သမိုင်းကိုဘယ်သူရေးသလဲ
သရ၀ဏ်(ပြည်)
မနေ.က စာရေးဆရာ ရဲမွန်ထောလက်ဆောင်ပေးသဖြင်. 2014 July Volume 21 ထုတ် Real Lives ,Real Stories မဂ္ဂဇင်းကိုဖတ်ရသည် ။ မျက်နှာဖုံးဆောင်းပါးမှာ မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကကြီး ဦးနေ၀င်း၏ ဘ၀ဇာတ်ကြောင်း ကို “ အမြင်တူခြင်း ၊အမြင်မတူခြင်းများကြားက ဗိုလ်ချုပ်ကြီးနေ၀င်းနှင်. ဘ၀ခရီးလမ်းကို ပုံစံအမျိုးမျိုးဖြင်.ဖြတ်သန်းနေကြသူများ “ဟုအမည်ပေးထားသည် ။ ဗိုလ်ချုပ်နေ၀င်းမှာမြန်မာနိုင်ငံကို ချမ်းသာသောနိုင်ငံတစ်နိုင်ငံဘ၀မှ ဆင်းရဲသော နိုင်ငံတစ်နိုင်ငံဘ၀သို. ရောက်အောင် ၂၆ နှစ်အတွင်း ပို.ဆောင်ပေးခဲ.သူဖြစ်ရာ မြန်မာ.သမိုင်းတွင်ချန်ထားခဲ.ရမည်.သူမဟုတ်သဖြင်. စိတ်ဝင်စားစွာဖတ်မိပါသည် ။ ထို.အပြင် ကျွန်တော်သည်လည်း ပြည်မြို.တွင်မွေးဖွားကြီးပြင်းခဲ.သူတစ်ဦးဖြစ်ပြီူ ဗိုလ်ချုပ်နေ၀င်းလည်း ပြည်မြို.အနီးပေါင်းတလည် တွင်မွေးဖွားကြီးပြင်းလာခဲ.သူတစ်ဦးဖြစ်ရာ တစ်ရပ်တည်းသားအနေနှင်.စိတ်ဝင်စားပြီးဖတ်လိုက်မိပါသည် ။ ဆောင်းပါးမှာ ဦးနေ၀င်းအကြောင်းကိုဘေးလူတစ်ယောက်အနေနှင်. တတိယပုဂ္ဂိုလ် ( Third Person ) ရှုထောင်.မှ ရေးသားတင်ပြထားပါသည် ။ မည်သူပြော၍ရေးသနည်းဟုစောကြောကြည်.ရာ ဦးနေ၀င်း၏ ကျန်ရစ်သောမိသားစုဝင် များ၏ပြောကြားချက် ( သမီးနှင်. မြေး၏ပြောကြားချက်ထင်ပါသည် ) ကို ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ကြောင်းသိရပါသည် ။
ဦးနေ၀င်းသည် သူ.ဘ၀တစ်လျှောက်စစ်ရေး နိုင်ငံရေးအရ လုပ်ကိုင်ဆောင်ရွက်ခဲ.သမျှတွင် မသိစိတ်၌ စွဲထင်နေသောအရာ သုံးခုရှိသည်ဟုကျွန်တော်ထင်သည် ။ သူ၏အသိဥာဏ်ကမည်မျှပင်မှန်သည်ဟုဆင်ခြေဆင်လက်ပေးခဲ.စေကာမူ မသိစိတ်ကတော. ငါမှားသွားပြီဟုယူဆနေသောကိစ္စကြီး သုံးခု သူ.ဘ၀မှာရှိသည်ဟုကျွန်တော် ယုံကြည်သည် ။ထိုကိစ္စများမှာ ၁၉၆၂ တွင် နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ၊ သမ္မတမန်းဝင်းမောင်တို.ခေါင်းဆောင်သော သန်.ရှင်းဖဆပလ အစိုးရအားဖြုတ်ချကာ နိုင်ငံတော်အာဏာကိုလက်နက်ဖြင်. အနိုင်ကျင်.သိမ်းပိုက်မှု ၊ ကျောင်းသားသမဂ္ဂကိုဒိုင်းနမိုက်ဖြင်. ဖြိုချဖျက်ဆီးခဲ.မှု ၊ နှင်. ဦးသန်.အရေးအခင်းတို.ဖြစ်သည် ။ ထို.ကြောင်.လည်းလူတစ်ယောက်သေကာနီးသောအခါ မသိစိတ်တွင်ကိန်းအောင်းနေသည်များစိတ်ဇောပြန်သလို လမ်းစဉ်ပါတီဥက္ကကြီး အဖြစ်မှအနားယူတော.မည်ဟု( နိုင်ငံရေး မရဏဇောကပ်နေစဉ် ) ၁၉၈၈ က တိုင်းပြည်သို.ရုပ်မြင်သံကြားမှမိန်.ခွန်းပြောကြားသောအခါ မဆီမဆိုင်အတိတ်ကိုနောက်ကြောင်းပြန်ကာ ကျောင်းသားသမဂ္ဂကိုဖြိုခွဲခဲ.သူမှာ ဗိုလ်ချုပ်အောင်ကြီး ဖြစ်သည် ဟု လက်ညှိုးထိုးပြီး စင်ပေါ်မှဆင်းသွားပါသည် ။ ထိုအချက်ကိုကြည်.ခြင်းအားဖြင်. ကျောင်းသားများကို အရှင်လတ်လတ်ဒိုင်းနမိုက်ဖြင်.ဗုံးခွဲ၍ သတ်ခဲ.သောဖြစ်ရပ်မှာ ဦးနေ၀င်းအတွက်တစ်သက်လုံး အိပ်မက်ဆိုးတစ်ခုပမာခြောက်လှန်.နေခဲ.ကြောင်းထင်ရှားပါသည် ။ ထိုအိပ်မက်ဆိုးကြီး ၊ အရိပ်မည်းကြီးသည် ကွယ်လွယ်သွားပြီဖြစ်သည်.ဦးနေ၀င်းအပေါ်မှာသာမဟုတ် ကျန်ရစ်ခဲ.သည် မိသားစုဝင်များအပေါ်တွင်လည်းအရိပ်မည်းကြီးအဖြစ်ရှိနေခဲ.ကြောင်း Real Lives , Real Stories မဂ္ဂဇင်းပါဆောင်းပါးကိုဖတ်ရတော.ပို၍ သဘောပေါက်ရသည် ။
ဂဠုန်ဦးစော၏ အရိပ်မည်းကြီးသည် သူ၏မိသားစုဝင်များကိုပါ ယခုအချိန်အထိ ရိုက်ခတ်နေဆဲဖြစ်သလို ကျောင်းသားသမဂ္ဂကိစ္စသည်လည်း ဦးနေ၀င်းမျိုးဆက်အတွက်မျက်နှာပျက်အရှက်ရစရာကိစ္စဖြစ်နေခဲ.ဟန်တူလေသည် ။ထို.ကြောင်.ပင်ဖြစ်မည် Real Lives , Real Stories မဂ္ဂဇင်းပါဆောင်းပါး စာမျက်နှာ (၃၅) တွင် သမဂ္ဂဖြိုခွင်းခြင်းနှင်.တရားခံအစစ်ဘယ်သူလဲ ဟူသော အခန်းငယ်တစ်ခုကိုထည်.သွင်းရေးသားခဲ.သည် ။ ထိုအခန်းပါရေးသားချက်၏လိုရင်းမှာ ဦးနေ၀င်းက ကျောင်းသားသမဂ္ဂအဖွဲ.အတွင်း ယူဂျီများဝင်ရောက်နေခြင်းကိုရှင်းလင်းရန်အထိဦးနေ၀င်းကသဘောတူသည် သို.သော် ကျောင်းသားသမဂ္ဂအဆောက်အဦကိုဒိုင်းနမိုက်ဖြင်.ဖျက်ပစ်ဖို.ကို ဦးနေ၀င်းကအမိန်.မပေးခဲ. ပဲ ဗိုလ်မှူးချုပ်အောင်ကြီး ၊ ဗိုလ်မှူးကြီးကျော်စိုး ၊ အမြှောက်တပ်မှဗိုလ်မှူးကြီးလှမြင်. တို.က သူတို.သဘောနှင်.သူတို. အင်အားအလွန်အကျွံသုံးကာ ဆောင်ရွက်လိုက်သည်.သဘောမျိုးရေးသားထားလေသည် ။
။စာအုပ်ထဲ၌ “ တပ်မတော်ခေါင်းဆောင်များသည် ရီကွိုင်းလက် သေနတ်အစား ယမ်းဘီလူးဖြင်.အစားထိုးဖြိုခွဲရန်ဆုံးဖြတ်လိုက်ကြတော.သည် “ ဟု စာမျက်နှာ (၃၇) တွင်ရေးသားထားပါသည် ။ ဆိုလိုသည်.သဘောမှာ ဗိုလ်ချုပ်ကြီးနေ၀င်းက ကျောင်းသားသမဂ္ဂအဆောင်အဦကို ရီကွိုင်းလက်ဟူသော သေနတ်ဖြင်. ပစ်ခတ်ခိုင်းသည်ကို အောက်ခြေမှအကောင်အထည်ဖော်ရသော ဗိုလ်ချုပ် ၊ ဗိုလ်မှူး များက လက်ယားနေသဖြင်. ကိုယ်.သဘောနှင်.ကိုယ်လုပ်လိုက်သည်.သဖွယ်ဖြစ်သည် ။ ဤရှင်းလင်းတင်ပြချက်သည် ဦးနေ၀င်းမိသားစုက ကွယ်လွန်သူ ဦးနေ၀င်းကိုဂုဏ်သရေဆယ်ကာ အပြစ်လွတ်အောင်ပြောသည်.သဘောဖြစ်သော်လည်း အငြင်းပွားစရာ ၊စဉ်းစားသုံးသပ်စရာများရှိနေပါသည် ။ ပထမအချက်အနေဖြင်. တပ်မတော်ခေါင်းဆောင်များသည် ကိုယ်.ကိုအမိန်.မပေးသောကိစ္စတစ်ခု (ယခုလိုရာဇ၀င်တွင်မည်.အမည်းစက်မျိုးကို ) ကိုယ်.သဘောနှင်.ကိုယ်လုပ်ရဲပါ.မလားဟူသောအမြင်ဖြစ်သည် ။ တကယ်လို.ထိုသို.အမိန်.မနာခံပဲ လူသတ်အဆောက်အဦဖျက်မှုကြီးကိုကျူးလွန်ခဲ.သည်ဆိုလျင် ဗိုလ်မှူးချုပ်အောင်ကြီး ၊ ဗိုလ်မှူးကြီးကျော်စိုး ၊ ဗိုလ်မှူးကြီးလှမြင်.တို.သည် အဘယ်ကြောင်.စစ်ခုံရုံးတွင်အတင်မခံခဲ.ရပါသနည်း ။ ထိုမေးခွန်းကိုလည်း ဦးနေ၀င်းမိသားစုကကြိုပိတ်ထားပုံမှာ “ ဖျက်ပြီးသည်.နောက်တွင်တော.တစ်ယောက်ကိုတစ်ယောက်အပြစ်ပုံချမနေတော.ပဲ အဖွဲ.အစည်းစိတ်ဖြင်.ဆက်လက်တာဝန်ယူသွားကြရန်ဆုံးဖြတ်ခဲ.သည် “ ဟုစကားကိုလျှောချခဲ.သည် ။ စစ်ဥပဒေတွင်အမိန်.မနာခံ ချိုးဖောက်ခြင်းကို အဖွဲ.အစည်းစိတ်ဖြင်.ဖုံးဖုံးဖိဖိ လုပ်၍မရကြောင်း ဦးနေ၀င်းနှင်.မတည်.၍တပ်မှအရေးယူခံရသော ဗိုလ်ချုပ်ကြီးတင်ဦး (ယခု NLD နာယက ) ၊ ဗိုလ်မှူးချုပ်တင်ဦး (မျက်မှန်တင်ဦး ) ၊ ဗိုလ်မှူးချုပ်အောင်ကြီး ၊ ဗိုလ်ကြီးအုန်းကျော်မြင်. (အာဏာသိမ်းရန်ကြိုးပမ်းမှု) စသည်.အမှုများကသက်သေခိုင်ခိုင်မာမာပြနေပါသည် ။ ဦးနေ၀င်းသဘောမပါပဲကျောင်းသားသမဂ္ဂကို ဒိုင်းနမိုက်ဖြင်.ခွဲခဲ.သော်လည်း ဦးနေ၀င်းက ခွင်.လွှတ်ခဲ.သည် ဆိုခြင်းမှာ သူခိုင်းသောကြောင်. (သို.မဟုတ် ) ထိုသို.လုပ်သည်ကိုသူသဘောကျသောကြောင်.သာဖြစ်မည်ဟုယုတ္တိဗေဒနည်းဖြင်.တွက်၍ရပေသည် ။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေ၀င်းခေါင်းဆောင်ကာ နိုင်ငံတော်အာဏာသိမ်းရခြင်းအကြောင်းကိုဖော်ညွှန်းပြောဆိုရာ၌ တိုင်းရင်းသားများဖက်ဒရယ်မူတောင်းဆို၍ပြည်ထောင်စုကြီးပြိုကွဲတော.မည်ဖြစ်၍ အာဏာသိမ်းခဲ.ရခြင်းဖြစ်ကြောင်း အကြောင်းပြပြောဆိုခဲ.သည် ။ သို.သော်ရှေ.စကားနောက်စကားမညီစွာပင်ထိုဆောင်းပါး စာမျက်နှာ (၃၄)တွင် “ ဗိုလ်ချုပ်နေ၀င်း၏တပ်မတော်ထဲတွင်တော.နိုင်ငံတော်အာဏာကိုတစ်ချိန်တွင်ပြန်သိမ်းသင်.လျင်သိမ်းရမည်ဆိုသည်.အတွေးအခေါ်မှာ ၁၉၆၀ ရွေးကောက်ပွဲပြီးကတည်းကပြင်ဆင်မှုတွေရှိနေသည်။တပ်မတော်လူကြီးပိုင်းထဲတွင်နိုင်ငံတော်အာဏာသိမ်းရန် ကြိုတင်တိုင်ပင်ထားသည်.အဖြစ်အပျက်များရှိကြောင်းအမြှောက်နဲ.သံချပ်ကာယန္တယားတပ်၏ တပ်မှူးဗိုလ်မှူးကြီးလှမြင်.ကိုတာဝန်ပေးထားခြင်းကသက်သေခံလျက်ရှိသည် “ ဟုဖော်ထုတ်ဝန်ခံခဲ.ပေသည် ။ ထို.ကြောင်.တိုင်းရင်းသားတွေ ဖက်ဒရယ်မူတောင်းတောင်းမတောင်းတောင်း ဦးနေ၀င်းကတော. ၁၉၆၀ ရွေးကောက်ပွဲအပြီးမှစကာ အာဏာသိမ်းရန်အကြံရှိခဲ.ကြောင်းသူတို.ပြောစကားအရပေါ်လွင်ထင်ရှားနေပါသည် ။
ဦးသန်.အရေးအခင်း ဖြစ်ပွားရခြင်းမှာ ကမ္ဘာ.အဆင်.ခေါင်းဆောင်တစ်ယောက်ကို ပုဂ္ဂိုလ်ရေး မနာလို မကြေနပ်မှုများကြောင်. နိုင်ငံတော်ဈာပန မကျင်းပပဲ ဦးသန်.၏ဂုဏ်သိက္ခာနှင်.မလိုက်ဘက်အောင် သာမန်လူတစ်ဦးလိုကြံတောသုဿန်တွင်သဂြိုဟ်စေခြင်းကြောင်. မခံနိုင်သော တက္ကသိုလ်ကျောင်းသားများက အလောင်းကိုလုယူပြီး ကိုယ်.ဘာသာခမ်းနားစွာသဂြိုဟ်ကြရန်အလောင်းလုရာမှ ကျော်မကောင်းကြားမကောင်း အဓိကရုန်းများဖြစ်ခဲ.ကြောင်းလူတိုင်းသိပါသည် ။ ထိုဖြစ်ရပ်ကိုလည်း Real Lives , Real Stories မဂ္ဂဇင်းဆောင်းပါးထဲတွင် ဦးသန်.နှင်. ဦးနေ၀င်းအလွန်ခင်မင်ရင်းနှီးကြပုံ ၊ ဦးသန်.မြန်မာပြည်လာလျင်ဦးနေ၀င်းက နွေးထွေးစွာကြိုဆိုခဲ.ပုံ ၊ ဦးနေ၀င်. နယူးယောက်သို.သွားသောအခါတွင်လည်း ဦးသန်.ကလေဆိပ်အထိဖော်ရွေစွာလာကြိုခဲ.ပုံတို.ကိုဖော်ပြခဲ.ပြီး ဦးနေ၀င်းမှာ ဦးသန်.အပေါ်အလွန်သဘောထားကြီးခဲ.သယောင်ရေးထားပါသည် ။ ဆက်၍ရေးထားသည်မှာ ဦးသန်.၏ဆရာမှာ ဦးနုဖြစ်၍ ပြည်ပြေးဖြစ်နေသော ဦးနုကို တရားဝင်အစိုးရသဖွယ် ဦးသန်.က ကုလသမဂ္ဂဌာနချုပ်တွင်သတင်းစာရှင်းလင်းပွဲကျင်းပခွင်.ပေးခဲ.၍ ဦးနေ၀င်းနှင်.တပ်မတော်တပ်မှူးများကုလသမဂ္ဂနှင်. ဦးသန်.အပေါ်အမြင်မကြည်လင်ပဲဆက်ဆံရေးအေးစက်သွားသည်ဟုရေးသားထားပါသည် ။ ဦးနုထံမှနိုင်ငံတော်အာဏာကို သိမ်းပိုက်ထားခြင်းဖြစ်၍ ဦးနု နှင်.ဆရာတပည်.သဖွယ်ဆက်ဆံရေးရှိသည်ဆိုသော ဦးသန်.အပေါ်တွင် ဦးနေ၀င်း မနာလိုမုန်းတီးခြင်းက ဦးသန်.အရေးအခင်းတွင်အဓိကအကြောင်းအရာဖြစ်ပေလိမ်.မည် ။ မြန်မာ.ဂုဏ်ကိုကမ္ဘာတွင်ဆောင်နိုင်ခဲ.သော အာရှတိုက်၏ပထမဆုံး သမိုင်းဝင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်တစ်ယောက်ကို နိုင်ငံ.ဂုဏ်ကိုထောက်၍ ဈာပနအခမ်းအနားကျင်းပရမည်.အစား ပုဂ္ဂိုလ်ရေးမကြေနပ်ချက်ကိုရှေ.တန်းတင်ခဲ.ခြင်းက ဦးနေ၀င်း၏ အာဏာရှင်စိတ်ဓါတ်ကိုလှစ်ဟပြနေသကဲ.သို.ရှိပါသည် ။
ယခုအခါတွင် အာဏာရှင်စစ်ဗိုလ်ချုပ်ဟောင်းများသည် သူတို. ၏ အထုပ္ဖတ္တိ စာအုပ်များကို ရိုက်နှိပ်ထုတ်ဝေလာကြပေသည် ။မကြာခင်ကမှ န.အ.ဖ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးစိုးဝင်း ၏ ဘ၀ဇာတ်ကြောင်းစာအုပ်ကြီးထွက်လာပါသည် ။ မည်သူမဆို မိမိဘခင် ၊ မိမိ အဘိုး၊ မိမိဆရာ ၏ ဂုဏ်သိက္ခာကို ဆယ်လိုပေလိမ်.မည် ။ နာမည်ပျက် ဂုဏ်သတင်းညှိုးငယ်ခဲ.ရသည်.သမိုင်းအချက်အလက်များကိုလည်း အဖတ်ဆယ်ကာ ကောင်းကွက်များထုတ်၍ အကိုးအကားအမျိုးမျိုးဖြင်. ခုခံပြောဆိုတင်ပြကြပေလိမ်.မည် ။ ရှင်းတမ်းများထုတ်ကြပေလိမ်.မည် ။ သမိုင်းကြောင်းများ ရေးကြပေလိမ်.မည် ။ သို.သော် သမိုင်းဆိုသည်မှာ စာအုပ်တစ်အုပ်ထဲတွင် ဤသိုဖြစ်ခဲ.ပေသည်ဟု တစ်စုံတစ်ဦးတစ်ယောက်ကရေးလိုက်ရုံမျှနှင်.အတည်ဖြစ်သွားသည်မဟုတ် ။မည်သူကမည်သို.ပြောသည်ဟုဆိုကာမျှနှင်.လည်းအကောင်းအဆိုးကိုသတ်မှတ်ကြသည်မဟုတ် ။ ပိုက်ဆံရှိ၍ စာအုပ်ထုတ်လိုက်ရုံမျှနှင်.လည်းသမိုင်းလှသွားသည်မဟုတ် ။လူတို.၏သမိုင်းကို သူတစ်ပါးကရေးပေး၍ လည်း ရကောင်းသောအရာမဟုတ် ။ ထည်းသွင်းစဉ်းစားစရာအချက်အလက်တစ်ခုအဖြစ်သာရလာမည်ဖြစ်သည် ။
လူတို.သည်ကိုယ်.သမိုင်းကိုကိုယ်ရေးကြသည်ဆိုခြင်းမှာအလကားမဟုတ် ။ မိမိအသက်ရှင်ရပ်တည်နေစဉ် ကာယကံ ၊၀စီကံ ၊မနောကံဖြင်.နေ.တဓူဝ ပြုလုပ်ခဲ.သမျှကိစ္စအ၀၀သည် မိမိကိုယ်တိုင်ရေးသောနေ.စဉ်ရေးသမိုင်းစာမျက်နှာများဖြစ်သည် ။ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းကိုဗိုလ်ချုပ်အောင်ဆန်းပင်ရေးခဲ.၏ ။ ဂဠုန်ဦးစောသမိုင်းကို ဦးစောပင်ရေးခဲ.၏ ။ ဦးနု၏သမိုင်းကိုဦးနုပင်ရေးခဲ.၏ ။ ဗိုလ်ချုပ်မှူးကြီးစောမောင်သမိုင်းကို ဗိုလ်ချုပ်မှူးကြီးစောမောင် ကပင်ရေးခဲ.၏ ။ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမိုင်းကိုဗိုလ်ချုပ်မှူးကြီးသန်းရွှေပင်ရေးခဲ.၏ ။ ကြားလူဝင်ရေး၍ရကောင်းသောအရာမဟုတ် ။ ကိုယ်.အကြောင်းကိုယ်စာအုပ်ထုတ်ရုံဖြင်.ရသည်မဟုတ် ။ရေရှည်တွင်ပြည်သူလူထုကသာ ဟုတ်မဟုတ်မှန်မမှန်ကိုဆုံးဖြတ်မည်ဖြစ်၍ ပြည်သူသည်သာ အကောင်းဆုံးသမိုင်းသုတေသီများဖြစ်ပါသည် ။

0 comments:
Post a Comment