အိန္ဒိယမှာ မျောက်ကို ဘယ်လိုဖမ်းသလဲ??
*******************************************
17.7.2014
ကျွန်တော်တို့ လူသားတွေဟာ အတ္တကို ဆုပ်ကိုင်ထားမိကြတဲ့အတွက် ဘ၀တွေကိုပေးဆပ်ရတဲ့ အကြောင်းကိုပြောပြချင်ပါတယ် ဒါနဲ့ပတ်သက်ပြီး အိန္ဒိယမှာ မျောက်တွေကို ဘယ်လိုဖမ်းသလည်းဆိုတာနဲ့ ဥပမာပြပေးလိုက်ရင် ရှင်းသွားမှာပါ ဒီလိုပါခင်ဗျာ........\
တစ်ချိန်က အိန္ဒိယနိုင်ငံမှာ မျောက်ဖမ်းတဲ့ မုဆိုးဟာ တစ်ပေပက်လည်ရှိတဲ့ လေးထောင့်သစ်သားပုံးလေးအပေါ်ဘက်မှာ မျောက်ရဲ့လက်တစ်ဘက်ဝင်သာရုံ အပေါက်ကလေးဖောက်ထားပြီး အထဲမှာ မျောက်တွေအရမ်းကြိုက်တဲ့ သစ်သီးတွေ သစ်ဥ တွေနဲ့ သစ်ဖုတွေသေတ္တာပုံးကလေးထဲကိုထည့်ပြီး အဲလိုပြင်ဆင်ပြီးတဲ့အခါမှာ တောအုပ်ထဲကိုသွားပြီး မျောက်တွေပေါတဲ့ သစ်ပင်အောက်တွေမျာ တစ်ပုံးချင်းချချသွားခဲ့တာ တောစပ်လည်းဆုံးရော ချထားရာနေရာကစပြီး ပုံးတွေဆီကိုပြန်လာခဲ့တာပေါ့ အဲချိန်မျာ သေတ္တာပုံးလေးတွေချထားသွာကို မြင်တဲ့မျောက်တွေဟာ လူခြေအသံတိတ်ချိန်လောက်ရောက်တော့ အထဲမှာရှိတဲ့ သစ်သီးတွေကို သွားနိုက်မိတာပေါ့ အဲချိန်မှာပဲ သေတ္တာတွေချထားတဲ့ မျောက်ဖမ်းတဲ့မုဆိုးဟာ ပြန်လာတာနဲ့ မျောက်ကသစ်သီးတွေ ပုံးထဲနိုက်နေချိန်တည့်တည့်လည်းတိုးရော လက်ထဲပါတဲ့ သစ်သီးတွေကိုလည်းဆုပ်ကိုင်မိသားဖြစ်နေတော့ သူ့ရဲ့လက်ကိုသူထုတ်မရဘူးဖြစ်နေပါတယ် ....
ဒီနေရာမှာ သင်သာဆိုရင် ဘယ်လိုစဉ်းစားမလည်း ????? မျောက်တွေဟာ အတ္တနဲ့ အကြောက်တရား လွှမ်းမိုးပြီး မုဆိုးရဲ့သာသာယာယာဖမ်းဆီးခြင်းကိုခံခဲ့ကြရတယ် ကျွန်တော်တို့လည်း အတ္တကိုဆုပ်ကိုင်ထားသမျှ မုဆိုးရဲ့လက်တွင်းကိုသေချာပေါက်သက်ဆင်းကြရမှာဖြစ်ပါကြောင်း...
Zoo King(ပြည်)
0 comments:
Post a Comment