Wednesday, August 13, 2014

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် ပြည်ခရိုင်းအတွင်းလူငယ်များအမှိုက်ကောက် ပြည့်သဲမောင်(ပြည်)

Leave a Comment


အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့တွင် ပြည်ခရိုင်းအတွင်းလူငယ်များအမှိုက်ကောက်

ပြည့်သဲမောင်(ပြည်)
သြဂုတ်လ ၁၂ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် ပဲခူးတိုင်း ပြည်ခရိုင်အတွင်းရှိ အဖွဲ့အစည်းအသီးသီးမှ လူငယ်(၁၀၀)ခန့်က သန့်ရှင်းသာယာလှပရေး သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးအတွက် ပြည်မြို့
တွင်း လှည့်လည် အမှိုက်ကောက် ခဲ့ကြသည်။

“ ဒီနေ့ လူငယ်များနေ့အထိမ်းအမှတ်လူငယ်တွေရဲ့လှုတ်ရှားမှုတစ်ခုကိုဖော်ဆောင်
ဖို့ စဉ်းစားလိုက်တဲ့အခါ အားလုံးပူးပေါင်းပါဝင်လုပ်ဆောင်နိုင်အောင် လမ်းတွေ မြို့
တွေသာယာကြည်လင်မဲ့ အမှိုက်ကောက်ဖို့စီစဉ်ဖြစ်သွားတယ်” ဟုသဲကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှလူငယ်တစ်ဦးကပြောသည်။

ပြည်ခရိုင်အတွင်း မြို့နယ်ခြောက်ခုမှ ကျောင်းသား/သူများ နှင့် NLD ၊ CPRCG ၊ ပဲခူးလူငယ်ကွန်ယက် ၊ လက်တွဲကူမယ်ပြည်လူငယ် ၊ Genatation Wave စသည့်
အဖွဲ့အစည်း အသီးသီးမှလူငယ်များ က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့တွင် စုေ
ပါင်း အမှိုက်ကောက် ခဲ့ခြင်းဖြစ်သည်။

အမှိုက်ကောက်ရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ပြည်တက္ကသိုလ် ဒုတိယနှစ်ကျောင်း
သား ကိုစောသီဟက “ ဒီနေ့က လူငယ်တွေအားလုံးနဲ့သက်ဆိုင်တယ် လို့ယူဆလို့ အခုလိုပူးပေါင်းရတာပါ။ အဲလိုမျိုးအမှိုက်ကောက်ပွဲကို လူငယ်တွေ စုပေါင်းလုပ်တဲ့ပုံစံမျိုး များများပြုလုပ်ပေးစေချင်တယ်။နောက်ပွဲတွေမှာလည်းကျနော်တို့ပါဝင်မှာဖြစ်သလိုကျနော့်
သူငယ်ချင်းတွေလည်းပါဝင်လာအောင်ကြိုးပမ်းမှာပါ” ဟုဆိုသည်။

လူငယ်များသည် ထိုနေ့မနက် (၁၀)နာရီအချိန်မှစတင်ကာ ပြည်မြို့ ရွှေတစ်ချောင်းလမ်း လမ်းဘေးဝဲယာ နှင့် ဈေးကြီးဝန်းကျင်မှ ကျွတ်ကျွတ်အိပ် အမှိုက်များကို လိုက်လံ
ကောက်ယူခဲ့ကြပြီး အမှိုက်ကောက်ရာ လမ်းလမ်းတစ်လျှောက်နိုင်ငံတကာ လူငယ်
များနေ့ အထိမ်းအမှတ်လက်ကမ်းစာစောင်များ ကဒ်ခွာပိုစတာများကိုလည်းဝေဌခဲ့သည်။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်


သတင်း ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page