Telenor
ဆင်းကတ်များ စတင်ရောင်းချသည့်အချိန်တွင် ဖုန်းခေါ်ဆိုခနှင့်
အင်တာနက်သုံးစွဲခမှာ ဈေးကွက်ထဲတွင် အသက်သာဆုံးရှိနေမည်ဖြစ်သော်လည်း ဆင်းကတ် တန်ဖိုးမှာ ဈေးလျှော့မည် မဟုတ်ဘဲ ကျပ်တစ်ထောင့်ငါးရာသာဖြစ်မည်ဟု ယင်းကုမ္ပဏီမှသိရသည်။
”ထောင့်ငါးရာထက် ဈေးနှုန်းလျှော့မယ်ဆိုတာ မဟုတ်ပါဘူး။ ပြောချင်တာက ဖုန်းခေါ်ဆိုခ၊ အင်တာနက်သုံးစွဲခတွေ အကောင်းဆုံးဖြစ်မယ်ဆိုတာပါပဲ။ ဆင်းကတ်ဈေးနှုန်း မပါဝင်ပါဘူး” ဟု Telenor မြန်မာမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောသည်။ လက်ရှိတွင် Telenor ဆင်းကတ်များမှာ စတင်ရောင်းပေးသည့် ကာလတွင် လက် ရှိ ဈေးကွက်ထဲတွင်ရှိသည့် နှုန်းထားခေါ်ဆိုခများထက် လျော့ကျမည်ဟု သတင်းများထွက်နေပြီး အထူးသဖြင့် ကျပ် တစ်ထောင့် ငါးရာနှုန်း ထက် ပင် လျော့ မည် ဟု နေ့ စဉ် ထုတ်သတင်း စာတချို့တွင် ဖော်ပြထားသည်။
ဆင်းကတ်များကိုလည်း စက်တင်ဘာလတွင် ရောင်းချပေးသွားရန် စီစဉ်ထားပြီး မည်သည့်ဟန်းဆက်မဆို သုံးစွဲနိုင်ရန် လုပ်ဆောင်ထားကြောင်း၊ ရန်ကုန်၊ မန္တလေး၊ နေပြ ည်တော်အပါအဝင် မြို့ကြီးအချို့တွင် ရောင်းချပေးသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။ ”အစီအစဉ် အတိအကျကိုတော့ ရောင်းမယ့်ကာလ မတိုင်ခင် သ တင်း ထုတ်ပြန်ပေးသွားမှာပါ။ ဆင်းကတ်တွေကိုလည်း အခက်အခဲမရှိ လွယ်လွယ်ကူကူ အကန့်အသတ်မရှိ ဝယ်ယူနိုင်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
အင်တာနက်စနစ်ကိုလည်း နှစ်သက်ရာ Plan များဖြင့် ကောက်ခံသွားမည် ဖြစ်ကြောင်း အင်တာနက်မြန်နှုန်းအနေဖြင့် 3D ကွန်ရက်ကို ပုံမှန်အားဖြင့် အသုံးပြုသူများသော အချိန်တွင် 700kbps မှ 1Mbps အထိရှိနိုင်ပြီး အသုံးပြုသူနည်းသည့်အချိန်တွင် 4-6 Mbps အထိ အသုံးပြုနိုင်မည်ဖြစ်ကြောင်း 2G ကွန်ရက်ကို အသုံးပြုသူ များသည့် အချိန်တွင် 100 kbps မှ 150 kbps အထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ဆက်သွယ်ရေးစခန်းများ တည် ဆောက်ရာတွင်လည်း ပထမဆုံး အနေ ဖြင့် စခန်း ၁ဝဝ တည်ဆောက်သွားမည် ဖြစ်ပြီး ယင်းနောက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေးစခန်း ပေါင်း ၈ဝဝဝ အထိ လျာထားကြောင်း ယင်း ကုမ္ပဏီမှ သိရသည်။
အောင်ဇော်
ရန်ကုန်၊ ဇူလိုင် ၁၈
http://www.popularmyanmar.com/

0 comments:
Post a Comment