Thursday, August 21, 2014

ကျွန်တော်နှင်. ခေတ်သစ်အီဘိုလာ ဗိုင်းရပ်(စ်) သရ၀ဏ်(ပြည် )

Leave a Comment
ကျွန်တော်နှင်. ခေတ်သစ်အီဘိုလာ ဗိုင်းရပ်(စ်)

သရ၀ဏ်(ပြည် )

နွေလည်အိပ်မက်ကယောက်ကယက်လို.ပဲပြောမလား ။ မိုးတွင်းအိမ်မက် ကချောက်ကချက်လို.ပဲဆိုမလား ၊ ယနေ. ကျွန်တော်အိပ်မက်တစ်ခုမက်သည် ။ မအိပ်ခင်ဂျာနယ်တစ်စောင်ဖတ်ကြည်.ရာဂျာနယ်ထဲမှာပါသောအီဘိုလာကူးစက်ရောဂါကြောင်.အနောက်အာဖရိကတွင်လူ ၁၁၀၀ ကျော်သေဆုံးကြောင်းသတင်းကိုဖတ်ပြီး အိပ်ပျော်သွားရာမှ အိပ်မက်ထဲအထိ ဤရောဂါကလိုက်ပါလာခြင်းဖြစ်သည် ။ အီဘိုလာဗိုင်းရပ်သည် ကုသ၍မရသော ကူးစက်ရောဂါတစ်ခုအဖြစ် လိုင်ဘေးရီးယားနိုင်ငံမှတစ်ဆင်.တစ်ကမ္ဘာလုံးသို.ကူးစက်ပျံ.နှံ.သွားခဲ.သည် ။

ကျွန်တော်.အိပ်မက်ထဲတွင်တော. သာမန်အီဘိုလာဗိုင်းရပ်ပိုးကို ကမ္ဘာ.ကျန်းမာရေးအဖွဲ.ချုပ် W.H.O အဖွဲ.ကြီးက အောင်မြင်စွာထိန်းချုပ်နိုင်ခဲ.ပြီဖြစ်သည် ။ထိုအီဘိုလာဗိုင်းရပ်စ်ကို ကုသနိုင်သောဆေးကိုပင် အမေရိကန်ပြည်ထောင်စုကတည်ထွင်ကာ ကမ္ဘာအနှံ. လိုက်လံဝေငှပေးနေပြီဖြစ်သည် ။ အီဘိုလာဆိုသည်မှာ သာမန်အအေးမိတုပ်ကွေးရောဂါလောက်ပဲလူတွေကသဘောထားကြချိန်ဖြစ်သည် ။ အီဘိုလာရောဂါကူးစက်ခံရသည်နှင်. လမ်းထိပ်ကွမ်းယာဆိုင်တွင် အီဘိုလာပျောက်ဆေး တစ်ထုပ်ကို ၅၀ ကျပ် ဖြင်.ကလေးကိုပင်လွှတ်၍ ၀ယ်ယူနိုင်ပြီဖြစ်သည် ။ ထိုအချိန်တွင်မှ တစ်ကမ္ဘာလုံးတုန်လှုပ်သွားစေမည်. ခေတ်သစ် စူပါအီဘိုလာရောဂါဆိုးကြီး စတင်ပေါ်ပေါက်လာခြင်းဖြစ်သည် ။

ဤတစ်ခါတွင်တော.ဗိုင်းရပ်ပိုးနှင်.ရောဂါလက္ခဏာကိုစတင်တွေ.ရှိရာအရပ်မှာ အာရှတိုက်မှမြန်မာနိုင်ငံဖြစ်နေသည် ။ ထိုရောဂါပိုကူးစက်ပုံမှာအလွန်ထူးဆန်းသဖြင်. နိုဗယ်လ်ဆုရ ဆေးသိပ္ဖံပညာရှင်များပင် အံ.သြတုန်လှုပ်သွားကြသည် ။ ရောဂါပိုးပါသောဗိုင်းရပ်စ်သည် လူတစ်ယောက်၏ခန္စာကိုယ်ထဲသို.ရောက်သွားရုံနှင်. ရောဂါမရ အသက်အန္တရာယ်မဖြစ်သေး ။ ထိုရောဂါပိုးသည် လူတစ်ယောက်၏ နှလုံးသားနှင်. ဦးနှောက်ထဲသို. အလျင်အမြန်ရောက်သွားပြီး နှလုံးသွေးများ ၊ ဦးနှောက်ဆဲလ်များကို ထိုးထွင်းလေ.လာသည်ဟုဆို၏ ။ လူတစ်ယောက်သည် တကိုယ်ကောင်းစိတ်ဓါတ်များပြီး ကိုယ်.အတွက်သာကိုယ်ကြည်.သော အတ္တသမားများဖြစ်နေပါက စူပါအီဗိုလာဗိုင်းရပ်စ်သည် ရောဂါကိုဆက်လက်မသယ်ဆောင်နိုင်တော.ပဲ ခန္စာကိုယ်ထဲမှာပဲ ဗိုင်းရပ်စ်တို. သက်တမ်းကုန်သွားသည်ဟုဆို၏ ။ အကယ်၍ရောဂါပိုးဝင်ရောက်ခံရသောလူ.ခန္စာကိုယ်သည် အင်မတန်စိတ်ကောင်းရှိသော အများအကျိုးအတွက် ဆောင်ရွက်တတ်သည်စိတ်ထားဖြူစင်သူများ၏ ဦးနှောက်နှင်.နှလုံးသားကိုတွေ.ရှိပါက ကျားပိန်တွယ်တွယ်ကာ ရောဂါများပျံ.ပွားစေသဖြင်. အချိန်တိုအတွင်းလူနာမှာအသက်ပျောက်ရတော.၏ ။ အတိုချုပ်ပြောရလျင် လူဆိုးများမသေပဲ လူကောင်းများကိုသာသေစေနိုင်သောဗိုင်းရပ်စ်ပိုးဖြစ်သည် ။ ကောင်းသည်ဆိုးသည်ကိုလည်းဘာထောက်ခံစာမှမလို ဘာ ဆာတီဖီကိတ်မှ မကယ်နိုင် ၊ ဦးနှောက်ထဲဝင်ကြည်လိုက်တာနှင်.ဗိုင်းရပ်စ်ပိုးကသိကာ လူကောင်းဆိုပါက ဗိုင်းကနဲပစ်လဲသည်ဟုဆို၏ ။

ထို.ကြောင်.တကမ္ဘာလုံးရုန်းရင်းဆန်ခတ်ဖြစ်ကာ မြန်မာနိုင်ငံမှရောဂါပိုးအခြေအနေကိုတစ်ကမ္ဘာလုံးကစောင်.ကြည်.နေရသည် ။ ရက် (၃၀)ခန်.အတွင်းပင် မြန်မာနိုင်ငံ၌ လူဦးရေထက်ဝက်နီးပါး သေဆုံးသွား၏ ။ ရဟန်းသံဃာများ ၊ ပရဟိတသမားများ ၊ အနုပညာရှင်များ ၊ စာပေ ၊ဂီတ ၊ပန်းချီ ပညာရှင်များ တစ်ယောက်ပြီးတစ်ယောက်ကြွေလွင်.ကုန်ကြသည် ။စိတ်နှလုံးနူးညံ.သူများတစ်ယောက်ပြီးတစ်ယောက်ကွယ်လွန်ကုန်ကြသည်

သီတဂူဆရာတော်ကြီးပျံလွန်တော်မူသည်
လန်ဒန်ဆရာတော်ဘ၀နတ်ထံပြန်သည်
ရှင်ဆန္ဒဓိကကွယ်လွန်သည်
ဒေါ်အောင်ဆန်းစုကြည်ကွယ်လွန်သည်
နာရေးကူညီမှုအသင်းမှမသန်းမြင်.အောင်ကွယ်လွန်သည်
ကိုကျော်သူကွယ်လွန်သည်
ပန်းရဲ.လမ်းကိုရဲလွင်ကွယ်လွန်သည
ဒေါက်တာစင်သီယာမောင်ကွယ်လွန်သည် ။ သစ္စာနီကွယ်လွန်သည် ။ အောင်သာ (ပီသုံးလုံး)ကွယ်လွန်သည် ။ မောင်ကျော်သာ (ပဲခူး)ကွယ်လွန်သည် ။ မင်းကိုနိုင်ကွယ်လွန်သည် ။ ဦးခွန်ထွန်းဦးကွယ်လွန်သည် ။ ဆရာဇော်ဇော်အောင်ကွယ်လွန်သည် ။မိုးလေ၀သဦးထွန်းလွင်ကွယ်လွန်သည် ။ဒေါ်ဒေ၀ီသန်.စင်ကွယ်လွန်သည်။ …..ကွယ်လွန်သည် ။ ကွယ်လွန်သည် ။ကွယ်လွန်သည် ။

လူတို.သည် အသုဘပင်လိုက်မပို.ရဲတော.ပဲတထိတ်ထိတ်တလန်.လန်.ဖြစ်နေကြသည် ။ သေပြီးသူများကိုချက်ခြင်း မီးသဂြိုဟ်လိုက်ကြသည် ။ သတင်းစာတိုက်များလည်းပိတ်လိုက်ကြသဖြင်.တနိုင်ငံလုံးတွင်မည်သူသေ၍ မည်သူရှင်သည်ကိုတိတိကျကျမသိရပေ ။ကျွန်တော်သည် မထူးတော.ဘူးဟူသောသဘောနှင်.ရောဂါကူးစက်၍သေချင်လဲသေပစေတော. ဘယ်သူတွေသေသည် ဘယ်သူတွေရှင်သည် ကိုတစ်နိုင်ငံလုံးလိုက်ကြည်.ပြီး သတင်းထုတ်ပြန်ဖို. စာရေးဆရာစိတ်ဓါတ်နှင်.အိမ်မှထွက်လာခဲ.၏ ။ ပထမဆုံးကျွန်တော်သည် နေပြည်တော်သို. သွားရောက်လေ.လာခဲ.၏ ။ လွှတ်တော်အမတ်အချို. ကွယ်လွန်သွားသည်မှလွဲ၍ လွှတ်တော်ကြီးသည်ပုံမှန်အတိုင်းလည်ပါတ်နေကြ၏ ။ အစည်းအဝေးပုံမှန်ကျင်းပနေကြသည် ။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များလည်းနှာစေးချောင်းဆိုးပင်မရှိ ။ပကတိကျန်းမာလျက်ရှိကြကုန်၏ ။ အားလုံးသည်တိုင်းရေးပြည်ရာများကိုစေတနာအပြည်.နှင်.ဆောင်ရွက်လျက်ရှိပါ၏ ။ သမ္မတအိမ်တော်ဘက်တွင်လည်း ထူးခြားမှုမရှိ ။အစိုးရတစ်ဖွဲလုံးနေကောင်းသည် ။ ၀န်ကြီးအဖွဲ.နေသောဘက်သို.စနည်းနာကြည်.ရာ ၀န်ကြီးများမှာကျန်းမာရေးဒေါင်ဒေါင်မြည်နေ၏ ။ ဒုဝန်ကြီးများလည်းထိုနည်းနှင်နှင် ။ ဟိုလူကြီးရောနေကောင်းလားဟုတစ်ချက်စုံစမ်းကြည်.လိုက်တော.ကျန်းမာလိုက်သည်မှ ပါဝါရိမ်းဂျားလို စူပါမင်းလို မိုးမပျံရုံတမယ်ပါပဲဟုသိရသည် ။

တရားရုံးများဘက်ဆီသို.ချည်းကပ်ကြည်.ရာတရားသူကြီးများမှာတဟီးဟီးတဟားဟားဖြင်. ဟားငါးကောင်အငြိမ်.ကိုကြည်.နေကြသည် ။ ရောဂါပိုးကူးစက်ဟန်မရှိ ။ ရဲစခန်းထဲတွင်လည်း ပြည်သူ.ရဲများသည်ကျန်းမာစွာတာဝန်ထမ်းဆောင်နေ၏ ။ ထောင်သားအချို.သေဆုံးသွားသည် ။ ထောင်မှူး ၊ထောင်ပိုင် ၊ထောင်ဝါဒါတို. ခေါင်းကိုက် ဇက်ကြောတက်ပင် မဖြစ်ဟုသိရ၏ ။ စည်ပင်ညွှန်ချုပ်များ ၊အခွန်ဦးစီးမှူးများလည်းတစ်ယောက်တလေရောဂါပိုးကူးစက်ခံရသည်မှတပါး အသေအပျောက်မရှိသလောက်နည်းသည် ။ စွမ်းအားရှင်အသင်းဝင်ဖူးသူများမှာကား ကာကွယ်ဆေးထိုးနှံထားဘိသည်.အလား မာမာချာချာရှိလှသည် ။ တောသူတောင်သားများ ၊ဆင်းရဲသားလက်လုပ်လက်စားများအလောင်းတောင်လိုပုံနေသည် ။ ကျွန်တော်သည် သူတို.ကိုလျှောက်ကြည်.နေရင်း ဗိုင်းရပ်စ်ပိုးကိုယ်တွင်းသို.၀င်လာသည်.သဖွယ် ရင်ဘတ်ထဲတွင်စူးကနဲအောင်.သွားသည် ။ ဦးနှောက်ထဲသို.လည်းပိုးများတရွေ.ရွေ. တက်လာသလိုခံစားရသည် ။ချက်ခြင်းကုသမှဖြစ်တော.မည် ။ကျွန်တော်သည်တတ်သမျှမှတ်သမျှ ခန္တာကိုယ်ထဲမှ ပိုးမွှားများအားဤသို.ပြောလိုက်၏ ။

“ ကျွန်တော်.နှလုံးသားဟာ သိပ်သန်.စင်တယ်မထင်ပါနဲ. ၊ ကျွန်တော်.ဦးနှောက်ဟာသိပ်ပြီးဖြူစင်တယ်မထင်ပါနဲ. ဗိုင်းရပ်စ်ပိုးတွေရယ် ။ ကျွန်တော်.သွေးတွေဟာမသန်.ပါဘူး ၊ ကျွန်တော်ဟာဘယ်သူမှမသိအောင် သူများပစ္စည်းတွေခိုးဖူးပါတယ် ၊ ပိုက်ဆံရလို. စွမ်းအားရှင်အဖွဲ.ထဲလည်း လိုက်ဖူးပါတယ် ၊ လူကြားကောင်းအောင် စာတွေရေးနေပေမယ်. ကျွန်တော်ဟာ ရဲသတင်းပေးပါ ၊ ၂၀၁၅ အမီ ဟိုပါတီကြီးထဲလဲ ၀င်မလို.တိတ်တိတ်ကလေးကမ်းလှမ်းထားပါတယ် ၊ ပရဟိတဆိုတာလည်းဟန်ပြလောက်ကလွဲရင်တခါမှမလုပ်ဖူးပါဘူး ၊ ကျွန်တော်.ဦးနှောက်ဟာ သုံးမရတဲ.ချီးဘရိန်းပါ “

တိုက်ဆိုင်သည်လားမသိ ။ထိုသိုပြောလိုက်သည်.အခိုက်ဝယ် ဗိုင်းရပ်စ်ပိုးများ ခန္စာကိုယ်ထဲမှ ရုပ်တရက်ထွက်ခွာသွားသလိုပေါ.ပါးလန်းဆန်းသွားသည် ။ ကျွန်တော်သည်လမ်းတစ်လျောက်လေချွန်၍ ရန်ကုန်သို.ပြန်လာခဲ.သည် ။ ရန်ကုန်အိမ်သို.ပြန်ရောက်သောအခါ ကျွန်တော်.မိန်းမသေဆုံးနေတာတွေ.ရလေသည် ။ သေပါစေလေ ။နောက်တစ်ယောက်ထပ်ရှာဖို.မခက်ပါဘူး ဟုစဉ်းစားဆဲဝယ် အိပ်မက်မှလန်.နိုးလေ၏ ။ ကျွန်တော်ပြုံးစေ.စေ.ဖြစ်နေသည်ကို မိန်းမသည် ခပ်လှမ်းလှမ်းမှမသင်္ကာသလိုကြည်.နေလေသည် ။

သရ၀ဏ်(ပြည်)
၂၀.၈.၂၀၁၄

0 comments:

Post a Comment

Facebook Like Page