Sunday, August 17, 2014

ဧရာဝတီ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရန် ဧရာဝတီမြစ်ချစ်သူများကွန်ယက် ဆန္ဒထုတ်ဖော်ပွဲကျင်းပ ပြည့်သဲမောင်(ပြည်)

Leave a Comment


ဧရာဝတီ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရန် ဧရာဝတီမြစ်ချစ်သူများကွန်ယက် ဆန္ဒထုတ်ဖော်ပွဲကျင်းပ

ပြည့်သဲမောင်(ပြည်)
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပြည်မြို့တွင် မေလ (၁)ရက်နေ့
က မြစ်ဆုံစီမံကိန်းဖျက်သိမ်းရန် ဧရာဝတီမြစ် ဖြတ်ကူးဆန္ဒပြခဲ့သည့် ဧရာဝတီချစ်သူများကွန်ယက် (ပြည်)၏ (၃)လပြည့်အထိမ်းအမှတ် ဧ
ရာဝတီမြစ်ဆုံစီမံကိန်း အပြီးအပိုင်ဖျက်သိမ်းရေး CPI ကုမ္ပဏီထွက်သွားေ
ရး ဆန္ဒထုတ်ဖော်ပွဲကို သြဂုတ်လ(၁၇)ရက်နေ့ နံနက် (၈ : ၃၀) နာရီ အချိန်
တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။ “ ဧရာဝတီမြစ်ကြီးဟာ ဆိုရင် မြန်မာတစ်မျိုး
သားလုံးအတွက် သက်ဆိုင်တဲ့မြစ်ကြီးဖြစ်တဲ့ အတွက် မြစ်ဆုံ စီမံကိန်းကြီးသာ စာချုပ်အရလုပ်ဖြစ်ပါက သဘာဝပတ်ဝန်းကျင်တွင် ထိခိုက်ပျက်စီးပြီး သောင်ေ
တွ ကျွန်းစုတွေ ပင်လယ်ရေငန်တွေဖြစ်ပေါ်လာပြီး ကျွန်တော်တို့ကို သဘာဝက ဖန်တီးပေးထားတဲ့ ကမ္ဘာ့ရတနာတစ်ပါး အပါအ၀င်ဖြစ်တဲ့ ရေချိုမြစ်ကြီးပျောက်ဆုံး
သွားမှာစိုးတဲ့အတွက် ဒီမြစ်ဆုံစီမံကိန်းကို အပြီးအပိုင်ဖျက်သိမ်းဖို့ဆန္ဒထုတ်ဖော်
ရခြင်းဖြစ်တယ်” ဟုဧရာဝတီချစ်သူများကွန်ယက် (ပြည်) မှ ဆန္ဒထုတ် ဖော်သူ ကိုကျော်ဆွေက ပြောသည်။
မေလ (၁)ရက်နေ့က ဒေသခံပြည်သူများနှင့် ဧရာဝတီမြစ်ကို အရှေ့ဘက်အခြမ်းမှ အနောက်ဘက်အခြမ်းသို့ ဖြတ်ကူးဆန္ဒထုတ်ဖော်ပွဲ ကျင်းပပြုလုပ်ခဲ့သေးကြောင်း
ယခုအခါ (၃)လပြည့် အထိမ်းအမှတ်အနေနှင့် CPI ကုမ္ပဏီအလိုမရှိဘူး ၊ CPI ကုမ္ပဏီမြန်မာ့မြေထဲက အပြီးအပိုင်ထွက်သွားဖို့ ဆက်လက်ဆန္ဒထုတ်ဖော်ခြင်း
ဖြစ်ကြောင်းကို ကိုကျော် ဆွေကဆက်လက် ပြောခဲ့သည်။ ပြည်မြို့ဧရာဝတီချစ်
သူများကွန်ယက်နှင့်မြစ်ဆုံလမ်းလျှောက်သူများအဖွဲ့တို့ ပူးပေါင်းကာ ထိုနေ့
နံနက်(၈:၃၀) နာရီက ဗိုလ်ချုပ်ကျောက်ရုပ်တွင်စုဝေးကာ “ အမိဧရာဝတီကို
ကယ်တင်ကြပါစို့ ဧရာဝတီချစ်သူများကွန်ယက်(ပြည်) ဟုရေးသားထားသော
ဗွီနိုင်းပိုစတာကို ကိုင်ဆောင်၍ “ ဧရာဝတီမြစ်စုံစီမံကိန်း ချက်ချင်းရပ်” ဟူသော
စာတမ်းပါ တီရှပ်များဝတ်ဆင်ခဲ့ကြသည်။
ထိုဆန္ဒထုတ်ဖော်သူများသည် ဗိုလ်ချုပ်ကျောက်ရုပ်မှ ဗိုလ်ချုပ်လမ်း ၊ ကိုးသောင်း
မီးပွိုင့်မှ ရွှေတံချောင်းလမ်း ၊လမ်းရှည်လမ်း ၊ ရွှေပလ္လင်မျှော်လမ်း ၊ လမ်းမတော်လမ်း
မှ ကန်လမ်း အတိုင်းချီတက်ပြီး “မြစ်ဆုံစီမံကိန်း ချက်ချင်းရပ်…….ချက်ချင်းရပ်…
၊ CPI ကုမ္ပဏီ အလိုမရှိ …. အလိုမရှိ….၊ CPI ကုမ္ပဏီ ထွက်သွား..ထွက်သွား….
၊ ပြည်သူများ လုံးဝလက်မခံသော မြစ်ဆုံစီမံကိန်း အလိုမရှိ… အလိုမရှိ….” ဟုကြွေး
ကြော်ကာ ကမ်းနားလမ်း ဘောတံတားအရောက်တွင် “ CPI ကုမ္ပဏီကျဆုံးခြင်း”
ဟုရေးသားထားသော အခေါင်းပုံစံအားဧရာဝတီမြစ်တွင် ရေမြုပ်ကာ
ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြသည်။
ပါဖောမန့်အနေနဲ့ CPI ကျဆုံးခြင်းစာတမ်းပါ အခေါင်းပုံစံလုပ်ရခြင်း ရည်၇ွယ်
ချက်က“ CPI ကုမ္ပဏီကြီး ကျဆုံးစေချင်တဲ့ ရည်ရွယ်ချက် ၊ ဧရာဝတီမြစ်ထဲမှာ
မြုပ်သွားစေချင်တဲ့ ရည်ရွယ်ချက် ၊ ဒီကုမ္ပဏီကြီး မြန်မာ့မြေက အပြီးအပိုင်
ထွက်သွားဖို့ နိုင်ငံတော်သမ္မတကြီးနှင့် ကုမ္ပဏီသိအောင် အခုလိုပြုလုပ်ရခြင်း
ဖြစ်ပါတယ်” ဟု မြစ်ဆုံလမ်းလျှောက်သူများအဖွဲ့မှ ကိုဇော်ဦးက ပြောသည်။
ကျွန်တော်တို့ခွင့်ပြုမိန့်ကို (၁၂) ရက်နေ့က တင်လိုက်တယ်၊ (၁၄) ရက်နေ့မှာ
ကျတယ် ၊ ကျွန်တော်တို့တင်တဲ့ လမ်းကြောင်းထဲက ရွှေတချောင်းလမ်း ကျောင်းရှေ့
ကိုမဖြတ်ရဘူးလို့ ကန့်ကွတ်တယ် ၊ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ပထမ တင်ထား
တဲ့လမ်းကြောင်းအတိုင်းဘဲသွားမှာပါ ၊ အကယ်၍များ အာဏာပိုင်ကတားဆီးလာရင်
လည်းကျွန်တော်တို့ရည်မှန်းထားတဲ့လမ်းကိုတော့ ရောက်အောင်သွားမှာပါလို့ ၄င်းက ဆက်လက်ပြောခဲ့သည်။
မှတ်ချက်။ ။၎င်းပေးပို့သောစာမူသည်ကိုယ်တိုင်ရေးစာမူဖြစ်ပြီး
စာမူနှင့်ပတ်သက်လာမည့်ကိစ္စအဝဝကိုယ်ဖြေရှင်းသွား
မည်ဖြစ်ကြောင်းဝန်ခံကတိပြုပါသည်။
သတင်းနှင့်ဓါတ်ပုံ ပြည့်သဲမောင်(ပြည်)

0 comments:

Post a Comment

Facebook Like Page