြီးမာလာဝေ၏ ဓါတ်ပုံကိုထုတ်ပြရာ ရုပ်ရှင်ကုမ္မဏီပိုင်ရှင်ရော ၊ဒါရိုက်တာပါသဘောကျသွားကာ အစ်မကိုခေါ်ပြီးအစမ်းရိုက်ကြည်.ရာအစဉ်ပြေသဖြင်.မင်းသမီးတင်ရိုက်ရန်ရွေးလိုက်ကြပါသည် ။ အစ်မရုပ်ရှင်မင်းသမီးလုပ်တော.မည်.သတင်းသည်ထိုခေတ်ကသတင်းစာများတွင်ဟိုးလေးတကျော်ပါလာပါသည် ။သို.သော် ဘ၀သည်ထင်သလိုဖြစ်မလာပါ ။ အစ်မရုပ်ရှင်စတင်မရိုက်ကူးရသေးမီ မှာပင် အစ်မသည်ကိုအောင်မင်းနှင်.ခို.ရာလိုက်သွားပါသည် ။ အစ်မအပေါ်သမီးကြီးတစ်ယောက်အနေဖြင်.မျှော်လင်.ချက်ကြီးကြီးမားမားထားခဲ. ထားခဲ.သော အဖေသည် အလွန်စိတ်ထိခိုက်ကာ အရင်နှင်.မတူတော.ပဲ အမြဲပင် တွေဝေငေးငိုင်နေတော.သည် ။ အစ်မကြီးကိုသမီးအဖြစ်မှစွန်.လွှတ်ကြောင်းကိုလည်းသတင်းစာထဲတွင်ကြေငြာခဲ.ပါသည် ။ အဖေသည် ထိုအချိန်မှစကာ ၂၀၀၆ ခုနှစ်တွင် ကွယ်လွန်သည်အထိ ကိုအောင်မင်း (ခေါ်)သုခမိန်လှိုင်ကိုစကားမပြောတော.ပါ ။ ကျွန်တော်တို.တစ်မိသားစုလုံးနှင်.မူစကားပြောပါသည် ။ အစ်မ..မဝေသည် တက္ကသိုလ်ပညာတစ်ပိုင်းတစ်စ နှင်.အိမ်ထောင်ပြုလိုက်သောကြောင်းအလွန်ပင်ကသီလင်တနိုင်ပါသည် ။ ထိုကြားထဲသမီးလေးတစ်ယာက် ( တာရာ ) ကိုမွေးလိုက်ရာ ကလေးတစ်ဖက် အိမ်ထောင်မှုတစ်ဖက် ပညာသင်ကြားရေးတစ်ဖက်ဖြင်. အတော်ဒုက္ခရောက်ခဲ.ပါသည် ။ သို.သော်အမသည် အခက်အခဲအမျိုးမျိုးကြားမှ ပညာကိုပြီးဆုံးအောင်ဆက်သင်ပြီး B.Sc ( Botany ) ဘွဲ.ကို ရရှိခဲ.ရာ ကိုအောင်မင်းနှင်.ကွဲပြီး နောက်ပိုင်းတွင်ထိုအလုပ်ဖြင်.ပင် ကျောင်းဆရာမတစ်ယောက်အဖြစ်ကိုယ်.ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ခဲ.ပါသည် ။ထိုအချိန်တွင် ကိုအောင်မင်းသည် သိဒ္စတ္ထလှိုင် အမည်ဖြင်. ကဗျာများကိုစတင်ရေးသားနေပါပြီ ။ သူ၏နာမည်ကျော် “ ဇွန်လ၏မိုးရေစက်များ “ ကဗျာစာအုပ်ကို ကျွန်တော်.အစ်မနှင်.အိမ်ထောင်ကျ၍ သမီးတစ်ယောက်ရကာစက ထုတ်ဝေခဲ.ပါသည် ။ သို.သော်ထိုစဉ်ကစီးပွားရေးအဆင်မပြေသေးပါ ။ သီချင်းရေးဆရာဘ၀သို.မရောက်သေးပါ ။ ကျွန်တော်မှတ်မိနေသည်မှာ အစ်မရှိရာ သို.သွားလည်လျင် ဆန်ကို နိ.ဆီ ဗူးတစ်ဗူးချင်းကြွတ်ကြွတ်အိတ်ဖြင်.၀ယ်စားရပါသည် ။ သို.သော် ကံကောင်းသောအလှည်.သို.လည်းရောက်ရှိလာပါသည် ။ ၎င်းမှာအခြားမဟုတ် အဆိုတော်ဘိုဘိုဟန် ၏အသစ်ထွက်ရှိသော စီးရီးခွေတွင် တေးရေးဆရာအဖြစ် သူ၏သီချင်းများကို စတင်အသုံးပြုခံရသောကြောင်.ဖြစ်သည် ။ ရန်ကုန်နေပူပူနင်ထီးကလေးဆောင်းတော.အကြင်နာရင်မှာဖြစ် ငါဟာထီးကလေးဖြစ်လိုက်ချင် ဟူသောကိုအောင်မင်း၏ သီချင်းမှာပေါက်သွားပါသည် ။
(ဆက်ရန် )

0 comments:

Post a Comment

Facebook Like Page