Wednesday, August 27, 2014

မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) ရုံးခွဲဆိုင်ဘုတ်တင် ပွဲကျင်းပ ပြည့်သဲမောင်(ပြည်)

Leave a Comment



မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) ရုံးခွဲဆိုင်ဘုတ်တင် ပွဲကျင်းပ

ပြည့်သဲမောင်(ပြည်)


မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း ၊ ပဲခူးတိုင်းဒေသကြီး
(အနောက်) ရုံးခွဲဖွင့်ပွဲဆိုင်းဘုတ်တင်အခမ်းအနားကို ပဲခူးတိုင်းဒေ
သကြီး ၊ပြည်ခရိုင်၊ ပြည်မြို့ ရွှေတစ်ချောင်း လမ်း နှင့် အောင်ဆန်းပြည်
သာယာလမ်းထောင့် အသင်းရုံးခွဲတွင် သြဂုတ်(၂၅)ရက်နေ့
နံနက် (၈) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း (ဗဟို) ဒုတိယ
ဥက္ကဋ္ဌဦးသန်းဦး (မဏ္ဍိုင် အိမ်ခြံမြေ) ၊ ပဲခူးတိုင်းဒေသကြီး (အနောက်) အိမ်ခြံ
မြေ၀န် ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးမောင်မော်တိုးနှင့် ဗဟိုအလုပ်အမှူဆောင်
ကော်မတီဝင်များ ၊ အလုပ်အမှုဆောင်များမှ ရုံးခွဲနှင့် အသင်းဆိုင်းဘုတ်အား
ဖွင့်လှစ်ပေးခဲ့သည်။

အသင်းအနေဖြင့် လုံးခြင်း ၊ မြေ ၊ တိုက်ခန်းများရောင်းချလိုပါက တန်ဘိုးကျပ်
သိန်း (၁၀၀) အထက် ကို ရောင်းချသူဘက်မှ ၂ % အကျိုးဆောင်ခယူပြီး ၊ နှစ်
ချုပ် အငှားဖြစ်ပါက ငှားခတစ်လစာ အကျိုးဆောင်ခရယူခြင်းဖြင့် မြန်မာနိုင်ငံ
တစ်နိုင်ငံလုံး အကျိုးဆောင်းခများ တပြေး ညီသတ် မှတ်ထားပြီး ရောင်းသူ ၀ယ်သူများ ရောင်းမှား ၊ ၀ယ်မှားမဖြစ်အောင် ၀န်ဆောင်မှုများပေး
မည်ဖြစ်ကြောင်း အသင်းရုံးခွဲမှသိရသည်။

အိမ်ခြံမြေ၀န်ဆောင်မှုအသင်း ပဲခူးတိုင်းဒေသကြီး(အနောက်) အနေဖြင့် ဗဟို
အသင်းမှ ကြီးမှူး၍ အိမ်ခြံမြေ အကျိုးဆောင်များ အခမဲ့ပညာသင်တန်းကို သြဂုတ်(၂၃)ရက်မှသြဂုတ်(၂၄)ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသား
(၃၅) ဦးတက်ရောက်ခဲ့ကျပြီး ပဲခူတိုင်းဒေသကြီး (အနောက်ခြမ်း)အိမ် ၊ခြံ၊မြေ
ဝန်ဆောင်မှုအသင်း(ရုံးခွဲ)အား ဦးမောင်မောင်တိုး ဥက္ကဌ၊ဦးထင်ကျော်ဦးအတွင်း
ရေးမှူး ၊ဒေါ်စန်းစန်းမော် တွဲဖက်အတွင်းရေး ၊ဒေါ်သူဇာနွယ် ဘဏ္လာရေးမှူး
ဒေါ်စောသန္တာမြင့် ဒု
ဘဏ္လာရေးမှူး ၊ဒေါ်စန်းစန်းအေး စာရင်းစစ် ၊ဦးသန်းဦး 
စည်းရုံးရေး ၊ဦးစိုးဦး အလုပ်အမှုဆောင် ၊ဦးဝင်းအောင် အလုပ်အမှုဆောင် တို့
ဖြင့်ဖွဲ့စည်းခဲ့ကြောင်းအသင်းမှရုံးခွဲမှသိရသည်။

မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။

သတင်း ပြည့်သဲမောင်(ပြည်)
ဓါတ်ပုံ အောင်ဓါတု

0 comments:

Post a Comment

Facebook Like Page